မိုးရွာလို့ လမ်းဘေးကျောက်နဲ့ ဂျမ်းတုံးခုလိုက် တဲ့ ဂဲကနေ ကျောက်အောင်သွားတဲ့ ကားဆရာ

လွန်ခဲ့သော ၁၄ နှစ်ခန့်က မန္တလေးမြို့ ဈေချိုအနီးမှာ နေထိုင်၍ ကားမောင်းခြင်းဖြင့် လုပ်ကိုင်သော လူငယ် တစ်ယောက်ရှိပါတယ်။ ထိုလူငယ်လေးရဲ့ မိဘများကမန္တလေးမြို့ဇာတိခံတွေပါ၊ မိဘများရဲ့ စီးပွားရေးက မန္တလေး ဈေးချိုထဲမှာ ပခုက္ကူ ဒေသမှ ထွက်သော အညာထည်များကို သီးသန့်ရောင်းသောဆိုင်လေး ဖွင့်ထားပါတယ်။လူငယ်ရဲ့အမည်က မောင်မိုးလို့ ခေါ်ပါတယ်။ မောင်မိုးဟာအသက်၂၃ နှစ်အရွယ်ကစ၍ ကားမောင်းပါတယ်။ မောင်မိုး မောင်းရသော ကားက ခရီးသည်တင်ကားပါ၊ မန္တလေးကနေ မကွေး အောင်လံ ပြည်မြို့ထိ မောင်းရပါတယ်။ ပြည်နဲ့ မန္တလေးမြို့ကိုပဲ သွားလိုက်ပြန်လိုက်နဲ့ ခေါက်စားအဖြစ်မောင်းပါတယ်။ မောင်မိုးဟာ သူများကားမောင်းရတာပါ ပြည်နဲ့ မန္တလေးကို ခေါက်စားနဲ့မောင်းပါတယ်။ မောင်မိုးကား မောင်းရင် လမ်း ခရီးမှာ ကားနားတာတွေ ရှိပါတယ်။ မောင်မိုးဟာ ကားမောင်းရင်းနဲ့ အောင်လံမြို့မှာ ကားအမြဲဝင်နားပါတယ်။ မောင်မိုး ကားအမြဲ ဝင်နားသော အောင်လံမြို့က ဆိုင်လေးအမည်က ရွှေမိုး ကော်ဖီဆိုင်လေးပါ။ အောင်လံမြို့၌ တည်ရှိသောရွှေမိုးဆိုင်လေးဟာ ခရီးဝေးသွားလာသော ကားတော်တော်များအတွက် ဝင်ထွက် နားနေရာတစ်ခုလိုပါပဲ ဝန်ဆောင်မူနဲ့ ဧည်ဝတ်ကြေခြင်း အစားအသောက်ကောင်းမူနဲ့အတူ အောင်လံမြို့နယ်မှ ထွက်ရှိသော မြေပဲယို နှမ်းယို မလိုင်လုံး အစိုနဲ့အခြောက် ယိုအမျိုးမျိုး မြေပဲဆားလှော်များ ဆိုင်လေးမှာပဲ တင်၍ ရောင်းချပါတယ်။

ရွှေမိုးစားသောက်ဆိုင်လေးဟာ ၂၄နာရီ ဆိုင်ဖွင့်ရပါတယ် ခရီးဝေးကားများ ဥဒဟို အချိန်အခါ မရွေး ဝင်ထွက်သွားလာနေခြင်းကြောင့် ဆိုင်လေးက နေ့ရော ညပါ ဖွင့်ထားပါတယ်။ ရွှေမိုးဆိုင်လေးက အနယ်နယ်အရပ်ရပ်က ကားများ ဝင်ထွက်ခြင်းကြောင့် အောင်လံမှ သွားလိုသော နေရာဒေသများအတွက် ကားလက်မှတ်များပါ ရောင်းချတယ်။ထိုဆိုင်လေးမှာ ကားဆရာကိုမိုးက အပြန်ဝင် အသွားဝင်နဲ့ အဲဒီဆိုင်က စားပွဲထိုး ကောင်မလေးနဲ့ ကြိုက်ပါတယ်။ ကောင်မလေးနဲ့ကြိုက်ပြီ ၆လလောက်အကြာမှာတော့ ကောင်မလေးနဲ့ လက်ထပ် တင်တောင်းပါတယ်။ ကောင်မလေးရဲ့ မိဘတွေက အောင်လံမြို့ထဲက ၃လမ်းဟုခေါ်သော ရပ်ကွက်ထဲမှာ နေထိုင်ပါတယ်။ကောင်မလေးနဲ့ ကားဆရာ အိမ်ထောင် ရက်သားကျပြီးမန္တလေးမှ မိဘများဆီမှာပဲကောင်မလေးအား ထားပါတယ်။ကားဆရာ ကိုမိုးဟာ ကားမောင်းခြင်းနဲ့ပဲ ပုံမှန်လုပ်နေပါတယ်။ ကားဆရာရဲ့ မိဘများက ချမ်းသာသူများဟု မခေါ်ဆိုနိုင်ပေမဲ့ စားနိုင်သောက်နိုင်သော အသင့်အတင့် အဆင်ပြေသော မိသားစုပါ။

ဈေးချိုထဲက အထည်ဆိုင်လေးမှာ ချွေးမဖြစ်သော အောင်လံသူလေးအား ကူစေပါတယ်။ ကားဆရာရဲ့ မိဘတွေမှာ ကားဆရာ တစ်ယောက်သာ မွေးဖွား၍ တစ်ဦးတည်သော သားလေးပေါ့။ဒါပေမဲ့လဲ လူလောကရဲ့ ထုံစံအတိုင်း ယောက္ခမနဲ့ ချွေးမ မတည့် စကားများခြင်တွေကြောင့် ကားဆရာ မောင်မိုးဟာ မိန်မ အလိုကျ အိုခွဲအိမ်ခွဲ၍ တစ်ခြားရပ်ကွက်မှာ အိမ်ခန်းငှား၍ နေထိုင်ပါတယ်။တစ်နေ့သောအခါ မောင်မိုးရဲ့ သူငယ်ချင်းဖြစ်သူ ကိုကျော်မှာ မောင်မိုးနေထိုင်ရာ အခန်းကို လာလယ်ပါတယ်။ ကိုကျော်ဟာ မန္တလေးမြို့မှာပဲ ကျောက်စိမ်းလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ကိုကျော်လုပ်သော ကျောက်စိမ်းလုပ်ငန်းအခြေနေက ကျောက်ပွဲတိုက်ခြင်း ဈေးနည်းသော အတိုစ ကျောက်စိမ်းဖြတ်စများကို ဝယ်လိုက် ရောင်းလိုက်နဲ့ လုပ်ကိုင်သူပါ ကိုကျော်က ကျောက်စိမ်းအကြောင်းလဲ အတော်အသင့်လုပ်တတ်ကိုင်တတ်လာတော့ ကိုကျော်လက်ထဲ အမြဲငွေရွှင်ပါတယ်။ကိုကျော်က ကိုမိုးဆီ အိမ်လည်လာတာပါ ဒါပေမဲ့ ကိုမိုးမိန်းမက ကိုကျော်လည်ပင်းမှာရှိတဲ့ငါးကျပ်သား ရွှေဆွဲကုံးကြီးကိုပဲ ခိုး ခိုးကြည့်နေပါတယ်။ကိုကျော်ပြန်သွားတဲ့အခါ ကားဆရာမိန်မက မောင်မိုးအား စကားပြောပါပြီ “ဒီမှာ ကိုမိုး ရှင် ကားမမောင်းတော့နဲ့ ရှင်သူငယ်ချင်းနဲ့

ကျောက်စိမ်းလုပ်ပါလား ရှင်ကားမောင်းလာတာ ကြာပြီ ကျမတို့ ဘယ်တုန်းက ငွေကောင်းကောင်းစုမိလို့လဲ ကျောက်စိမ်းပဲ လုပ်ပါကိုမိုးရယ် ရှင်သူ ငယ်ချင်းကိုတွဲခေါ်ဖို့ ပြောပါဟု” စကားအဆုံး သတ်ပါပြီ။ မောင်မိုးလဲ မိန်မကိုကြောက်ရသူမဟုတ်ပေမဲ့ မိန်မကိုချစ်သောသူဖြစ်နေတော့ မိန်မစကားဆို