ပရဟိတကို ပေါ်ပင်လုပ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုမှုတွေအပေါ်မှာ ထိထိရောက်ရောက်တုံ့ပြန်လိုက်တဲ့ ခိုင်နှင်းဝေ (ရုပ်သံ)

ပရိသတ်ရဲ့အချစ်တော် ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတည်ထောင်ကာ ကလေးတွေကို စောင့်ရှောက်ပေးနေရုံမက လတ်တလောကိုဗစ်ကာလမှာ အခက်အခဲရင်ဆိုင်နေရသူတွေကိုလည်း နေ့စဉ်နဲ့အမျှ သူတတ်နိုင်သလောက် လှူဒါန်းပေးနေပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ မင်းသမီးချော ခိုင်နှင်းဝေက ပရဟိတဆိုတာ ပေါ်ပင်လုပ်ရင်တောင် မလွယ်ဘူးလို့ သူ့ကိုဝေဖန်လာတဲ့ သူတွေအပေါ် ဒဲ့ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ” ပရဟိတကလေ ပေါ်ပင်လုပ်တယ် ဆိုရင်တောင် မလွယ်ဘူး။ တကယ်တော့ ဘယ်အရာမဆို ပေါ်ပင်ဆိုလည်း

ပေါ်ပင်အလျောက် ခဏတော့အောင်မြင်သွားမယ် ပြီးရင်တော့ ရေရှည်မအောင်မြင်ဘူးပေါ့” ခိုင်နှင်းဝေအနေနဲ့ ၂၀၁၄ တည်းကရေဘေးကူညီရေးတွေလုပ်ရင်း ပရဟိတ စလုပ်ဖြစ်တည်းက ပေါ်ပင်လုပ်တယ်၊ နာမည်ကြီးချင်လို့လုပ်တယ်။ စသဖြင့် ဝေဖန်ခံခဲ့ရဖူးတယ်လို့ ရင်ဖွင့်ပြောကြား

လာပါတယ်။ ခိုင်နှင်းဝေအနေနဲ့ ဒီလိုဝေဖန်တိုက်မှုတွေကြားထဲကနေ ပရဟိတလုပ်ငန်းတွေကို ဖြည်းဖြည်းနဲ့မှန်မှန်လုပ်လာရာက ကလေးမွေးပေးနိုင်တာလေးတွေ ဂေဟာလေးတွေတည်ထောင်ပြီး ကူညီပေးနိုင်လာတာလေးတွေထိ အောင်မြင်လာခဲ့တာဖြစ်တယ် လို့ သိရပါတယ်။ သူမဆိုရင်

ကိုယ့်ကိုယ်ကို ပရဟိတလုပ်ချင်စိတ်ရှိမှန်း အစတုန်းကမှာ မသိရှိသေးပဲ ရုပ်ရှင်မင်းသမီးဖြစ်ချင်တဲ့ ဝါသနာပဲရှိရာကလုပ်ရင်းကိုင်ရင်း တဖြည်းဖြည်းနဲ့ ပရဟိတစိတ်ဓာတ်တွေ နှိုးကြားရှင်သန် လာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ “အခုဆိုရင် ပရိသတ်က အမရဲ့ စေတနာပေါ်မှာ အသိအမှတ်

ပြုလာတယ် အဲ့တာဘာလည်းဆိုတော့ စေတနာမှန်တယ် လမ်းမှန်ပေါ်မှာ မှန်မှန်ကန်ကန် လျှောက်တယ် ပြီးတော့ အမက ဖြည်းဖြည်းနဲ့မှန်မှန်ပဲ သွားတယ်ကိုယ်လုပ်တဲ့ အလုပ်ကို တစ်စိုက်မတ်မတ် လုပ်တယ်။ အဲ့အတွက်ကြောင့် ပရိသတ်တွေဆိုရင် အမအပေါ်မှာ လက်ခံလာတယ် ပေါ့နော်၊

အမရဲ့ ပရဟိတတွေပဲ ဖြစ်ဖြစ် အမရဲ့ ကလေးတွေပဲ ဖြစ်ဖြစ် ပါဝင်ပြီးတော့ လှူဒါန်းချင်ကြတယ်” မြန်မာနိုင်ငံမှာက နိုင်ငံဆင်းရဲပေမယ့် ပြည်သူပြည်သားတွေရဲ့ စေတနာမဆင်းရဲတဲ့အတွက် ဒီကိုဗစ်ကာလမှာဆိုရင်လည်း စေတနာ့ဝန်ထမ်းတွေဟာ ကိုယ်ကျိုးမငဲ့ပဲ အသက်ကို ပဓာနမထားပဲ

ဝိုင်းဝန်းကူညီပေးကြတယ်လို့ တက်ကြွစွာ ပြောဆိုလာပါတယ်။ ပရဟိတလုပ်ငန်းဆိုတာမျိုးက တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းရဲ့စွမ်းဆောင်အားနဲ့ မဟုတ်ပဲ အစုအဖွဲ့ အများအပြားရဲ့ ပါဝင်ကူညီမှုကြောင့်သာ လိုအပ်တဲ့နေရာအလျောက် လိုက်လံကူညီနိုင်တာ ဖြစ်တယ်လို့ သူမရဲ့

အမြင်လေးကို အခုလိုပဲဝေမျှပေးလိုက်ပါတယ်။ အခုတလောကတော့ သီလရှင်ဆရာလေးတွေကို ကူညီလှူဒါန်းပေးဖြစ်ခဲ့ပြီး သိပ်မကြာခင်မှာပဲအကူအညီလိုအပ်နေတဲ့ကလေးဆေးရုံတွေမှာ လှူဒါန်းမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ပရိသတ်ကြီးတို့ရေ ပရဟိတမင်းသမီးချော

ခိုင်နှင်းဝေကတော့ မလိုသူတွေက မည်သို့ပင် ဝေဖန်တိုက်ခိုက်သည်ဖြစ်စေ မိမိလုပ်စရာရှိတဲ့ ပရဟိတလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်လှူဒါန်းသွားမယ်ဆိုတာကို အတိအလင်း ပြောကြားလိုက်ပါပြီ။ အင်မတန်မှ လေးစားချစ်ခင်ဖွယ် ကောင်းတဲ့ မြန်မာ့ပရဟိတစိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*