ကိုယ်ဝန်ရှိမရှိ ဆီးစစ်တိုင်း အိမ်မြှောင်တွေစုပ်ထိုးပြီး မေတ္တာနဲ့ဝန်းရံပေးကြကြောင်း ပြောလာတဲ့ စည်ဖြိုး

မနေ့ကတော့ စည်ဖြိုးတို့မိသားစုအတွက် မျိုးဆက်သစ်လေးရှိနေပြီဖြစ်ကြောင်း ဝမ်းသာကြည်နူးစွာ ကြားသိခဲ့ရတဲ့ နေ့လေးတစ်နေ့ပါ။ စည်ဖြိုးနဲ့ခင်လွှမ်းတို့ကတော့ ကိုဗစ်ကြောင့် မင်္ဂလာဆောင်ဖို့ ကြန့်ကြာနေခဲ့သူတွေဖြစ်ပြီး အခုလို လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရလာတဲ့အပေါ် ဝေဖန်သူတွေလည်း ရှိကြသလို ဖခင်ကောင်းတစ်ယောက်အဖြစ် ကြည်နူးဝမ်းသာစွာနဲ့ မကွယ်ဝှက်ဘဲ မျှဝေခဲ့တဲ့ စည်ဖြိုးရဲ့စိတ်ဓာတ်ကို လေးစားမိကြောင်း ပြောလာတဲ့သူတွေလည်း ရှိပါတယ်။

စည်ဖြိုးတို့မိသားစုကတော့ လူ့လောကထဲရောက်လာတော့မယ့် ကလေးလေးအတွက် နွေးထွေးစွာကြိုဆိုခဲ့ကြသလို ဒီနေ့မှာတော့ စည်ဖြိုးက ဒီကလေးလေးရောက်ရှိလာတာနဲ့ ပတ်သက်ပြီး ထူးခြားမှုတချို့ကိုလည်း မျှဝေပေးခဲ့ပါတယ်။ ဝါတွင်းမေတ္တာအဓိဌာန် ပြီးခါနီး တစ်ပတ်အလို သူဝင်လာတယ်…တတိယအကြိမ်စစ်ဆေးမှု နဲ့ စတုထ္တအကြိမ်စစ်ဆေးမှုအပြီး…မင်းလာမယ် ဆိုတာ သေချာနေပါပြီဘေဘီရယ် …စစ်တိုင်းလည်း အိမ်မြောင်တွေစုပ်ထိုးလို့ မေတ္တာဝန်းရံနေကြသဖွယ် ဆိုပြီး ရေးသားမျှဝေလာပါတယ်။

ဘာသာတရားရိုသေကိုင်းရှိုင်းပြီး မေတ္တာဓာတ်ကြီးမားတဲ့ စည်ဖြိုးတို့မိသားစုလေးထဲကို ကလေးလေးကတော့ ကံကောင်းခြင်းအပြည့်နဲ့ ရောက်ရှိလာခဲ့တာ အမှန်ပါပဲ ပရိသတ်ကြီးရေ.. စည်ဖြိုးနဲ့ခင်လွှမ်းတို့လည်း ဘဝထဲကို ဝင်ရောက်လာတဲ့ကလေးလေးနဲ့အတူ ပျော်ရွှင်စွာအသက်ထက်ဆုံးနေထိုင်သွားနိုင်ပြီး အနုပညာအလုပ်တွေလည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*