ထိုင်းမှာ ကံကြမ္မာပြောင်းလဲစေဖို့အတွက် လက္ခဏာလမ်းကြောင်းတွေကို ပြောင်းလဲပေးနေ

ထိုင်းမှာ ကံကြမ္မာပြောင်းလဲစေဖို့အတွက် လက္ခဏာလမ်းကြောင်းတွေကို ပြောင်းလဲပေးနေ…

ထိုင်းနိုင်ငံမှာ ကံကြမ္မာပြောင်းလဲစေဖို့အတွက် လက္ခဏာလမ်းကြောင်းတွေကို ပြောင်းလဲပေးတဲ့တက်တူး (ဆေးမင်ကြောင်) ဆိုင်တစ်ခုဟာ လူကြိုက်များရေပန်းစားလျက်ရှိတယ်လို့ သိရပါတယ်။

Nonthaburi ဒေသမှာရှိတဲ့ တက်တူးဆိုင်က ကိုယ်ရဲ့လာဘ်လာဘ၊ ကျန်းမာရေးနဲ့ မေတ္တာရေးအစရှိတာတွေကို ရိုးရိုးလေးပဲ ပြောင်းလဲလိုက်လို့ရပါတယ်လို့ ဆိုထားပါတယ်။

Ajarn Ple ခေါ် Pro-fessor Ple အမည်ရှိတဲ့အမျိုးသမီးက လက္ခဏာလမ်းကြောင်းပြောင်းလဲပေးတဲ့ တက်တူးဆိုင်ကို ဖွင့်လှစ်ထားတာဖြစ်ပြီးတော့ ထိုင်းနိုင်ငံမှာ ဒီလိုဆိုင်မျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ရတာဖြစ်ပါတယ်။

Ajarn Ple က သူကိုယ်တိုင်လည်း လက္ခဏာလမ်းကြောင်းပြောင်းထားတာကြောင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတာပါလို့ ဆိုပါတယ်။ အစောပိုင်းမှာ မျက်ခုံးမွေးတက် တူထိုးတဲ့လုပ်ငန်းသာလုပ်ကိုင်ခဲ့ပြီး လက္ခဏာပညာကို စိတ်ဝင်စားရာကနေ စိတ်ကူးသစ်ရရှိခဲ့တာဖြစ်ပါတယ်။

Ajarn Ple ရဲ့လက္ခဏာလမ်းကြောင်းပြောင်းလဲပေးတဲ့ တက်တူဆိုင်ကို ယုံကြည်လို့လာရောက် သူတွေလည်းရှိသလို လိမ်နေတာလို့ စွပ်စွဲပြောဆိုနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*