
Drone ယာဉ်လေးနဲ့ အဝေးကနေ ပင်လယ်ပြင်ပေါ်ကို Video ရိုက်တဲ့အခါ မထင်မှတ်ဘဲ တွေ့ရှိလိုက်ရတဲ့အရာက လူအများကို အံသြသွားစေခဲ့ပါတယ်။ ရေသူမတွေလို သတ္တဝါတွေကူးခတ်နေတာကို ရိုက်မိခဲ့ပါတယ်။
ရေသူမတွေနဲ့ပတ်သတ်တဲ့ video တွေ၊ ဓာတ်ပုံတွေ တစ်ဖြည်းဖြည်းပေါ်လာတဲ့အချိန်မှာ တစ်ချိန်က ဒဏ္ဍာရီလာ သတ္တဝါဖြစ်တဲ့ ရေသူမတွေ တကယ်ပဲရှိသလားဆိုတာ စဉ်းစားစရာပါ။ ဒီ video ကိုတော့ ကယ်လီဖိုးနီးယားပြည်နယ် Dana Point မှာ ရိုက်ကူးမိခဲ့တာပဲဖြစ်ပါတယ်။
ရေသူမရဲ့အစဟာ ဒဏ္ဍာရီထဲက ဂရိနတ်ဘုရားမ Atargatis ကနေ စခဲ့တယ်လို့ ဆိုကြပါတယ်။ Atargatis ဟာ လူသားတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး အဆိုပါလူသားကို မတော်တဆသတ်မိတဲ့အတွက် သူမကိုယ်သူမ အပြစ်ပေးတဲ့အနေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကိုလူ၊ အောက်ပိုင်းပို ငါးအဖြစ်ပြောင်းပြီး ပင်လယ်ထဲကို ခုန်ဆင်းခဲ့တယ်လို့ ဆိုကြပါတယ်။
Leave a Reply