
တရုတ်ပြည်ကစုံတွဲရဲ့ ဖြစ်ရပ်ပါ။သူတို့က ကားထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေတုန်း သတို့သားရဲ့ ဖုန်းထဲကိုဗီဒီယိုတစ်ခုရောက်လာခဲ့ပါတယ်။သတို့သမီးက မင်္ဂလာမဆောင်ခင်ညမှာ သူမရဲ့ အရင်ရည်းစားနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ညလုံးရှိနေခဲ့တယ်လို့ အရင်ရည်းစားက စာနဲ့အတူ ဗီဒီယိုဖိုင်ကိုပို့ပေးခဲ့တာပါ။
သတို့သားကအရမ်းကိုစိတ်ဆိုးသွားပြီး သူမကို ကားထဲကနေ အတင်းဆွဲထုတ်ပြီးထားခဲ့ပါတယ်။အနီးအနားက လူတွေကတော့သူတို့ရဲ့ ပြဿနာကိုမသိပဲ အံ့သြနေကြပါတယ်။သူတို့ရဲ့ ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းဖို့သူမရဲ့ မိဘဆွေမျိုးတွေက မျှော်လင့်နေတယ်လို့ သိရပါတယ်။
Leave a Reply