ဝမ်းနည်းစရာ ကိစ္စတစ်ခုကြောင့် ကျလုနီးပါးဖြစ်နေတဲ့ မျက်ရည်တွေကို ချုပ်ထိန်းပြီး ဟန်မပျက် စျေးရောင်းပေးနေခဲ့တဲ့ ထက်ထက်မိုးဦး

တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် ပရိသတ်မရွေး ချစ်ခင်ကြတဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ ကျန်းမာရေးအခြေအနေကြောင့် ပရိသတ်နဲ့ ခဏတာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနော် လက်ရှိမှာတော့ သူမရဲ့ ဘုရင်မသရဖူကို ပြန်လည်ဆောင်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အွန်လိုင်းမှာ Live လွှင့်စျေးရောင်းပေးရင်း ထက်ထက်မှ ထက်ထက်ရယ်လို့ ဖြစ်နေတဲ့ ပရိသတ်တွေအတွက် ထက်ထက်မိုးဦးကတော့ ချိုသာတဲ့အပြုံး၊ ချစ်စဖွယ် အမူအယာလေးတွေနဲ့ ဖမ်းစားနိုင်နေဆဲပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားပေမယ့် စိတ်ထိခိုက် ဝမ်းနည်းစရာတွေရှိရင် ဟန်မဆောင်တတ်တဲ့ ထက်ထက်မိုးဦးက ဒီကနေ့မှာတော့ စိတ်ထိခိုက်ဝမ်းနည်းစရာ ကိစ္စတစ်ခုကြောင့် ကျလုနီးပါးဖြစ်နေတဲ့ မျက်ရည်တွေကို ချုပ်ထိန်းပြီး စျေးရောင်းပေးနေခဲ့တာကို တွေ့ရပါတယ်။ ထက်ထက်ကတော့ သူမရဲ့ မျက်ရည်တွေကို ချုပ်ထိန်းပြီး ဟန်မပျက် အလုပ်လုပ်ပြနေခဲ့ပေမယ့် ပရိသတ်တွေသိပြီး အားပေးစကားတွေ ပြောပေးခဲ့ကြတာကို တွေ့ရပါတယ်။

ထက်ထက်ကတော့ သူမရဲ့ဘဝမှာ အောင်မြင်မှု၊ ကျော်ကြားမှုတွေထက် ချစ်ခြင်းမေတ္တာတွေကိုသာ ရရှိပိုင်ဆိုင်လိုကြောင်း တဖွဖွပြောတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထက်ထက်ကို ချစ်တဲ့ ပရိသတ်တွေက အများကြီးရှိတာမို့ ထက်ထက်တစ်ယောက် စိတ်ဓာတ်မကျပဲ အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင်ရှိပါစေနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*