ဧရာဝတီစင်တာမှာ ပုံထဲပါတဲ့ အောက်ဆီဂျင်အိုး အလုံး ၄၀ ဟာ တနာရီပဲ ခံပါတယ်တဲ့

ဧရာဝတီစင်တာမှာ ပုံထဲပါတဲ့ အောက်ဆီဂျင်အိုး အလုံး ၄၀ ဟာ တနာရီပဲ ခံပါတယ်တဲ့

ဧရာဝတီစင်တာ HDU/ICU မှာ အဲ့လိုမျိုးအောက်ဆီဂျင်အိုး အလုံး ၄၀ ဟာ တစ်နာရီစာပဲခံပါတယ်။ စင်တာရဲ့တစ်နေ့တာကုန်ကျစားရိတ်ဟာ သိန်းငါးရာကျော်ပါသတဲ့။

အားလုံးကို လိုလေသေးမရှိ ဖြည့်ဆည်းပေးရင်တောင် ကြောက်ခမန်းလိလိ ကုန်ကျစားရိတ်ကြီးပါတယ်။ မဖြည့်ဆည်းပေးနိုင်ရင်လည်း ကြမ်းပြင်မှာ ပွဲခင်းထဲ ဖျာခင်းထိုင်သလို ထိုင်ပြီး ဘယ်သူ့အဖေခေါ်မှန်းမသိ၊ ဟစိဟစိဖြစ်နေတဲ့ မရှူနိုင်မကယ်နိုင် မျက်နှာလေးတွေကို မြင်ရရင် ဂျပန်က တာဝန်ရှိသူတွေဆို ဟာရာကီရီ လုပ်သွားပါလိမ့်မယ်။

ဒီအကျိုးဆက်တွေကို အကုန်အကျ အထိခိုက်အနည်းဆုံး ရင်ဆိုင်ဖို့ဆိုတာ လူတိုင်းလူတိုင်း ကူးစက်မှု ရပ်တန့်သွားအောင် စည်းကမ်းတကျ နေထိုင်သွားမှ ရမှာပါ။ ငါ ဘာမှမဖြစ်သေးဘူးဆို ထင်သလိုနေရင် မကြာခင် ငါ့အလှည့်ရောက်လာပါလိမ့်မယ်။”

Be the first to comment

Leave a Reply

Your email address will not be published.


*