သူရဲကောင်းဟူသည် စစ်မြေပြင်မှာပဲ ပေါ်ထွက်တာ မဟုတ်ဘူး ဆိုတာ သက်သေပြလိုက်တဲ့ ဖြစ်ရပ်

ယမန်နေ့ညက မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD–1214 နွားထိုးကြီးမြို့မရဲစခန်း၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ ငှက်ပျောအိုင်ကျေးရွာအနီး မြောက်ဖက် တံတားအဝင်မတိုင်မီ မီးရထားမိုင်တိုင်အမှတ် (၃၉၈/၂၀/၂၂) ကြားမှာ နံနက် ၂ နာရီ ၅၅ မိနစ် အချိန်တွင် စက်ခေါင်းခန်း လမ်းချော်သွားခဲ့ပါသည်။

ဖြစ်ပွားပုံမှာ စက်ခေါင်းမှူး ဦးအောင်နိုင် မောင်းနှင်လာချိန်တွင် ရထားဘီးချော်သည် ကိုသိသဖြင့် အရှိန်သတ်စဉ် စက်ခေါင်းမှာ သံလမ်းအရှေ့ဘက်သို့ ဦးခေါင်းလည်ကျပြီး တိမ်းမှောက်သွားခြင်းဖြစ်သည်။ ထိုကဲ့သို မတိမ်းမှောက်မီ လက်မတင်အချိန်လေးတွင် လက်ထောက် စက်ခေါင်းမောင်း ကိုကျော်ကျော်ဦး သည် နောက်တွဲများလိုက်ပါ တိမ်းမှောက်မည်ကို စိုးရိမ်သဖြင့် စက်ခေါင်းပေါ်မှ ခုန်ှဆင်းကာ နောက်ဖက် လူစီးတွဲနှင့် စက်ခေါင်းကြား အဆက်ကို အဆက်ဖြုတ်ပြီးချိန် လဲကျလုဆဲဆဲ ဖြစ်နေသောစက်ခေါင်းမှာ သံလမ်းအရှေ့ဘက်သို့ ထိုးကျ သွားသည်ဟုသိရှိရသည်။

ထိုးကျစဉ် ရှေ့တွဲနောက်တွဲ ကြား၌ရှိနေသော ကိုကျော်ကျော်ဦးမှာ ရှောင်တိမ်းချိန် မရတော့ပဲ တွဲနှစ်ခုကြားညှပ်မိပြီး နေရာ၌ပင် သေဆုံးသွားသည်ဟု သိရသည် ။

ကိုကျော်ကျော်ဦး သာ တွဲဆက်မဖြုတ်ခဲ့လျှင် နောက်ပါ လူစီးတွဲများ စက်ခေါင်းနှင့်အတူ လမ်းအရှေ့ဖက်ချောက်ထဲသို့ ပြုတ်ကျပြီး ခရီးသည်များ မရှုမလှ သေကြရမည်ဖြစ်ပြီး နောက်တွဲများမှခရီးသည်များ ဒုက္ဂဖြစ်မခံနိုင်ဟုဆိုကာ စက်ခေါင်းပေါ်မှဆင်း၍ တွဲဆက် ဖြုတ်ခဲ့ကြောင်းသိရသည် ။

ကိုကျော်ကျော်ဦး ၏စွန့်စားမှုသည် မီးရထားဝန်ထမ်း တစ်ယောက်အနေဖြင့် လုပ်နိုင်ခဲသောအလုပ်ဖြစ်သည် ။ စက်ခေါင်းမှူး ဦးအောင်နိုင် လက်ကျိုးသွားခဲ့ကာ ကိုကျော်ကျော်ဦးကတော့ ခရီးသည်များ အသက်ရှင်ရေး အတွက်သူ၏အသက် စတေး သွားခဲ့ပါသည် ။ ကျနော်တို့အားလုံး ခရီးသွားပြည်သူများအတွက် အသက်ပေးစွန့်စားခဲ့သော ကိုကျော်ကျော်ဦး ကို ခရီးသည်များအသက်(အများအကျိုးအတွက်) ကယ်တင်ရှင်တစ်ယောက်အနေဖြင့် အသိအမှတ်ပြုကြရမည် ဖြစ်ပါသည် ။

ငှက်ပျောအိုင် ရွာသူရွာသားများကလည်း သံဃာတော်များပင့်ဖိတ်၍ စက်ခေါင်း မှောက်သည်နေရာ၌ အန္တရာယ်ကင်းပရိတ် တရားတော်များ နာကြား ကြပြီး သေဆုံးသူ လက်ထောက် စက်ခေါင်းမောင်း အား အမျှပေးဝေကြကြောင်း သတင်းထပ်မံ ရရှိပါသည်။

saw nan dar အညာကျေးလက်

Be the first to comment

Leave a Reply

Your email address will not be published.


*