ဒီနေရာလေးတွေကိုဖိနှိပ်ပေးလိုက်တာနဲ့ခန္ဓာကိုယ်အနှံ့ကနာကျင်ကိုက်ခဲမှုတွေကိုသက်သာစေတယ်ဆိုပဲ

လူတိုင်းလိုလိုညောင်းညာနာကျင်ကိုက်ခဲခြင်းတွေကိုအနည်းဆုံးတစ်ခါမဟုတ်တစ်ခါတော့ခံစားဖူးကြမှာပါ။ ဒီလိုခန္ဓာကိုယ်ရဲ့ဘယ်နေရာမဆိုညောင်းညာကိုက်ခဲခြင်းကို ခံစားနေရပြီဆိုရင်တော့ ဘယ်လိုနေရာလေးတွေကိုနှိပ်နယ်ပေးလိုက်တာနဲ့သက်သာသွားစေနိုင်သလဲဆိုတာ..

1. မျက်ခုံးနစ်ခုကြားနေရာ


မျက်ခုံးနှစ်ခုကြား မျက်ကြောဟာ နေရာကိုလက်မလေးနဲ့ဖိဖိပြီးနှိပ်နယ်ပေးခြင်းဟာ ခန္ဓာကိုယ်ကနာကျင်ကိုက်ခဲမှုတွေကိုပြေလျော့စေပါတယ်။

2. လက်ကောက်ဝတ်


လက်ကောက်ဝတ်နားကိုလက်ချောင်းလေးနဲ့အသာလေးဖိပေးပြီး နှိပ်နယ်ပေးခြင်းဟာလည်း ညောင်းညာကိုက်ခဲခြင်းသက်သာစေတာပါပဲ။

3. နားထင်

ဒီနည်းလေးကတော့ အထူးသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်း ခေါင်းကနေခါးလောက်ထိကနာကျင်ကိုက်ခဲမှုတွေကိုသက်သာစေတဲ့နည်းလေးတစ်ခုပါ။

4. ခြေဖဝါးပေါ်ခြေဖဝါးအပေါ်


တစ်နည်းအားဖြင့်ခြေခုံပေါ်ကိုနှိပ်နယ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့အောက်ပိုင်းတင်မကပဲ အပေါ်ပိုင်းအကြောအားလုံးကိုပါထိရောက်စေပါတယ်။

5. လက်မနဲ့လက်ညိုးကြား


လက်မနဲ့လက်ညိုးကြားထဲက နေရာလေးက အကြောစုံရှိတဲ့နေရာလေးပါ။ အစာမကြေလို့အီလည်လည်ဖြစ်နေတာမျိုးခေါင်းကိုက်ခေါင်းမူဖြစ်နေတာမျိုးနဲ့ ကိုယ်လက်မအီမသာဖြစ်နေချိန်တွေမှာနှိပ်နယ်ပေးရင်သက်သာစေပါတယ်။

6. ခြေဖဝါးအောက်


ခြေဖဝါးအောက်ကို နှိပ်နယ်ခြင်းဟာ တစ်ခါတစ်ရံမှာကျင်စူးစူးအရသာကိုခံစားရစေနိုင်ပေမဲ့မစိုးရိမ်ပါနဲ့။ ဒီလိုနာကျင်တာဟာအကြောတွေအားလုံးကိုထိလို့ကျင်စူးသွားတာမလို့ ထိတယ်လို့ယူဆပြီးနှိပ်သာနှိပ်ပေးပါ။ နှိပ်ပြီးတဲ့အခါပေါ့ပေါ့ပါးပါးဖြစ်သွားတယ်ဆိုတဲ့ထူးခြားတဲ့အရသာကိုခံစားရမှာပါ။

7. နောက်ဇာက်ကြော


နောက်ဇာက်ကြောကိုနှိပ်နယ်ပေးခြင်းကြောင့်ခေါင်းတစ်ခုလုံးပေါ့ပါးလန်းဆန်းပြီးအကြောပြေစေနိုင်ပါတယ်။ တစ်ခုသတိထားရမှာကနောက်ဇာက်ကြောကိုနှိပ်နယ်တဲ့အခါ သေချာနှိပ်နယ်ပေးဖို့နဲ့အခန့်မသင့်လို့အကြောမှားနှိပ်မိရင် ဦးနှောက်သွေးကြောပျက်တာမျိုး၊ ဇာက်လွဲသွားတာမျိုးဖြစ်စေနိုင်တာမလို့သတိထားသင့်ပါတယ်။

8. ခြေဖနော့က့်အပေါ်

နားခြေဖနောက့်အပေါ်နားဟာ အကြောစုံတွေရှိတဲ့နေရာတစ်ခုပါပဲ။ ဆိုတော့ဒီနေရာလေးကိုဖိနှိပ်ပေးခြင်းဟာလည်း အကြောပြေ အညောင်းညာသက်သာစေတဲ့နည်းလမ်းတစ်ခုပါပဲ။

9. ရင်ညွှန့်

ရင်ညွန့်ပတ်ပတ်လည်ကိုနိပ်နယ်ပေးခြင်းဟာ ဝမ်းဗိုက်တစ်လျှောက်နာကျင်ကိုက်ခဲမှုတွေ အစာမကြေလို့ ဖြစ်လာတဲ့ နေသာထိုင်သာမရှိတဲ့ဝေဒနာတွေကို မိနစ်ပိုင်းအတွင်းသက်သာစေတာမလို့ နှိပ်နယ်ပေးသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*