အမြဲ နားထောင်ပေးခဲ့လေတော့ ဒီတစ်ခါလဲ မောင်မိုးက “အေးပါကွာ ငါပြောကြည့်ပါအုံးမယ်ဟာ”ဆိုပြီး ပြောလိုက်ပါတယ်။ နောက်ရက်များမှာ မောင်းမိုးကားမောင်းရင်း မန္တလေးပြန်ရောက်တဲ့အခါ ကိုကျော်ဆီသွား၍ အလုပ်အတူ လုပ်ခြင်ကြောင်းပြောပါတယ်။ကိုကျော်ကလဲ အေးပါကွာ လုပ်ခြင်ရင်လဲ လုပ်ပေါ့သူငယ်ချင်းရာ ဒါပေမဲ့ ကျောက်စိမ်းလုပ်ငန်းဆိုတာ ပုံမှန်ဝင်ငွေ ရှိသော လုပ်ငန်းမဟုတ်ဘူး သူငယ်ချင်း။မင်းမောင်းနေတဲ့ ကားကမှ ပုံမှန်ငွေ ရအုံးမယ် မင်းလုပ်ခြင်တယ်ဆိုရင်လဲ သူငယ်ချင်းတို့ ဝတ္တရားအတိုင်း ငါကတွဲခေါ်ရမှာပေါ့ဆိုပြီးပြောလိုက်ပါတယ်။မောင်မိုးလဲ ကားမမောင်းတော့ပဲ မောင်ကျော်နဲ့ တွဲ၍ အလုပ်စလုပ် လာပါပြီ။ အဲဒီလိုနဲ့ တစ်နှစ်ကနေ နှစ်တွေထပ်လာပါတယ် လုပ်ရင်းကိုင်ရင်းဖြစ် မောင်မိုးဟာ ကျောက်ကိုတော့ လေ့လာမူနည်းပါတယ် သူဝါသနာပါတာက ကားမောင်းခြင်းတစ်ခုကိုပဲ လုပ်ခြင်သူပါ။ မောင်မိုးက ကံလေးတော့ ကောင်းတယ်ပဲခေါ်ရမလား သူများတွေလို ဝယ်ရောင်းမလုပ်ပဲ ကျောက်ပွဲပဲ တိုက်ပါတယ်။ မိန်မဖြစ်သူလဲ ရွှေနဲ့ ငွေနဲ့ပေါ့၊အဲဒီလိုနဲ့ ကျောက်စိမ်းလုပ်ကိုင်လာတာ ၅နှစ်ထဲ ရောက်လာပါပြီ။

ကိုကျော်နဲ့ ကိုမိုး ကျောက်စိမ်းခြင်း အတူတူ လုပ်ပေမဲ့ ကျောက်စိမ်းလိုင်း မတူခြင်းကြောင့် မတွေ့တာလဲ ကြာပြီပေါ့ အရင်လို့လဲ မဆုံဖြစ်တော့။ တစ်နေ့ ကိုကျော်ဟာ လန်ခရုဆာ အဖြူရောင်ကားကြီးနဲ့ စီး၍ မောင်မိုးအခန်းသို့ ရောက်လာပါပြီ။ကိုမိုးလဲ အံ့သြလို့ပေါ့ ဈေးတန်းမြင့် ဇိမ်ခံကားစီးပြီးဆိုကတဲက ကိုမိုးနဲ့သူမိန်းမက ကိုကျော်ချမ်းသာနေပြီ တွေးလိုက်ပါပြီ ။ကိုကျော်အလုပ်အကိုင်တွေ အကြောင်မေးတဲ့အခါ * ကိုကျော်မှ* အရင်လို့ လိုင်းသေး ဈေးတန်းနိမ့်ကျောက်တွေမကိုင်တော့ပဲ ဈေးတန်းမြင့်ကျောက်တွေ ဝယ်ဖြတ် ဝယ်ရောင်းနေကြောင်းပြောပါတယ်။ကိုကျော်ပြန်သွားတဲ့အခါ မိန်းမလုပ်သူက ပြောပြန်ပြီ။ယောက်ျား ရှင် သူနဲ့တွဲလုပ်ပါလား သူမှာတော့ ချမ်းသာနေပြီ ရှင်လဲတွဲလုပ်ဟု” ဆိုပါတယ် ။ယောက်က်ျားဖြစ်သူ မောင်မိုးလဲ ထုံစံအတိုင်း အေးပါကွာ မိန်းမရယ်ဟု ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ရဲ့အိမ်ထောင်သက်က ၆နှစ်ကျော် ၇နှစ်ပေါ့ သားလေးတစ်ယောက် ထွန်းကားပါတယ် သားလေးက ၅နှစ်ထဲ ကျောင်းစတက်သောအချိန်ပေါ့။ နောက်နေ့ မောင်ကျော်ဆီ လမ်းဘေးကဖုန်းဖြစ်ဆက်ပါတယ် သူငယ်ချင်းရေ ငါမင်းနဲ့ တွဲလုပ်ခြင်လို့ဟ ဟုပြောလိုက်ပါတယ်။ကိုကျော်လဲ ထုံစံအတိုင်း ပြန်ပြောပါတယ် အေးပါကွာမင်းလုပ်ခြင်ရင် မနက်ဖြန် ဘယ်နေ့ရာ ဘယ်ဆိုင်လာခဲ့ဟု ချိန်းလိုက်ပါတယ်။နောက်နေ့ ကိုကျော် ချိန်းထားသော နေရာသို့ သွားပါပြီ ။ ကိုကျော်နဲ့ တွေ့တဲ့အခါ အလုပ်အကြောင်းတွေ ပြောတယ်ပေါ့ တွဲ၍ လုပ်ခြင်ကြောင့်ပေါ့။

ကိုကျော်က ပြန်ပြေပါတယ် တွဲလုပ်တာဟုတ်ပါပြီ သူငယ်ချင်း ငါလုပ်တဲ့ ကျောက်စိမ်းလိုင်းက လုံးစွတ် ကျောက်စိမ်းရိုင်းတွေ ဝယ်ပြီး ကွမ်တယ်ဖြတ်တယ်ဟ ဈေးတန်းမြင့်တာတွေကိုသာ များများရင်းတော့ များများမြတ်တာပေါ့ကွာ မင်းလဲ ကျောက်သမားပဲသိမှာပါဟု ပြောလိုက်ပါတယ်။မောင်မိုးက အေးပါသူငယ်ချင်းရယ် မင်းဝယ်တဲ့ကျောက်တွေမှာ ငါကိုယ် ရှယ်ယာထည့်၍ ခေါ်ပေးပါ ငါလဲ အရင်းအနှီးယူခဲ့ပါမယ်ဟု ပြောပါတယ်။မောင်မိုးလဲ အဲဒီလို ပြော၍ အပြီးမှာ မောင်ကျော်က ပြောပါတယ် မင်းစိတ်ဝင်စားရင် ငါကားထဲက ကျောက်ပြမယ် ဟု ကားထဲမှ ၂ပိသာခန့် အရွယ်ကို ယူ၍ ပြပါတယ်။ မောင်မိုးလဲ ကျောက်မကျွမ်းကျင်ပေမဲ့ ကျောက်မှာ အရေပါမှန်းတော့ သိနေပါတယ် ကျောက်သားအဆင့် ဘယ်လို ကျောက်မျိုး ဘယ်လို ကျောက်ယမ်းဘယ်လိုသာ မခွဲတတ်တာ အရေမန်းတော့ သူသိပါတယ် ဘာလိုလဲဆိုတော့ အရေမန်းက မှတ်ရလွယ်သောအစိမ်းရောင်အဖြစ်နဲ့ကိုး၊ အဲဒီတော့ မောင်မိုးက ကျောက်တန်ဘိုးသာ မသိတာ။ ကျောက်မှာ အရေမန်းပါတာကိုတော့ မောင်မိုးသိ၍ မြင်နေပါတယ်။ မောင်မိုးက မောင်ကျော်အား မေးပါပြီ ကျောက်ကဘယ်လောက်လဲ ကျောက်ဖြတ်ရင်လှမှာလား တ်မြှာလား ကျောက်က ဘယ်ဈေးလဲဟုမေးပါတယ်။

