ကမ္ဘာ့အလှဆုံး အမျိုးသားနဲ့ အမျိုးသမီး မျက်နှာတွေကို ဖန်တီးရေးဆွဲပြလိုက်တဲ့ E-FIT ပရိုဂရမ်

၀ရမ်းထုတ်ခံထားရတဲ့ ဒုစရိုက် သမားတွေရဲ့ မျက်နှာကို ခန့်မှန်းရေးဆွဲပေးတဲ့ E-Fit ဆိုတဲ့ ကွန်ပျူ တာ Programme ကနေ ကမ္ဘာ့ အလှဆုံး အမျိုးသားနဲ့ အမျိုးသမီး မျက်နှာတွေကို ဖန်တီးရေး ဆွဲပြလိုက်ပါ တယ်။

ထို E-Fit Programme ဟာ ကမ္ဘာပေါ်မှာ အချောဆုံး အလှဆုံးလို့ သတ်မှတ်ခံထားရတဲ့ မင်းသား ၊ မင်းသမီးတွေရဲ့ မျက်နှာ အစိတ်အပိုင်း အသီးသီး ကို နမူနာယူပြီး ပေါင်းစပ်ဖွဲ့ စည်းထား တာပဲဖြစ်ပါတယ်။ ထို မျက်နှာ ပုံစံတွေကို မျက်နှာ အလှပြုပြင်ရေးမှာ ကမ္ဘာက အသိအမှတ်ပြု သည်အထိ ကျွမ်းကျင် တဲ့ ဒေါက်တာ Chris Solomon က ဦးဆောင်ပြီး ၂ လ ခန့်လေ့လာပြီးမှာ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုလေ့လာမှုက ရလာတဲ့ မျက်နှာ ပုံစံတွေကို လူ အယောက် ၁၀၀ က ဆုံးဖြတ်ပေးခဲ့ တာဖြစ် တယ်လို့ သိရပါတယ်။ ထိုလေ့လာမှု ကိုတော့ Samsung က သူ့ ရဲ့ အသစ် ထုတ်လုပ်မယ့် Galaxy S6 ဖုန်း အတွက် ပြုလုပ်ခိုင်း ခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။ ဒါ့အပြင် ထိုလေ့လာမှုကနေ တစ်ဆင့် အမျိုးသားတွေနဲ့ အမျိုး သမီးတွေရဲ့ အလှအပ ဆိုင်ရာ ကွဲပြားခြားနားမှုတွေကို ပါ သိရှိခဲ့ပါတယ်။

ကမ္ဘာ့ အလှဆုံး အမျိုးသား နဲ့ အမျိုးသမီးရဲ့ မျက်နှာကို ပုံဖော်ဖို့ အတွက် ကမ္ဘာ့ အချောဆုံး အလှဆုံး မင်းသား ၊ မင်းသမီးတွေ ရဲ့ မျက်နှာ အစိတ် အပိုင်းတွေကို ပေါင်းစပ်ခဲ့ရာမှာ မျက်နှာ အစိတ်အပိုင်း ယူအသုံးခံခဲ့ရတဲ့ မင်းသားတွေ ကတော့ David Beckham ၊ Brad Pitt ၊ Ryan Gosling ၊ Ashton Kutcher နဲ့ Bradley Cooper တို့ဖြစ်ပြီး မင်းသမီးတွေ ကတော့ Angelina Jolie ၊ Natalie Portman ၊ Emilia Clarke ၊ Cheryl Fernandez-Versini ၊ Jennifer Lawrence ၊ Scarlett Johnansson နဲ့ Kate Middleton တို့ပဲဖြစ် ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*