သင်ဖုန်းကိုင်တဲ့ပုံစံက ပြောပြနိုင်တဲ့ သင့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ စိတ်နေစိတ်ထား

သင်ဖုန်းကိုင်တဲ့ပုံစံက ပြောပြနိုင်တဲ့ သင့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ စိတ်နေစိတ်ထား

၁။လက်တစ်ဖက်တည်းနဲ့ကိုင်တဲ့ပုံစံ

သင်ကဖုန်းကိုလက်တစ်ဖက်တည်းနဲ့ကိုင်သုံးတတ်သူဆိုရင်သင်ဟာအမြဲတမ်းကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိတယ်ဒါပေမဲ့အချစ်ရေးမှာတော့ကွဲပြားတယ်relationship တစ်ခုကိုမစခင်မှာသင်ဟာဒီလူကိုတကယ်ပဲဘဝအတွက်လိုအပ်သလားဆိုတာကိုအချိန်ယူစဉ်းစာတယ်ဒါကြောင့်လူတွေကသင့်ကိုတစ်ယောက်တည်းနေတတ်တယ်ရှက်တတ်တယ်လို့ထင်ကြတယ်။

၂။ဖုန်းကိုလက်တစ်ဖက်နဲ့ကိုင်ပြီးနောက်လက်ရဲ့လက်မနဲ့ဖုန်းသုံးတဲ့ပုံစံ

သင်ဟာစမတ်ကျတယ်အမြော်အမြင်ရှိတယ်။ကျိုးကြောင်းဆီလျှော်စွာတွေးတတ်တယ်သင်ဟာတစ်ခုခုမလုပ်ခင်မှာကြိုတင်စဉ်းစားတတ်တဲ့လူဖြစ်တယ်ဒါပေမဲ့အချစ်ရေးမှာတော့အမြော်အမြင်ရှိတယ်လို့ပြောလို့မရဘူးအချစ်ရေးမှာဆုံးဖြတ်ချက်မြန်မြန်ချတတ်တဲ့အတွက်သင့်ရဲ့relationshipsကိုထိခိုက်စေတတ်ပါတယ်ဒါအပြင်အချစ်ရေးနဲ့ပတ်သက်ရင်သင်ဟာအလွန်ပဲဝေဖန်အကဲဖြတ်တတ်ပါတယ်။

၃။လက်၂ဖက်လုံးနဲ့ဖုန်းကိုင်ပြီးသုံးတဲ့ပုံစံ

သင်ဟာဆုံးဖြတ်ချက်တွေကိုမြန်မြန်ဆန်ဆန်နဲ့မှန်ကန်စွာချတတ်တဲ့လူမျိုးပါ။မရင်းနှီးတဲ့ပတ်ဝန်းကျင်မျိုးမှာတောင်မှန်မှန်ကန်ကန်ပြုမူတတ်တယ်အချစ်ရေးမှာတော့ဒီလိုမဟုတ်ပါဘူးသင့်ရဲ့ယုံကြည်ချက်လွန်ကဲမူကသင်နှစ်သက်တဲ့သူကချည်းကပ်လာတဲ့အခါအဆင်မပြေတာမျိုးဖြစ်နိုင်ပါတယ်သင့်ကိုရှိန်နေတာမျိုးဖြစ်နိုင်ပါတယ်။

၄။လက်တစ်ဖက်နဲ့ဖုန်းကိုင်ပြီးနောက်လက်ရဲ့လက်ညှိုးနဲ့ဖုန်းသုံးတဲ့ပုံစံ

သင်ဟာသင့်ဘဝရဲ့ရည်မှန်းချက်တွေကိုနည်းလမ်းကောင်းကောင်းနဲ့ဖြစ်မြောက်အောင်ဆောင်ရွက်နိုင်သူဖြစ်တယ်တီထွင်ကြံဆနိုင်စွမ်းရှိသူဖြစ်တယ်ဒါပေမဲ့အချစ်ရေးမှာတော့တီထွင်နိုင်စွမ်းဟာရှက်စိတ်အဖြစ်ပြောင်းသွားတတ်တယ်ဒါပေမဲ့သင့်ကိုရင်းနှီးဖူးတဲ့လူတွေကတော့သင့်ရဲ့personality ကိုချီးကျူးမိကြတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*