မောင်ကျော်က ပြောပါတယ် ကျောက်က သိန်း၂ရာ ငါဝယ်ခဲ့တာ ငါကဖြတ်မှာ မင်းတွေ့လား ကျောက်အခွံပေါ်ကမန်းက အထဲကို သေခြာပေါက်ဝင်မှာ ဝင်ပြီဆိုတာနဲ့ မြတ်ပြီသားပဲ သူငယ်ချင်း မင်းရှယ်ယာထည့်ခြင်ရင်တော့ နိုင်သလောက်ထည့်ပေါ့ဟု ဆိုပါတယ်။မောင်မိုးလဲ ငါတစ်ဝက်ထည့်မယ်ကွာ ငါမိန်မ ရွှေကို ရောင်းပြီ ထည့်မယ်ကွာဟု ဆိုပါတယ်။မောင်ကျော်ကလဲ ပြန်ပြောတယ် ပါးစပ်နဲ့မထည့်နဲ့ သူငယ်ချင်း အလုပ် လုပ်နေတာ သူငယ်ချင်းက သူငယ်ချင်းပဲ စပါးတော့ ပေါက်ဈေး ပေးကွာဟု စကားပုံလေးနဲ့ တင်စား၍ ပြောလိုက်ပါတယ်။အဲဒါနဲ့ မောင်မိုးက ငါအိမ်ပြန်လိုက်အုံးမယ် ကျောက်ကိုဘယ်သူမှမပြတော့နဲ့ ငါငွေပြန်ဖော်ပြီးပြန်လာခဲ့မယ် မင်း ဒီကပဲ စောင့်ဟု ပြော၍ ပြန်ပါတယ်။မောင်မိုးလဲ မိန်းမဆီရောက်တဲ့အခါ ကျောက်အကြောင်းပြောပြလိုက်ပါတယ်။ မိန်းမကလဲ ကျောက်အကြောင်းသာ မသိတာ မောင်ကျော်ကိုယုံ၍ စုဆောင်းထားသောရွှေများကို အကုန်ရောင်း၍ ပေးလိုက်ပါတယ်။မောင်မိုးတို့ရွှေအားလုံးရငွေက သိန်းတစ်ရာနဲ့ဆယ်သိန်းပါ ။ မောင်မိုးက သိန်းတရာယူသွားတော့ မိန်မဆီမှာ ငွေဆယ်သိန်းတော့ ကျန်ခဲ့ပါတယ်။မောင်ကျော်ဆီရောက်ပြီ သိန်းတရာပေး၍ ကျောက်အားဖြတ်ပါပြီ။ကျောက်စိမ်းတုံးက နှစ်ခြမ်းဖြစ်ပါပြီ ကျောက်စိမ်းတုံးအတွင်းမှာ မောင်မိုးထင်ထားသော အရေလဲ မတွေ့ အသားလဲမအောင် အသားလဲမကောင်း ကျောက်က ရှုံးကျောက်ဖြစ်ပါပြီ။

ကျောက်ကမကောင်းမှန်းတော့ မောင်မိုးသိပါတယ်။မောင်မိုးရင်ထဲမှာ ငိုပါပြီ ၅နှစ်လောက်ကျောက်စိမ်းပွဲတိုက်၍ စုဆောင်းတဲ့ငွေ ကုန်ပါပြီ။မောင်ကျော်လဲ ပြောပါပြီ ဝမ်းနည်းအသံနဲ့ ဒီတစ်ခါကျောက်ဘယ်လိုဖြစ်တာလဲ မသိပါဘူးကွာ မင်းနဲ့ ငါ ကံမစပ်တာပဲ နေမှာပါ ငါလဲရှုံး မင်းလဲရှုံးတာအတူပါကွာဟု ပြောပါတယ်။မောင်မိုးလဲ ခေါင်းငိုက်ဆိုက်နဲ့ အိမ်ပြန်ခဲ့ပါတယ်။အိမ်ရောက်တဲ့အခါ မိန်မ မေးသမျှ ကိုတောင် တစ်ခွန်းမှ မဖြေပဲလက်မှိုချနေပါတယ်။ မိန်မဖြစ်သူက အတင်းမေးတဲ့အခါ မောင်းမိုးက ထအော်ပါပြီ* မင်းပါးစပ်ပိတ်ထား ရှာထားသမျှကုန်ပြီ ကျောက်ကရှုံးသွားပြီ နောက်ကို ကျောက်စိမ်းနဲ့ ပတ်သက်ရင် ဘာမှာလာမပြောနဲ့ငါတို့ ကျောက်ရှုံးသွာပြီ ငါလဲ ကျောက်စိမ်းလုပ်ငန်းကို စိတ်ကုန်သွားပြီ ရှိသမျှငွေ ကုန်ပြီ ငါလဲကျောက်စိမ်းလောက ကနေ ထွက်ပြီ အစိမ်းရောင်ပါရင် မင်းဝတ်တဲ့ အဝတ်အစားထဲပါနေရင်တောင် လွှတ်ပြစ်လိုက်ကွာ ငါအဲဒီလောက်ထိ ကျောက်စိမ်းလောကကိုမုန်းတယ်ဟု ဆိုလိုက်ပါတယ်။(မောင်ကျော်အကြောင်းပြောပါအုံးမည် မောင်ကျော်သိန်း၂ရာဟု ပြောသောကျောက်မှာ အမှန်တကယ်ဝယ်လာသောဈေးက ၁၅သိန်းပါ မောင်မိုးကို လိမ်ခြင်သောကြောင့် သူနဲ့သိသော ကားပိုင်ရှင်ဆီက ကားကိုအခကြေးငွေပေး၍ ၂ရက်ငှားက လိမ်လည်ခြင်းသာဖြစ်သည်

ကျောက်စိမ်း၌ မန်းပါသော်လဲ အသားမရသော လက္ခဏါပါ သောကျောက် အသားမရသော ကျောက် ဖြစ်နေခြင်းကြောင့် ဖြတ်တဲ့အခါ မအောင်ခြင်းသာဖြစ်သည်။ ထိုကျောက်ဖြတ်တဲ့အခါ အရေမန်းပါပေမဲ့ အတွင်းဆိုက်သောမန်းကမဟုတ် ငချိတ်ငွေ့က ပါသေး၊ ထိုအကြောင်း အရာများကို သိသောမောင်ကျော်က ဖြတ်လျှင်မအောင်မှန်းသိပါသည်။ ခေတ်စကားနဲ့ပြောရရင် မောင်မိုး ကျောက်နားမလည်ခြင်းကို ခွင်ဆင်၍ မောင်မိုးဆီက ၈၅သိန်းတိတိကို လိမ်လည်သွားခြင်းဖြစ်သာဖြစ်ပါသည်) မောင်မိုးလဲ ကျောက်မလုပ်ပဲ ကားပြန်မောင်းပါသည် ။ သူမောင်းတဲ့ ကားခရီးက ဖားကန့် နဲ့ မန္တလေးကို ပြေးဆွဲသော ကားပါလေ။ ကားက ဖားကန့်ပြေးဆွဲမှန်း မောင်မိုးသိတော့ အစက မလုပ်တော့ဘူလို့ တွေးပေးမဲ့ ဖားကန့် ကားမောင်းခေါက်ကြေးများခြင်းကြောင့် လုပ်ရပါသည်။

မောင်မိုးမှာ ကျောက်စိမ်းကို ဘယ်လောက်မုန်းလဲဆိုလျှင် ဖားကန့်ခရီးမောင်းရမဲ့ ကားတောင်မမောင်းခြင် ဒါပေမဲ့ ငွေရနှုန်းများခြင်းကြောင့် မောင်းခဲ့ပါပြီ။မောင်မိုးကားမောင်းပြီ တစ်လကြာသောအချိန်ကာလတစ်ခုမှာ မိုးကောင်းအနီးက ကားတစ်စီးပျက်နေတာတွေ့၍ ဘာအကူညီလိုလဲဟု မေးတဲ့အခါ ကားပျင်သူက ဂျမ်းတုံးလေးပါရင်ပေးခဲ့ပါဗျာဟု ပြောသောကြောင့် မောင်မိုးက သူကား၌ ပါသော ဂျမ်းတုံးအားပေးလိုက်ကာ ကားဆက်မောင်းခဲ့ပါတယ်။

မောင်မိုးမောင်းသောခရီးက ဖားကန့်ကို အတက်ခရီးပါ အဲဒီလိုနဲ့ မောင်းရင်း မောင်းရင်းနဲ့ ဖားကန့်မြို့နယ် လုံးခင်းရွာရဲ့အလွန် နန့်တိန်းရွာနားမှာ မောင်းမိုးကားပျက်ပါပြီ။ ကားဘရိပ်က ဘာဖြစ်တာလဲ မသိ၍ ဆင်းပြင်ပါတယ်။မောင်မိုး အောက်သို့ ဆင်းပြင်တဲ့အခါ ကားမလိမ့်အောင် ဂျမ်းတုံးကလိုပါပြီ ။မောင်မိုး ဂျမ်းတုံးက လမ်းကပျက်သော ကားသမားကိုပေးလိုက်တော့ မောင်မိုးမှာ ဂျမ်းတုံးက မရှိတော့ပါ မောင်မိုးလဲ ဂျမ်းတုံးခုလို ရအောင် အနီးနားရှိ ခဲလုံးအား ရှာပါပြီ ။ တွေ့ပါပြီ ခဲလုံးကထုထည်ထူ၍ ရှည်သော ပုံစံ ခဲလုံးတစ်ခုပါလေ။ မောင်မိုးလက်ထဲ ခဲလုံးကိုင်ထားချိန်မှာပဲ မိုးက တအားရွာချပါပြီ။မောင်မိုးကိုယ်လုံးလဲ ရေတွေစိုလိုပေါ့ မိုးကများတော့ရေပါ ပါတယ် မောင်မိုးကိုင်ထားသောခဲတုံးမှာ ရေဆေးထားသလိုဖြစ်သွားပါပြီ ထိုခဲတုံးသည် အစိမ်းရောင်ပါသော ကျောက်စိမ်းတုံးဖြစ်နေပါပြီ ဒီလောက်တော့ မောင်မိုးသိထားပါသည် ကျောက်စိမ်းဖြစ်မှန်း။ ကျောက်စိမ်းတုံးကကောင်းနေမှန်း ဘာလိုလဲဆိုတော့ သူက အရင်ကလကျောက်မကျွမ်းပေမဲ့ နည်းနည်းတော့ နားလည်သေးတယ်လိုပြောရမှာပေါ့။ မောင်မိုးရသောကျောက်က ဘောလီသားအရေးဆွဲ ကျောက်ပါလေ ကျောက်က ၂ပိသာခန့်ပါ။

မောင်မိုးလဲ ကျောက်စိမ်းတုံးအား ခရီးသည်မသိအောင်အသာထည့်၍ အခြားကျောက်ခဲတုံးရှာ၍ ကားပြင်ကာ လုံးခင်းကိုမောင်းခဲ့ပါသည်။ မောင်မိုးလဲ ကျောက်အားရောင်းတဲ့အခါ ချမ်းသာသော ငွေပမာဏထိရကာ သူကံကို အံသြနေပါပြီ ။ကျောက်စိမ်းလုပ်ငန်းလုပ်တုန်းက စီးပွားမဖြစ်ပဲ ကျောက်စိမ်းလုပ်ငန်းမလုပ်ပါဘူးလို့ မိမိကိုကိုယ်ဆုံးဖြတ်၍ ကားမောင်းကာမှ ကျောက်စိမ်းက ကြံကြံဖန်ဖန် လာရလေတော့သည်။ဇာတ်လမ်းပြီးပါပြီ။ဒီဇာတ်လမ်းထဲမှ တွေးစရာများကိုတော့ စာဖတ်သူတို့ပဲ တွေးကြပါရန် မှတ်ချက်။ ။ နန့်တိန့်နဲ့ လုံးခင်းကြားမှာ ကျောက် စိမ်းလက်ရှိအချိန်ထိ မထွက်ရှိပါ၊ ဒါပေမဲ့ ထိုလမ်းကြောမှာ ကားလမ်းများပျက်တဲ့အခါ မှော်ဆီစာကျောက်ကျောလုပ်သောကုမ္ပဏီများမှာ ကျောက်စိမ်းရှာပြီးသား မြေတွေကို ကုမ္ပဏီကားများဖြင့် သယ်ယူကာ ထိုလမ်းကြောအား လမ်း ပြင်ခြင်းများရှိပါသည်။ဒီဇာတ်လမ်းကို ကားဆရာတစ်ယောက် ဂျမ်းတုံးခုခြင်းဖြင့် ကျောက်အောင်သွားခြင်းအကြောင်းကို ပြောပြပေးသော စာဖတ်သူ မိတ်ဆွေအား ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျ။ ကျောက်စိမ်းမြင့်မိုရ်(လုံးခင်း) မှုရင်း ရေးသားသူအား လေး စား စွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*