အချိန်အတော်ကြာပျောက်ဆုံးနေခဲ့တဲ့ဖခင်ကို TikTok တစ်ခုမှာ အသုံးချခံနေရသူအဖြစ် သံသယရှိစွာတွေ့ရှိခဲ့ရတဲ့အဖြစ်

TikTok မှာမျှဝေထားတဲ့ဗီဒီယိုရှိ တရုတ်နိုင်ငံတောင်ပေါ်ဒေသရှိ ညစ်ပတ်စုတ်ပြတ်နေတဲ့အဝတ်အစားတွေဝတ်ကာ အစားအစာချို့တဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ သက်ကြီးရွယ်အို အဘိုးအိုတစ်ဦးကို သားဖြစ်သူက သူ့ရဲ့အချိန်ကာလအတော်ပျောက်ဆုံးနေခဲ့တဲ့ဖခင်လို့ ယုံကြည်နေပါတယ်။ဗီဒီယိုတွေထဲအရ အဘိုးအိုဟာ ဆင်းရဲချို့တဲ့စွာ နေထိုင်နေရပြီး အဆိုပါTikTok အကောင့်နောက်ကွယ်ကလူဟာ သူ့followerတွေတိုးပြီး ပိုက်ဆံရှာနိုင်ရန်အတွက် အိမ်ယာမဲ့အဘိုးအိုကို အသုံးချနေပုံရပါတယ်။ဆွေမျိုးတစ်ဦးရဲ့ပြောပြမှုကြောင့် အမျိုးသားတစ်ဦးဟာ အဆိုပါအဘိုးအိုက Long Jiaming ဆိုတဲ့အသက်၇၁နှစ်အရွယ်သူ့အဖေဖြစ်ပြီး အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့ကြောင်း ဗီဒီယိုအောက်မှာ ဝင်ရေးခဲ့ပါတယ်။သားဖြစ်သူMr Longဟာ ဗီဒီယိုအားလုံးမှာ စုတ်ပြဲညစ်ပတ်နေတဲ့ အဝတ်အစားတွေဘဲ ဝတ်ပြီးအစာချို့တဲ့နေတာကို မြင်ရတော့ မငြိမ်မသက်ဖြစ်ခဲ့ရပါတယ်။

Mr Longဟာ ဖခင်ဖြစ်သူသေချာမှန်း ခိုင်လုံတဲ့သက်သေအထောက်အထားတွေတွေ့ရှိခဲ့ရပြီး အဲဒီလူဟာ ဖခင်အပေါ်ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြောင်းကို သံသယရှိနေခဲ့ပါတယ်။၁၉၄၈ခုနှစ် ဇူလိုင်လ ၁၀ရက်နေ့မှာ မွေးခဲ့တဲ့သူ့ဖခင်ဟာသားဖြစ်သူနဲ့အတူ ၂၀၁၁ခုနှစ် တရုတ်အရှေ့ပိုင်း Fujianပြည်နယ် Jinjiangမြို့မှာ အလုပ်လုပ်ရင်း ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး အဲဒီကတည်းက ရှာနေခဲ့ပေမဲ့ မတွေ့ရှိခဲ့ရပါဘူး။သူဟာ TikTok အကောင့်နောက်ကွယ်ကလူကို ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ အဲဒီလူက မတုံ့ပြန်ခဲ့ပါဘူး။”အဖေ့ကိုရှာဖို့ ကျွန်တော်အလုပ်ထွက်ပြီး ရဲတွေကိုလည်းတိုင်ကြားခဲ့တယ်၊အဖေက ရိုးသားတဲ့လူပါ၊သူMandarinစကားမပြောတတ်ဘူး၊အဲဒီလူတင်ထားတဲ့ဗီဒီယို၃၉ပုဒ်မှာ၃၇ပုဒ်က ကျွန်တော့်အဖေချည်းဘဲ၊ကျိန်းသေ အဖေဆိုတာသိတယ်၊ကျွန်တော်တို့ အဲဒီလူကို မက်ဆေချ့်တွေအများကြီးပို့ထားပေမဲ့ သူမတုံ့ပြန်ထားဘူး”ဟု Mr Longက ဒေသခံမီဒီယာတွေထံဆိုထားပါတယ်။

သူဟာ ဖခင်ဖြစ်သူကို ပြန်ခေါ်နိုင်ရန် စိတ်အားထက်သန်နေကာ ရဲများအား ထပ်မံစုံစမ်းရှာဖွေရန်တိုက်တွန်းထားပြီး တရုတ်နိုင်ငံရှိ Douyinဆိုတဲ့နာမည်ကြီးTikTokအကောင့်ရဲ့အကူအညီကိုလည်း ရယူရန် မျှော်လင့်နေပါတယ်။မကြာသေးမီကမျှဝေခဲ့တဲ့TikTokဗီဒီယိုတွေမှာ အကောင့်နောက်ကွယ်ရှိကြိုးကိုင်နေသူအား အဆိုပါမိသားစုကို ပြန်တုံ့ပြန်ပေးရန် တိုက်တွန်းချက်ပေါင်း ၁၄,၀၀၀ကျော်ရှိခဲ့ပါတယ်။ကိုယ်ကျိုးစီးပွါးအတွက် တစ်ပါးသူရဲ့ဘဝကို ခေါင်းပုံဖြတ်ပြီး အမြတ်မထုတ်သင့်ပါဘူး။အဆိုပါအဘိုးအိုလည်း သားဖြစ်သူနဲ့ အမြန်ဆုံး ပြန်ဆုံစည်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*