3နှစ်အရွယ်သမီးကို 8ရက်ခန့်နေအိမ်မှာ အစာငတ်ပြတ်ပြီးသေတဲ့အထိပိတ်လှောင်ပြီး ချစ်သူနဲ့ပျော်ပါးနေခဲ့တဲ့မိခင် (ရုပ်သံ)

ဂျပန်နိုင်ငံ Tokyo မြို့မှာနေထိုင်လျက်ရှိတဲ့ အသက် 24နှစ်အရွယ် Saki Kakehashi အမည်ရှိတဲ့အမျိုးသမီးဟာ မိုင် 600 အကွာအဝေးမှာရှိတဲ့ ချစ်သူဆီသွားရောက်လည်ပတ်နိုင်ဖို့ 3နှစ်အရွယ်သမီးလေးကိုနေအိမ်မှာ 8ရက်ခန့်အထိပိတ်လှောင်ပြီးထားရစ်ခဲ့ပါတယ် ။ သူမဟာ အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကလေးငယ်ကိုအခုလိုတစ်ယောက်ထဲထားရစ်ခဲ့လို့လည်း အဆင်ပြေမယ်လို့တွေးထင်ပြီး ကလေးငယ်ကိုထားရစ်ခဲ့ကာ ချစ်သူရှိရာ Kyushu ကျွန်းသို့တစ်ယောက်တည်းလေယာဉ်စီးပြီး ထွက်လာခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။

@ŒxŽ‹’¡Š—“c‚É“ü‚é’ò¹Šó—e‹^ŽÒ‚V“úŒßŒã

Kakehashi ဟာပြီးခဲ့တဲ့ June 13 ရက်နေ့မှာမှ နေအိမ်သို့ပြန်ရောက်ခဲ့ပြီး သမီးဖြစ်သူ Nao မှာတော့ အသက်မရှိတော့ပါဘူး ။ ထို့ကြောင့် သူမဟာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ယူပြီးနောက် သမီးဖြစ်သူအသက်မရှုတော့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ် ။ ကလေးငယ်ကိုတွေ့ရှိခဲ့ချိန်မှာတော့ ကလေးငယ်ဟာ ရက်ပေါင်များစွာ လဲဝတ်ပေးထားခြင်းမရှိတဲ့ ခါးတောင်ကျိုက်ပိတ်စကိုသာ ဝတ်ဆင်ထားပြီး ၊ တင်ပါးတွင်လည်း ညစ်ပတ်ပေရေနေကာ အဖုအပိန့်တွေထွက်နေခဲ့ပါသေးတယ် ။ တိုက်ခန်းတစ်ခုလုံးမှာလည်း အမှိုက်များစွာဖြင့် ညစ်ပတ်ပေရေနေကြောင်းလည်း သိရှိရပါတယ် ။

အလောင်းခွဲစိတ်စစ်ဆေးချက်များအရ ကလေးငယ်ရဲ့ ကိုယ်အင်္ဂါဟာအတော်လေးကိုချည့်နဲ့နေပြီး ၊ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေကိုလည်း တွေ့ရှိခဲ့တဲ့အပြင် ကလေးငယ်ရဲ့အစာအိမ်မှာလည်း အစာဟောင်းအကြွင်းအကျန်တွေမရှိတော့လောက်အောင် ဗလာဖြစ်နေခဲ့ကြောင်း အဖြေထွက်ပေါ်လာခဲ့ပါတယ် ။ ထိုအချိန်မှ မိခင်ဖြစ်သူဟာ သမီးလေး Noa ဟာရက်ပေါင်းများစွာဖျားနာနေခဲ့ပေမဲ့လည်း ပိုက်ဆံမရှိလို့ဆေးရုံမပို့ခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတော့တယ် ။ Noa တက်ရောက်ခဲ့တဲ့ နေ့ကလေးထိန်းကျောင်းကလည်း ကလေးငယ်ကျောင်းမလာတော့တာ 1နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။ လက်ရှိမှာတော့ ကလေးမိခင် Kakehashi ဟာ သူမအပေါ်စွပ်စွဲချက်တွေအကုန်လုံးကို ဝန်ခံထားလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*