ရန်ကုန်ဆေးရုံကြီးမှာ အရင်လိုပြွတ်သိပ်ကြပ် နေတာမျိုး မရှိတော့ဘူးလို့ ပြောလိုက်တဲ့ ဒေါက်တာနန္ဒဝင်း

ရန်ကုန်ဆေးရုံကြီးမှာ အရင်လိုပြွတ်သိပ်ကြပ် နေတာမျိုး မရှိတော့ဘူးလို့ ပြောလိုက်တဲ့ ဒေါက်တာနန္ဒဝင်း

“အသက်တိုင်းကို ထည့်တွက်ပါ”

ကူးစက်ရောဂါ နှိမ်နှင်းရေး လုပ်ငန်းတစ်ခု မှာ ဆရာကြီးတစ်ဦးက ဆုံးမသွားတ

လူတစ်သောင်းဖြစ်တာ တစ်ယောက်ပဲသေတယ် ရောဂါဖြစ်သူသေနှုန်းCase fatality rate သုည ဒဿမ ဘယ်လောက်ဘယ်လောက် လို့ ယေဘုယျ ခြုံငုံပြောဖြေသိမ့်ကျေနပ်လို့ရပေမယ့် အဲဒီသေဆုံးသွားတဲ့ သူ မိသားစုအတွက်ကတော့ ၁၀၀% ဆုံးရှုံးမှုပါပဲ။ အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။ လူနာတိုင်းကတော့ သူတို့ မိသားစုတိုင်းအတွက် VIP ပါပဲ။ လူတိုင်းရဲ့ သောက နဲ့ ဆန္ဒ ကို နားလည်ပေးလိုက်ပါ။ တန်းတူညီမျှ Equality ပေးသင့်တဲ့နေရာမှာပေးနိုင်အောင် သာတူညီမျှ Equity ပေးသင့်တဲ့နေရာမှာ ပေးနိုင်အောင် ကုသရေး မှာရော ကာကွယ်ရေးမှာရော SOP တွေ Protocol တွေရှိပါစေ။

ရင်ထဲမှာ ဆွဲသွားတဲ့ ဆုံးမစကားတွေကြောင့် ခုရက်ပိုင်းအတွင်း အတော့်ကို နှလုံးသွင်းမှန်အောင် နေနိုင်ခဲ့ပါတယ်။ ဆေးရုံအတွက် လိုအပ်ချက်တွေ လှူပေးနေတဲ့အလှူရှင် အမေကြီး၊ ဆရာဝန် ဆရာမတွေ အတွက် သူ့ပိုင်တိုက်ခန်းကို အခမဲ့နေခွင့်ပေးပြီးနေ့စဉ်ချက်ပြုတ်ကျွေးနေတဲ့အမ၊ ညီအကိုလိုခင်နေတဲ့ သတင်းအယ်ဒီတာအမတ်လောင်း၊ ဌာနတစ်ခုက အဆင့်မြင့်အရာရှိတစ်ဦးရဲ့ မိခင်၊ သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့ ဦးလေး၊ လုပ်အားပေးလူငယ်ရဲ့အဘွား၊ ကျွန်တော့်ဆရာမရဲ့ သူငယ်ချင်း၊ ကျွန်တော့် ဖခင်ရဲ့ မိတ်ဆွေ၊ ကျွန်တော့်အဒေါ်ရဲ့တပည့်၊ အသိတစ်ယောက်ရဲ့ ဘာသာရေး လေးစားရသူ စသည်စသည်ဖြင့် ခင်မင်ရသူ ချစ်ခင်ရသူ ကျေးဇူးရှိသူ အားလုံး အားလုံး အရေးပေါ်ကိုရောက်လာတဲ့အခါ ကျွန်တော့်မှာ အလုပ်တွေ ပင်ပန်းမှုတွေ ဖိစီးမှုတွေ ရှိနေပါစေ အတတ်နိုင်ဆုံး ကိုယ်စီကိုယ်စီရဲ့ လိုအပ်ချက်တွေ ပြောကြားချက်တွေကို နားထောင်ကူညီပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။

မသိမသာ ရော သိသိသာသာပါ ရန်တွေ့ တတ်သူတွေ နားလည်ပေးသူတွေ ဖိအားပေးသူတွေ စာနာတတ်သူတွ အားလုံး အားလုံးပေးတဲ့ ခံစားချက်တွေကို ကုလ လာဘ ဘယ ကင်းစွာ သဒ္ဓါ အားဖြင့် ခံယူလျက်ပါ။

