ဦးဇော်ဇော်အား မလေးရှားအိမ်ရှေ့မင်းသားကိုယ်တိုင် ဒါတိုဆရီဘွဲ့ချီးမြှင့်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ မလေးရှားနိုင်ငံ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်တဲ့ ဒါတိုဆရီဘွဲ့ (Dato’ Sri)ကို အောက်တိုဘာ ၂၄ ရက်နေ့က လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ၊ ပါဟန်ပြည်နယ် အိမ်ရှေ့စံ Tengku Abdullah ibni Sultan Ahmad Shah က ဒါတိုဆရီဘွဲ့အား ဦးဇော်ဇာ်ကို ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဆုဟာ လူမှုရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်တာဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဒုဥက္ကဋ္ဌများ အပါအဝင် ထင်ရှားကျော်ကြားသူအချို့လည်း ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*