ပါကင်ထုပ်ပြီးသား အသင့်ချက်စားလူသားလား

စပိန်နိုင်ငံ ဘာစီလိုနာမှာရှိတဲ့ လူအယောက်၂ဝလောက်ဟာ မြိုးလယ်လမ်းမှာ သူတို့ရဲ့အဝတ်အစားတွေကိုချွတ်ပြီး သွေးအတုတွေနဲ့ကိုယ်ကိုသုတ်ပြီး လူအများအံ့သြစေမယ့်အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင်သူတို့ဟာ စူပါမားကတ်တွေမှာ ဝယ်ယူလို့ရတဲ့ အသင့်ချက်စား အသားတွေပုံစံ ဖော့ဘူးပေါ်မှာထိုင်ပြီး အပေါ်ကနေ ပလတ်စတစ်ပတ်စေခဲ့ပါတယ်။

ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ ကမ္ဘာကြီးမှာ လက်ရှိတစ်နေ့တစ်ခြားတိုးတက်လာတဲ့ အသားစားမှုနှုန်းကို လျှော့ချစေဖို့ဖြစ်ပါတယ်။ အသားတွေကို အဆမတန်စားသုံးမှုကြောင့် တိရစ္ဆာန်​လေးတွေကို သနားကြင်နာဖို့အတွက် သူတို့ဟာ ဆိုင်းဘုတ်တွေ၊ စာသားတွေ၊ ဟောပြောပွဲတွေမလုပ်တော့ဘဲ လူများတဲ့နေရာမှာ အဆိုပါသရုပ်ဖော်တာကို ပြုလုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးကို သိမြင်စေခဲ့ပါတယ်။

အဆိုပါသရုပ်ဖော်သူတွေဟာ တိရစ္ဆာန်​အခွင့်အရေးကာကွယ်ရေး အဖွဲ့အစည်းကဖြစ်ပြီး တိရစ္ဆာန်​တွေရဲ့ဘက်ကနေ ဝင်ရောက်ခံစားတတ်စေဖို့၊ အသားအမြောက်အများ စားသုံးနေမှုကို လျှော့ချစေနိုင်ဖို့ သူတို့ရဲ့အားထုတ်မှု အရာရောက်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ ပလတ်စတစ်ပတ်ရဲ့အပေါ်မှာတော့ ” Human Meat” အသင့်ချက်စားလူသားလို့ တံဆိပ်နှိပ်ထားတာကိုတွေ့ရမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*