စက္ကန့် (၃၀) နှင့် သင့် နှလုံး ကောင်းမကောင်း အလွယ်တကူ စစ်ကြည့်နည်း

စက္ကန့် (၃၀) နှင့် သင့် နှလုံး ကောင်းမကောင်း အလွယ်တကူ စစ်ကြည့်နည်း

နှလုံး ဟာ ခန္ဓာကိုယ် ရဲ့ အဓိက အကျဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်တာကြောင့် နှလုံး ကျန်းမာရေး ကို အမြဲ ဂရုတစိုက် စစ်ဆေးနေဖို့ လိုပါတယ် ။တကယ် လို့ ဆေးခန်း သွားပြီး မစစ်ဆေး ခင်မှာ ကိုယ်တိုင် စစ်ဆေးနိုင်မယ့် နည်းလမ်းလေး ရှိပါတယ် ။ဒီနည်းနဲ့ သင့် နှလုံး ကောင်းမကောင်း စစ်ဆေးဖို့ စက္ကန့် ၃၀ ပဲ အချိန်ပေးဖို့ လိုပါ တယ်နော်

ပထမ အဆင့် အနေနဲ့ ရေဇလုံ တစ်လုံးထဲကို ရေအပြည့် ထည့်ပြီး ရေခဲတုံးလေးတွေ ထည့်ပြီး ရေခဲတုံးတွေ အနည်းငယ် ပျော်သွားအောင် မွှေ လိုက်ပါ ။ဒုတိယ အဆင့် အနေ နဲ့ အဲ့ဒီ ရေဇလုံထဲမှာ လက်နှစ်ဖက် ကို နှစ်လိုက်ပြီး စက္ကန့် ၃၀ ထားလိုက်ပါ ။

စက္ကန့် ၃၀ ကြာလို့ လက်နှစ်ဖက်ကို ထုတ်ကြည့် လိုက်တဲ့ အခါ လက်ဖျား ထိပ်လေးတွေ နီနေတယ် ဆိုရင်တော့ သင့်ရဲ့ နှလုံး ကျန်းမာရေး ကောင်းမွန် ပါတယ် ။သွေးလှည့်ပတ်မှု စနစ်လည်း ကောင်းမွန် ပါတယ် ။ ဒါကြောင့် စိတ်ပူ စရာ မရှိပါဘူး ။တကယ်လို့ သင့်လက်ဖျား ထိပ်လေးတွေက ဖြူဖျော့ပြီး အပြာရောင် ဖြစ်နေတယ် ဆိုရင်တော့ သင့်ရဲ့ နှလုံးနဲ့ သွေးလှည့်ပတ်မှု ဆိုင်ရာ ကျန်းမာရေး က စိုးရိမ်စရာ အနေအထားမှာ ရှိနေ ပါတယ် ။

ဒါက သင့်သွေး ထဲမှာ အောက်စီဂျင် ပါဝင်မှု နည်းနေတာဖြစ်ပြီး ဒီ အနေအထားကို မကုသပဲ ကြာလာရင် နှလုံး ကျန်းမာရေး ကိုပါ ထိခိုက် လာစေနိုင်တာကြောင့် ဆရာဝန်နဲ့ ပြပြီး ဆေးစစ် သင့် ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*