သင်္ကေတတွေက ပြောပြမယ့် သင့်အနာဂတ်အတွက်ဗေဒင် မရွေးချယ်ခင်မှာ စိတ်ကိုငြိမ်အောင် ခဏထား၊ပုံတွေကို သေ ချာတစ်ခုချင်းစီကြည့်ပြီးမှ စိတ် ကြိုက်တစ်ခုကို ရွေးချယ်ဖို့ အကြံပြုပါရစေ

သင်္ကေတတွေက ပြောပြမယ့် သင့်အနာဂတ်အတွက်ဗေဒင်
မရွေးချယ်ခင်မှာ စိတ်ကိုငြိမ်အောင် ခဏထား၊ပုံတွေကို သေ ချာတစ်ခုချင်းစီကြည့်ပြီးမှ စိတ် ကြိုက်တစ်ခုကို ရွေးချယ်ဖို့ အကြံပြုပါရစေ

(1)နံပါတ်တစ်သင်္ကေတကို ရွေးလိုက်တယ်ဆိုရင်တော့ ဒီအချိန်ဟာလက် လွှတ်ပေးလိုက်ရမယ့်အချိန်ပါ။ခြေလှမ်းတစ်လှမ်းလောက် နောက်ပြန်ဆုတ်နေလိုက်ပါ။လမ်းကြောင်းမှန်တစ်ခုဆီကို သင့်ကို ခေါ်ဆောင်သွားပေးမယ်ဆိုတာကို စိတ် ထဲက နေယုံကြည်ထားပါ။ရည်မှန်းချက်တွေဆီရောက်အောင် တိုက်ပွဲဝင်ပြီး အရောက် သွားချင်နေတယ်ဆိုတာ သိပါတယ်။ဒါပေမယ့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးပါ။အသေးအမွားလေးတွေကို လုပ်နေတာရပ်လိုက်ပါ။နောက် ထပ်ရွေးချယ်စရာတစ်ခုသင့်ဆီ ရောက်လာပါလိမ့်မယ်။

(2)နံပါတ်နှစ် ကိုရွေးတယ်ဆိုရင်တော့ ဒီအချိန်ဟာ သင့်ဘဝကို ဘောင်တွေ ကန့်သတ်လိုက်ရမယ့်အချိန်ပါ။လက်ရှိအနေအထားဟာ ကိုယ့်ဘဝကို လာထိန်း ချုပ် အခွင့်အရေးယူနေတဲ့ လူတွေ၊အရာဝတ္ထုတွေကို ကန့်သတ်ပစ်လိုက်ရမယ့် အချိန်ပါ။ကိုယ့်အတွက် ဘယ်သူတွေ၊ဘယ်အရာတွေက အကျိုးရှိစေမယ် ဆိုတာရှာပါ။သူတို့က သင့်ဘဝကို အမြင့်ဆီရောက်အောင် တွန်းတင်ပေးမှာပါ။

(3)နံပါတ်သုံးဆိုရင်တော့ ဂုဏ်ယူပါတယ်။သင်အခုလမ်းမှန်ပေါ်ရောက်နေတာ ပါ။အရာအားလုံးက အသားမကျသေး၊မတည်ငြိမ်သေးဘူးလို့ ဆိုရင်တောင်မှ ယခုရောက်နေတဲ့နေရာဟာ လမ်းမှန်ပါ။ကြိုးစားအားထုတ်မှု၊နာကျင် မှုနဲ့အခက် အခဲဆိုတာသာ မရှိဘူး ဆိုရင် ဘဝက ဘာမှာအဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ခက် ခဲတဲ့အချိန်တွေ၊အခြေအနေတွေရှိမှာ သေချာပါတယ်။ဒါပေမယ့် ဒီအတွေ့ အကြုံတွေကပဲ ပိုကောင်းတဲ့ မနက်ဖန်ဆီ သင့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။

(4)ဆိုရင်တော့ အတိတ်ရဲ့နာကျင်မှုတွေက သင့်ကိုဆွဲခေါ်ထားခြင်း ခံနေရပါ တယ်။နောင်တရစရာ(သို့)တစ်ခုခု၊တစ်ယောက်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ နာကျင်မှုတွေကြား ပိတ်မိနေပါတယ်။ကိုယ့်ကိုယ်ကိုနာကျင်မှုတွေကနေ လွတ်မြောက် ကုစားပေးလိုက်ပါ။ဒဏ်ရာတွေကြားမှာပဲ စိတ်ကိုနှစ်မထားပါနဲ့။ ဒီဒဏ်ရာ၊ဒဏ်ချက်တွေကို သင်ခန်းစာအဖြစ်ယူပြီး အနာဂတ်အတွက် ခွန်အား အဖြစ်အသုံးချပါ။

