
ကိုဗစ်ပိုးဟာ ဖုန်း၊ Tablet နဲ့ ကွန်ပျူတာတွေပေါ်မှာ ကပ်ညှိနိုင်လို့ အီလက်ထရောနစ် ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ ပြုလုပ်ရမယ့် ဆောင်ရန် ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လူထူထပ်တဲ့နေရာရောက်ရင် ဖုန်းသုံးတာကို တတ်နိုင်သမျှရှောင်ရှားပါ။ ဖုန်းကို အိမ်ထဲမှာသုံးတာထက် အပြင်မှာသုံးတာက ပိုပြီးအန္တရာယ်များပါတယ်။ လူထူထပ်တဲ့နေရာတွေ သွားရင် ဖုန်းထုတ်သုံးတာမျိုးကို သတိထားသင့်ပါတယ်။ အများသုံးအိမ်သာထဲမှာ ဖုန်းသုံးတာမျိုးတွေ မလုပ်သင့်ပါဘူး။
(၂) ဖုန်းသန့်ရှင်းရေးလုပ်ရင် ပလပ်ဖြုတ်ထားပါ။ဖုန်း၊Tablet တွေကို အားသွင်းပြီး သန့်ရှင်းရေးမလုပ်မိဖို့အရေးကြီးပါတယ်။ သန့်ရှင်းရေးကြောင့် ဖြစ်လာမယ့် ရေငွေ့ရိုက်တာနဲ့ ရှော့ဖ်ဖြစ်တာတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၃) ဖုန်းနဲ့Tablet တွေကို သန့်ရှင်းရေးလုပ်တဲ့ အခါ တစ်ရှုးတွေကို မသုံးပါနဲ့။ တစ်ရှုးတွေက ဖုန်းမျက်နှာပြင်ကို အစင်းထင်နိုင်ပါတယ်။ ဖြစ်နိုင်ရင် ဂွမ်းစ သို့ ပိတ်စတစ်ခုသုံးပြီး သန့်ရှင်းရေးလုပ်စေ ချင်ပါတယ်။
(၃) လက်သန့်ဆေးသုံးရင် စက်ထဲမဝင်အောင် ဂရုစိုက်ပါ။ မှန်သုတ်ဆေးတွေကို ဖုန်းကို ဖြန်းပြီး မသုတ်ပါနဲ့။ ရေငွေ့မဝင်အောင် အဝတ်တစ်ခုကို ကြားခံပြီး သုတ်စေချင်ပါတယ်။ အပြင်းစား သန့်စင်ဆေးတွေနဲ့လည်း ဖုန်းမျက်နှာပြင်ကို သန့်ရှင်းရေးမလုပ်ပါနဲ့။
(၄) ဖုန်းကာဗာတွေကို ရေနွေးနဲ့ဆေးပေးပါ။ ဖုန်းကာဗာတွေမှာ ပိုးတွေကပ်ညှိနိုင်လို့ ကာဗာတွေဆေးတဲ့အခါ ရေနွေးအနည်းငယ်ထည့်ပြီး အဝတ်သန့်သန့်နဲ့ဆေးသင့်ပါတယ်။ ဆေးပြီးတဲ့အခါ ရေကို ကုန်စင်အောင်သုတ်ပြီး အခြောက်ခံပြီးမှ တပ်ဆင်ပါ။
(၅) ဖုန်းနဲ့ Tablet တွေကို ဆေးကြောပြီးတဲ့ အခါလက်ကို စင်ကြယ်အောင်ဆေးဖို့လိုအပ်ပါတယ်။
Leave a Reply