ကိုဗစ်ပိုးကို ထုံးပက်ပြီး သုတ်သင်မယ့် မြန်မာပြည်သားများ (ဘယ်သူက မြှောက်ပေးလိုက်လဲ မသိဘူး)

မန်းလေးမှာ ဘယ်သူက စလိုက်လဲ မသိဘူး .. နှင်းတွေများကျနေလား အောင်းမေ့ရလောက်အောင် ထုံးတွေကို လမ်းတွေမှာ ဖြူးကြတယ်။

ဘာလို့လဲဆိုတော့ ကိုဗစ်ပိုး သေအောင်တဲ့။

ကိုဗစ် ပိုး သေတာ မသေတာ အပထား .. ပြသနာက ဘာဖြစ်လဲဆိုတော့ .. အဲဒီထုံးတွေ တက်နင်းလာသမျှ ကားတွေ ဆိုင်ကယ်တွေ ဖိနပ်တွေဟာ .. အိမ်တိုင်းစေ့ ကြမ်းပြင်တိုင်းမှာ ထုံးတွေပေပြီး ပွထနေရော။ နောက် ဒီထုံးဆိုတာ အခမသင့်ရင် microscopic particales ဆန်ဆန် ထုံးအမှုန့်လေးတွေကနေ အခုလို ဆိုးကျိုးတွေ ရနိုင်တယ်။

၁။ အရေပြားယားယံစေတယ်။ ၂။ ထုံးအမှုန်တွေက ပြင်းလျှင် ပြင်းသလို .. မျက်စိပျက်စီးခြင်းကိုဖြစ်ပေါ်စေတယ်။ ၃။ ရှူရှိုက်မိပါကကင်ဆာဖြစ်စေနိုင်တယ်။ ၄။ သာမာန် ရှုတောင် အသက်ရှူလမ်းကြောင်း အထူးသဖြင့် လည်ချောင်း အာခေါင် နှာခေါင်းတို့ကို ယားယံစေနိုင်တယ်။ ၅။ အပူချိန်နဲ့အတူ ဓါတ်ပြုပြီး အကြိမ်ပေါင်းများစွာ အကြာကြီးထိတွေ့လျှင် အဆုတ်ကိုပျက်စီးစေတယ်။

အခြားဆိုးကျိုးတွေလည်း အများကြီး။ ဆိုလိုတာက ကိုဗစ်ပိုးကို အခုလို ထုံးဖြူးပြီး သတ်တာ ဘယ်သူက စလိုက်မှန်း မသိပေမယ့် .. ကိုဗစ်မဖြစ်တဲ့ အခြားလူတွေက အလကားနေရင်း ထုံးမှုန်တွေ ရှုပြီး ပြသနာဖြစ်ကုန်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*