(5)ကြိုးစားထားသမျှတွေ အရာထင်လာတော့မှာပါ။ရည်မှန်းချက်သစ်တွေ၊ စာမျက်နှာသစ်တွေ ဖွင့်ရတော့မယ့်အချိန်ပါ။ရည်မှန်းချက်တွေ ထားရှိရေး ဟာ အောင်မြင်မှုရရှိရေးမှာ အဓိကအရေးပါတဲ့ သော့ချက်တစ်ခုပါ။ ကိုယ်သွား ချင်တဲ့နေရာ၊ရောက်ချင်တဲ့ပန်းတိုင်တွေကို ချရေးပြီး၊အသစ်သစ်သော အားကိုး စရာ လူနဲ့ပစ္စည်းအင်အားတွေက သင့်ကို ရည်မှန်းချက်တွေဆီရောက်အောင် တွန်းပို့ပေးပါလိမ့်မယ်။

(6)ဆိုရင်တော့ သင်ဟာ သင့်အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဘဝရဲ့ကို အဖြေကို ရှာဖို့ ကြိုးစားနေပါတယ်။တကယ့် အတွင်း စိတ်ကိုသာရှာဖို့ လိုတာပါ။ရှုပ်နေတဲ့ အတွေးစိတ်တွေကို ရှင်းလင်းအောင် ထားပါ။ကိုယ့်ကိုမြှင့်တင်ပေးနိုင်မယ့် အရာတွေကို စိတ်ထဲမှာ ယှဉ်ကြည့်ပြီး နှီးနှောဆက်စပ်တွေးကြည့်ပါ။ကမ္ဘာကြီး နဲ့သဟဇာတ ဖြစ်အောင်နေ။အချိန် ကိုက်လှုပ်ရှားကြည့်ပါ။

(7)ဆိုရင်တော့ သင်ဟာအလုပ်ကိုကြိုးစားလုပ်နေတဲ့သူပါ။ နည်းနည်းေ လာက်တော့ ခဏလေးအနားယူဖို့ လိုနေပါတယ်။ခဏလောက် ပြင်ပကမ္ဘာ ဆီထွက်ပြီး ကမ္ဘာကြီးရဲ့ အလှအပနဲ့ပျော်ရွှင်မှုတွေကို ခံံစားလိုက်ပါ။အရမ်းအ လုပ်တွေများနေတဲ့ နေ့စဉ်ဘဝကနေ ခဏထွက်ပြီး အနားယူလိုက်ပါ။

(8)ဆိုရင်တော့ သင်ဟာသီးသန့်တစ်ကိုယ်တည်းဖြစ်နေပါတယ်။ဒီအချိန်ဟာ ကမ္ဘာကြီးနဲ့သင့်ကို ဆက်သွယ်ပေးရမယ့်အချိန်ပါ။သင့်ရဲ့ အစပိုင်းရည်ရွယ် ချက်က လူသူနဲ့ဝေးရာမှာ အေးဆေးနေချင်တာဆိုပေမယ့် တစ်ကိုယ်တည်းအ ထီးကျန်နေချင်တောတော့ မဟုတ်ပါဘူး။ကိုယ့်စိတ်ကိုယ်ဖွင့်ပြီး ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်လုပ်ပါ။သူငယ်ချင်းတွေ၊မိသားစုတွေနဲ့စကားပြောဆိုပါ။အဆက်အသွယ်လုပ်ပါ။

(9)ဆိုရင်တော့ သင်လုပ်နိုင်တာ အကုန်လုံးကို လုပ်ပေးခဲ့ပြီးပါပြီ။သင်ကြိုးစားခဲ့ တာတွေ လုံလောက်နေပါပြီ။ဒီအချိန်က သင်ကြိုးစားခဲ့တာတွေအတွက် ပြန်ရ ရမယ့်အချိန်ပါ။သက်မဲ့ပစ္စည်းတွေတင်မကပါဘူး သက်ရှိလူသား မိတ်ဆွေ သူငယ်ချင်း အားလုံးကို ဆိုလိုတာပါ။ဒီအချိန်က သင် ပြန်ရရမယ့် အချိန်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*