ထမင်းစားလို့ မဝင်တော့တဲ့အထိ စိတ်ဆင်းရဲနေတဲ့အကြောင်း ပြောပြလာတဲ့ အကယ်ဒမီ ချိုပြုံး

မင်းသမီးကြီး ချိုပြုံးကတော့ အနုပညာလောကမှာ ထင်ရှားလှတဲ့ အနုပညာရှင်ကြီးဖြစ်ပြီးပရိသတ်တွေရဲ့ ချစ်ခြင်းကိုရရှိထားသူတစ်ဦးပါယခုရက်ပိုင်းမှာတော့ ကိုဗစ်ရောဂါဟာ အနုပညာရှင်တွေကိုလည်းရိုက်ခတ်လာခဲ့တာဖြစ်ပြီ နာရေးကူညီမှုအသင်း ဥက္ကဠ ဦးကျော်သူ ကိုဗစ်ကူးစက်ခံခဲ့ရသလိုသရုပ်ဆောင် အဆိုတော် ရန်ပိုင်စိုးလည်း ကိုဗစ်ကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။

 

ဒီလိုအကြောင်းတရားတွေကြောင့် မေချိုတစ်ယောက် ထမင်းစားလို့ မဝင်တော့တဲ့အထိစိတ်ဆင်းရဲနေရတယ် လို့ မီဒီယာတွေ့ဆုံမှုတစ်ခုမှာဆိုလာခဲ့တာပါ။အဲ့ဒီနေ့ကစပြီး မေချို့စိတ်တွေပြိုလဲသွားတာ ရက်နည်းနည်းကြာမှထမင်းစားနိုင်တယ် ကိုရန်ပိုင်စိုးဆိုတာ စနေတနင်္ဂနွေဆိုရင် ပွဲတွေမှာအမြဲတွေ့နေရတဲ့သူဆိုတော့လေ

မျက်စိထဲမှာမြင်ပြီးတော့လေ နောက်ပြီးတော့ သူကလည်း အရမ်းမှပျော်ပျော်နေတတ်ပြီးတော့လူတွေပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့သူတစ်ယောက်ဆိုတော့လေ အဲ့ဒါတွေကြောင့်မတွေးရဲလောက်အောင်တုန်လှုပ်သွားတယ် ဒါပေမယ့်လေ အိမ်ကသားသမီးတွေက ဒါတွေကို မတွေးပါနဲ့ ဆိုပြီး မေချို့ကို စိတ်ပျော်အောင်ထားကြတယ်

မောင်မောင်( ဦးကျော်သူ ) ကတော့ ပရဟိတတွေ အမြဲလုပ်နေတဲ့သူဖြစ်တဲ့အတွက် သူ့ကိုဒါတွေက ကယ်မှာပါလို့ ယုံကြည်တယ် ဒါလေးကိုအာရုံလေးပြုပြီးနေမယ်ဆိုရင် ရောဂါတွေအကုန်ပျောက်သွားမယ်လို့ ထင်ပါတယ် သူဒီရောဂါကပ်ဆိုးကြီးကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ပါတယ် ကျော်လွှားသွားနိုင်ဖို့အတွက်လည်း မေချိုအမြဲဆုတောင်းပေးနေပါတယ်။

အိမ်မှာဆိုလည်း မေချိုအကုန်လုံးကိုပြောထားတယ်။ ဒီအကြောင်းတွေကို မပြောကြပါနဲ့လို့…… ဘာလို့လည်းဆိုတော့ မခံစားနိုင်လို့…..မေချိုတို့ အခုကြုံနေရတာတွေက တခါမှ အိပ်မက်တောင် မမက်ဘူးတာတွေလေ အဲ့တော့မခံစားနိုင်တော့လို့ပါ။” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

မေချိုကတော့ ကိုဗစ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ထမင်းစားလို့ မဝင်တော့တဲ့အထိ စိတ်ဆင်းရဲနေရတဲ့အကြောင်း ပြောပြာလာခဲ့တာပဲဖြစ်ပါတယ်နော်။ အဆုံးထိဖတ်ရှုပေးလို့လည်း ကျေးဇူးတင်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*