
ဒီနေ့ စက်တင်ဘာ(၉ )ရက်နေ့လေးကတော့ ရုပ်ရှင်သရုပ်ဆောင်နေတိုးရဲ့ အသက်(၃၉) နှစ်ပြည့်မွေးနေ့လေးပါ။ နေတိုးကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ထားတဲ့မင်းသားတစ်လက်ဖြစ်တာကြောင့် ကုန်ပစ္စည်းတော်တော်များများရဲ့ Brand Ambassador အဖြစ် ခန့်အပ်ထားခြင်းခံရသူတစ်ယောက်ပါ။
ဒီနေ့ သူ့ရဲ့မွေးနေ့လေးမှာတော့ သူ Brand Ambassador အဖြစ် ဆောင်ရွက်ပေးနေတဲ့ MG Myanmar ကားကုမ္ပဏီရဲ့လက်ဆောင်တစ်ခုကို ရရှိခဲ့ပါတယ်။ ကမ္ဘာကျော် အင်္ဂလန်ကားအမှတ်တံဆိပ် Morris Garages HS Brand New ကားသစ်ကြီးကို မွေးနေ့လက်ဆောင်အနေနဲ့ ရရှိခဲ့ပြီး ပျော်ရွှင်စရာမွေးနေ့ရက်လေးကို ပိုင်ဆိုင်ခဲ့ပါတယ်။
နေတိုးကတော့ ဒီကားလေးကို စိတ်ဝင်စားတာကြာနေပြီဖြစ်ပြီး ဒီနေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့လက်ဆောင်အနေနဲ့ ရရှိခဲ့တာပါ။မွေးနေ့မှာ တန်ဖိုးကြီးတဲ့လက်ဆောင်လေးကို ရရှိခဲ့တဲ့ နေတိုးရဲ့ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Leave a Reply