မောင်လေးတွေကိုသာ အထူးအခွင့်အရေးပေးမယ်ဆိုတဲ့ စပယ်ယာအပျိုကြီးမမ ခေးဆက်သွင် (ရုပ်သံ)

ပရိသတ်ကြီးရေခေးဆက်သွင်ကတော့ MRTV- (4) ဇာတ်လမ်းတွဲမင်း သ မီးလေးဖြစ်တဲ့အပြင် အမြဲပျော်ပျော်နေတတ်ပြီး သရုပ်ဆောင်ကောင်းလွန်းတဲ့မင်းသမီးလေး ဖြ စ်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေရသူလေးလို့ ဆိုရမှာပါ။

အရိပ်ဇာတ်လမ်းတွဲမှာ ” အညို ” ဆိုပြီး ပရိသတ်တွေအားပေးခံခဲ့ရတာဖြစ်ပြီး ” နှင်းဆီ ” ဇာတ်လမ်းတွဲမှာလည်း ” နှင်းဆီ ” ဇာတ်ကောင်နဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့သူလေးဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့အပြုံးလေးတွေ နဲ့ အပြူအမူအပြောလေးတွေကြောင့် ပုရိသတွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားသူပါ။

ဖြူစင်တဲ့စိတ်ထားလေးနဲ့ ရရင်ရသလိူ အလှူဒါန လေးတွေပြုလုပ်တတ်တဲ့မင်းသမီးလေးဆို လည်း ဟုတ်ပါတယ်နော်။ လတ်တလောမှာတော့ သူငယ်ချင်းဖြစ် သူတွေနဲ့ အမြဲ TikTokဆော့ကာ stay homeနေနေတာ ကို တွေ့ရပါတယ်။

ဒါ့အပြင် အိမ်မှုကိစ္စတွေလည်း ပြုလုပ်ကာ အပင်လေးတွေစိုက်ကာနေထိုင်နေ သူပါ။ လက်ရှိမှာတော့ သူမအနေနဲ့ ပျော်ပျော်နေတတ်တဲ့အကျင့်အတိုင်းခွေးစာကျွေး ရင်းစပယ် ယာလုပ်ကာ စနောက်ပြီး သူမသာစပယ်ယာလုပ်ရင်လူတွေကို အမျိုးအစားခွဲ

ပိုက်ဆံကောက်မယ့် အကြောင်းကိုအရွှန်းဖောက်ကာ စနောက်ထားတဲ့ဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင် ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*