ယောကျာ်းနဲ့ ကိန္နရီ ကိန္နရာ ချောင်းခြားနေပါပြီ ဆိုတဲ့ မခိုင်လေး

ပရိသတ်တွေ ချစ်စနိုးနဲ့မခိုင်လေးလို့ခေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်ဟာ‌ဆိုရင် အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေတာဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီး ၂ဆုကိုလည်း ရရှိထားတာဖြစ်ပါတယ်နော်။ မခိုင်လေးဟာ အရွယ်နဲ့မလိုက်အောင်ကို နုပျိုလှပတဲ့သူဖြစ်တဲ့အပြင် သမီးလေးတစ်ယောက်လည်း ရရှိထားတာဖြစ်ပြီး ချစ်စရာမိသားစုဘ၀လေးကို တည်ထောင်ထားတာပါ။

မခိုင်လေးကတော့ ကိုဗစ်ကာလမှာ မိသားစုဖြတ်သန်းရပုံလေးကိုပြောပြလာခဲ့ပါတယ်။ မခိုင်လေးက “COVID-19 ကာလမှာ မခိုင် တို့က အလုပ် မလုပ်ဘဲ နေလို့ ရပေမယ့် ဦးခန့်နိုင် ရဲ့ စက်ရုံက ပိတ်ထားလို့ မရဘူး။ ဦးခန့်နိုင် က သူ့သမီးလေး အတွက် အရမ်း စိတ်ပူနေတယ်။ အလုပ်က ပြန်လာရင် အိမ် အပြင်မှာပဲ ရေချိုးတယ်။ အိပ်ရင်လည်း အခန်းခွဲ အိပ်တယ်။ တစ်အိမ်ထဲ နေပြီး Video Call နဲ့ စကားပြောနေရတယ်” လို့ ပြောလာခဲ့ပါတယ်။

 

ယောကျာ်းနဲ့ ကိန္နရီ ကိန္နရာ ချောင်းခြားနေတယ် ဆိုပြီး မခိုင်လေးကရယ်စရာအနေနဲ့ပြောခဲ့ပါသေးတယ်။ပရိသတ်ကြီးအတွက် မခိုင်လေးရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးလဲ ကျေးဇူးတင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*