ဖုန်းမဝယ်ပေးနိုင်လို့ဆိုပြီး သမီးဖြစ်သူရဲ့စိတ်ဆိုးဒေါသထွက်တာကိုခံခဲ့ရပြီး စိတ်ဓာတ်ကျကာအဆုံးစီရင်ခဲ့တဲ့ဖခင်

အိန္နိယနိုင်ငံ ၊ Tripura ပြည်နယ်မှာ နေထိုင်တဲ့ အသက် 50အရွယ်အမျိုးသားဟာ သူ၏သမီးဖြစ်သူလိုအပ်တဲ့ ဖုန်းပုံစံမျိုးနဲ့လွှဲမှားပြီး ဖုန်းဝယ်လာမိခဲ့လို့ဆိုပြီး စိတ်မချမ်းမသာဖြစ်ကာ ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။ သတင်းအရ သမီးဖြစ်သူဟာ 10တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီး ၊ Online Classes တက်ရောက်သင်ကြားနိုင်ဖို့အတွက် smartphone လိုအပ်ကြောင်း ဖခင်ဖြစ်သူကို တောင်းဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း စိုက်ပျိုးရေးလုပ်ငန်းတွေသာ လုပ်ကိုင်နေရတဲ့ဖခင်ဖြစ်သူက ငွေကြေးမတတ်နိုင်လို့ သာမန် keypad phone ကိုသာ ဝယ်ပေးခဲ့လို့ သမီးဖြစ်သူမှာ အတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ပါတော့တယ် ။

ထို့ကြောင့် သားအဖနှစ်ယောက်ရန်ဖြစ်စကားများကြရင်း သမီးဖြစ်သူကိုအဆိုပါဖုန်းကိုရိုက်ခွဲပစ်ခဲ့ပါတော့တယ် ။ ဖခင်ဖြစ်သူမှာလည်း စိတ်ဓာတ်ကျပြီးအိပ်ခန်းထဲသို့ဝင်ရောက်သွားခဲ့ကာ နောက်တစ်ရက်မှာတော့ ဖခင်ဖြစ်သူကို အိပ်ခန်းထဲမှာ သေဆုံးလျက်သားဖြင့်တွေ့ရှိခဲ့ရပါတော့တယ် ။

ရဲအရာရှိများကလာရောက်စစ်ဆေးခဲ့ချိန်မှာတော့ အိမ်အတွင်းရန်ဖြစ်စကားများမှုများရှိခဲ့ကြောင်းကိုသိရှိခဲ့ရပြီးနောက် ၊ ဖခင်ဖြစ်သူသေဆုံးမှုဟာ သာမာန်သေဆုံးမှုမျိုးမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။ ယခုလို online classes တွေတက်ရောက်သင်ကြားနေရတဲ့အဖြစ်ကြောင့် အချို့သောဆင်းရဲတဲ့ကျောင်းသားတွေမှာ အတော်လေးအခက်အခဲရှိခဲ့ကြပြီး၊ ပြီးခဲ့တဲ့လကဆိုရင် အိန္နိယနိုင်ငံမှကျောင်းသူလေးတစ်ယောက်ဟာ ဖုန်းမဝယ်နိုင်လို့ဆိုပြီး ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*