ဝန်နှင့်အားနှင့်မမျှစွာ ပင်ပန်းစွာ စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန် ဆရာမတွေလည်း ဖိအားမဖြစ်အောင် အသီးသီးရဲ့ ဆန္ဒလေး တွေလည်း ပြည့်အောင် ရောဂါ အနေအထားပေါ်မူတည်ပြီး ကျန်ခံစားနေရသူများလည်း သူတို့ကို ဦးစား ပေးတာကြောင့် ဘေးဖယ်ခံရခြင်းမဖြစ်ရအောင် ကြိုးစားစီမံပေးပါတယ်။ ကျေနပ်သွားသူတွေ ရှိသလို မကျေနပ်သူတွေလည်း ရှိနိုင်ပါတယ်။ မကျေနပ်သူ တစ်ယောက်ခြင်းစီတိုင်းကို အနူးအညွတ် တောင်းပန်ပါတယ်။ အားလုံးပြေလည်အောင် အထက်က စေခိုင်းတဲ့ တာဝန်ရော လုပ်ဆောင်ရင်းတွေ့ကြုံရတဲ့ အလုပ်တွေကိုရော ပြည့်စုံအောင် ရှိတဲ့ အင်အား စုမိတဲ့ အား နှင့် အကောင်းဆုံး ကြိုးစားနေရပါတယ်။

ခုဆိုရင် ဟိုးအရင်ကလိုတော့ ပြွတ်သိတ်ကြပ်မနေတော့ပါဘူး။ နေစရာမရှိလို့ ကြမ်းခင်းပေါ် ချ အိပ်နေရတာမျိုး ကုလားထိုင်လေးပေါ် ကျုံ့ကျုံ့လေး နေရတာမျိုး မရှိတော့ပဲ လူတိုင်း ကုတင်ပေါ်တော့ ရောက်အောင် ပါမောက္ခချုပ်ကြီးဒေါက်တာဇော်ဝေစိုး နှင့် ဆေးရုံအုပ်ကြီး(ဒုချုပ်) ဒေါက်တာ မြင့်မြင့်အေး တို့ ဦးဆောင်တဲ့ အဖွဲ့က စီမံနိုင်ခဲ့ပါပြီ။ ရောက်လာသမျှသော လူနာတိုင်းကို အဆင်ပြေစေရန် ရန်ကုန်ဆေးရုံကြီးက ကြိုးစားနေပါတယ်။ ကုတင်ပြည့်နေလို့ လူများလို့ဆိုပြီး ငြင်းဆန်တာမရှိတဲ့အခါ ရောဂါ ပြင်းထန်မှု အနေအထားပေါ်မူတည်ပြီး ဦးစားပေးစနစ်ကို ဆောင်ရွက်ပါတယ်။ ဉပမာ အသက် ၈၂ နှစ် အမေကြီး အစာအိမ်ပေါက်နေတယ်လို့ အဖြေသိပြီး ကြိုတင်ဆက်သွယ်ထားတဲ့ ကိုဗစ်ပိုးတွေ့လူနာကို လူနာတင်ယာဉ်နှင့် သူ့ကို ခွဲစိတ်ကုသပေးမယ့်အဆောင် အနားအထိ တန်းသယ်ပို့တာမျိုးလုပ်ပေးပါတယ်။ တဆင့်ဆင့် စစ်ဆေးတဲ့အဆင့်တွေကို ကျွန်တော်တို့ လက်ထောက်ဆရာဝန်လေးတွေပဲ လိုက်လုပ်ပေးတာမျိုးရှိပါတယ်။

ဆိုခဲ့သလိုပါပဲ “လူနာတိုင်းကတော့ သူတို့အိမ်မှာ အရေးကြီးပုဂ္ဂိုလ်ပါပဲ” ကျွန်တော်တို့ကလည်း ထပ်ဆိုပါရစေ လူနာတိုင်းဟာ ကျွန်တော်တိုအတွက် အရေးကြီးပုဂ္ဂိုလ် တွေပါခင်ဗျာ….

ဒေါက်တာနန္ဒဝင်း

Be the first to comment

Leave a Reply

Your email address will not be published.


*