ပြည်ပကပြန်လာပြီး Quarantine ဝင်နေရတဲ့အချိန်လေးမှာ ဖြတ်သန်းရတဲ့အတွေ့အကြုံတွေကို ဗီဒီယိုရိုက်ကာမျှဝေလာတဲ့ နိုင်းနိုင်း

မင်းသားချော နိုင်းနိုင်းကတော့ တစ်ခေတ်တစ်ချိန်ကတည်းက ပျိုပျိုမေလေးတွေရဲ့အသည်းစွဲမင်းသားတစ်လက်အဖြစ် အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီး ကလေးလေးယောက်ရဲ့ဖခင်ဖြစ်သွားတာတောင် ချောမောခန့်ညားနေဆဲဖြစ်တဲ့ နိုင်းနိုင်းက မိသားစုကိုတန်ဖိုးထားတတ်သူလည်း ဖြစ်ပါတယ် ။ နိုင်းနိုင်းရဲ့ချစ်ဇနီးနဲ့သားသမီးလေးတွေကတော့ New York မြို့မှာ အခြေချနေထိုင်ကြတာပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းက မိသားစုအတွက် အလုပ်တွေကိုကြိုးစားပမ်းစားလုပ်ကိုင်နေတာဖြစ်ပြီး အားလပ်ရက်ရတာနဲ့ မိသားစုလေးရှိရာ ပြည်ပကိုပြန်လေ့ရှိတာပဲ ဖြစ်ပါတယ် ။မကြာသေးခင်ကလည်း နိုင်းနိုင်းက သူချစ်ရတဲ့မိသားစုလေးကို အရောက်သွားတွေ့ခဲ့ပြီး အခုချိန်မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ် ။ ပြည်ပကပြန်လာတဲ့ နိုင်းနိုင်းကတော့ ကျန်းမာရေးဆေးစစ်မှုတွေပြုလုပ်ပြီး Quarantine ဝင်နေရတာပဲ ဖြစ်ပါတယ် ။

အခုလည်း နိုင်းနိုင်းက Quarantine ဝင်နေရတဲ့အချိန်လေးမှာ ဖြတ်သန်းရတဲ့ သူ့ရဲ့အတွေ့အကြုံလေးတွေကို ဗီဒီယိုရိုက်ကူးပြီး မျှဝေထားတာ ဖြစ်ပါတယ်။ နိုင်းနိုင်းက “Day-8. တစ်နေ့တစ်နေ့ ဒီလိုနဲ့ပဲ အချိန်တွေကုန်သွားတယ်။ ဆရာတော်တရားထဲကလို (တစ်ယောက်ထဲနေ တစ်စိတ်ထဲထား) တတ်အောင် လေ့ကျင့်ထားပါသည်” ဆိုပြီး တင်ထားတာလည်း ဖြစ်ပါတယ် ။ ကဲ ပြည်ပကပြန်လာပြီး မြန်မာနိုင်ငံမှာ (၂၁) ရက်တာ Quarantine ဝင်နေတဲ့ နိုင်းနိုင်းရဲ့ဗီဒီယိုလေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be the first to comment

Leave a Reply

Your email address will not be published.


*