အိမ်မှာ ဖူးဖူးမှုတ် ထားခံရတဲ့သားသမီးတွေ ကမ္ဘာကြီးဖျားနာချိန်မှာ တိုင်းပြည်ကို အလုပ်အကျွေး ပြုကြရှာတယ်

အသံတိတ် သူရဲကောင်းများ

ဆရာဝန် ၊ ဆရာမ၊ လူနာ ၊ စေတနာ့ဝန်ထမ်းဘယ်သူစီးထားတဲ့ ဖိနပ်ဖြစ်ဖြစ်သူတို့ တစ်ခန်းဝင် တစ်ခန်းထွက်ရှာဖွေပြီးသူတို့ ဆေး‎ကြောသန့်ရှင်းကြတယ် ။

ဘယ်သူမှ သိဖို့မလိုဘူးသူတို့ဒီလိုလုပ်နေတာတွေကြာခဲ့ပြီတိတ်တဆိတ် ညပေါင်းများစွာစိတ်သန့်သန့် နဲ့ လိပ်ပြာလှခဲ့ကြ ။

အိမ်မှာ .. ထမင်းပွဲအဆင်သင့် နဲ့သူတွေအိမ်မှာ .. အရှင်သခင် တွေအိမ်မှာ .. ဖူးဖူးမှုတ် ထားခံရတဲ့သားသမီးရတနာတွေ ! အိမ်နံရံမှာ .. ဘွဲ့ဓာတ်ပုံနဲ့ သူတွေ ကမ္ဘာ့ အဖျားအနာကြီးမှာတိုင်းပြည်ကို အလုပ်အကျွေး ပြုကြရှာတယ် ။

ဘယ်သူမှ သိဖို့မလိုဘူးသူတို့ဒီလိုလုပ်နေတာတွေကြာခဲ့ပြီတိတ်တဆိတ် ညပေါင်းများစွာစိတ်သန့်သန့် နဲ့ လိပ်ပြာလှခဲ့ကြပေါ့ ။

အစ်ကိုပန်း Tun TunWin
တောင်ဒဂုံ အောင်မြင့်မိုရ်အိမ်ရာ ။

Be the first to comment

Leave a Reply

Your email address will not be published.


*