ကိုဗစ်ကာလ ပြည်သူတွေကို နေ့စဉ်နားဒုက္ခပေးနေတဲ့ ဘနားနားကို မေတ္တာရပ်ခံလိုက်တဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ ဒိန်းဒေါင်ကတော့ ပရိသတ်အားပေးချစ်ခင်ရတဲ့ ဟာသလူရွှင်တော် သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေ ပျော်ရွှင်အောင်ဖန်တီးပေးသလ်ို ပရိသတ်တွေ ဒုက္ခရောက်ချိန်မှာလဲ ကူညီးပေးနေသူပဲဖြစ်ပါတယ်။ ယခုလိုကိုဗစ်ကာလမှာ ဒုက္ခရောက်နေသူတွေကို နေ့စဉ်နှင့်အမျှ ကူညီပေးနေပြီး ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဒိန်းဒေါင်က ပရိသတ်အချစ်တော် ခြိမ်ကေကို ကိ မေတ္တာရပ်ခံမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒိန်းဒေါင်က “ဘနားနား(ခ)ခြိမ့်ကေကိုသိစေရန် ကိုဗစ်ကာလတွင်ပြည်သူများအားနေ့စဥ်နားဒုက္ခပေးနေကြောင်းကြားသိရပါသဖြင့်ယခုအချိန်မှစ၍ကိုဗစ်ကာလပြီးဆုံးချိန်အထိနားဒုက္ခပေးခြင်းအားရပ်ဆိုင်းပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်😁😁😁” ဆိုပြီး စနောက်ပြီးတင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်အားပေးမှုရရှိထားတဲ့ ခြိမ့်ကေကိုကတော့ အဖေဒိန်းရဲ့ပြောစကားကို နားထောင်ပမယ်လို့ပြောလာခဲ့ပါတယ်။ ခြိမ့်ကေကိုက “အဖေဒိန်းပြောစကားတော့နာထောင်ပါဖို့အသင့်ပါဘဲ့ ရန်ကုန်မှာအခက်အခဲ့ဖြစ်နေချိန်အကူညီပေးတဲ့အဖေဒိန်းကျေးဇူးမေ့လို့မရပါဘူး ကျေဇူးတရားဆိုတာ ဗုဒ္ဓဘါသာလူမျိုးဖြစ်တဲ့ကျွန်တော်တို့အတွက်မမေ့နိူငိစရာပါဘဲ့ ရန်ကုန်မှာအနုပညာလုပ်ငန်းအတွက်အခြေချဖို့အတွက် ကျွန်တော်တို့သာမန်လူသားအနေနဲ့ကဘလိုမှမဖြစ်နိူင်ပါဘူး နှစ်နှစ်ကာလအထိအဖေဒိန်းဟာနေစရာပေးတဲ့အပြင် အနုပညာအလုပ်တွေဖြစ်တဲ့ ဇာတ်ပွဲတွေမှာပါအခက်ခဲ့ဖြစ်ချိန်ကူညီပေးခဲ့တာတွေဟာ ကျွန်တော်ရင်ထဲ့မှာ ဘယ်တော့မှမမေ့နိူင်စရာတွေပါ😍😍😍😍😍” ဆိုပြီး အဖေဒိန်းရဲ့ ကျေးဇူးတရားတွေက်ိုပြောပြလာခဲ့ပါတယ်။ ပရိသတ်ကြီးကတော့ ခြိမ့်ကေကို ကို Live ဆက်လွှင့်ပေးကြဖို့ တောင်းဆိုနေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*