မထက်နဲ့မိသားစုဘဝလေး ပြန်ပေါင်းစည်းဖို့ လာပြောတဲ့သူကို ပြတ်ပြတ်သားသားပြောလိုက်တဲ့ စိုင်းလွှမ်း

အဆိုတော်၊သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ စိုင်းလွှမ်းကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။စိုင်းလွှမ်းမှာ အရမ်းချစ်စရာကောင်းတဲ့သမီးလေးလည်းရှိလို့ သာယာအေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။စိုင်းလွှမ်းတို့သားအဖနှစ်ယောက်က အေးအေးချမ်းချမ်းနဲ့ဘဝကိုဖြတ်သန်းပြီး ပျော်ရွှင်စွာနေထိုင်နေကြတာဖြစ်ပါတယ်နော်။

စစ်လွန်းဝတီထက်လေးကလည်း အရမ်းသိတတ်လိမ္မာတဲ့သမီးလေးဖြစ်လို့ ဖေဖေ့ကို့ အမြဲစိတ်ချမ်းသာအောင်ထားပါတယ်နော်။မကြာသေးခင်လတွေကလည်း စိုင်းလွှမ်းတို့သားအဖနှစ်ယောက်က သာသနာ့ဘောင်ကို အတူတူဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။စိုင်းလွှမ်းက သမီးလေးကိုလည်း သေချာဂရုစိုက်ပေးပြီး လုံခြုံ‌နွေးထွေးစွာစောင့်ရှောက်ပေးတဲ့ ဖခင်ကောင်းတစ်ယောက်ပါနော်။

ဒီနေ့မှာတော့ သူတင်ထားတဲ့ post အောက်မှာ မိသားစုလေး ပြန်လည်ပေါင်းစည်းစေချင်တယ်လို့ ပြောတဲ့သူတွေကို စိုင်းလွှမ်းကပြတ်ပြတ်သားသားပြောလာခဲ့ပါတယ်။ မထက်နဲ့ ပြန်ပေါင်းစေချင်တဲ့သူက်ို “နောက်တစ်ခါ ဘယ်တော့မှ ဒီနာမည် လာမပြောဖို့ တောင်းပန်ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။

မသိတဲ့သူတွေက တော့ ဒီလို စိတ်မျိုး ဖြစ်နေမှာပေါ့။လူစိတ်မရှိတဲ့သူက အမတို့လို့ စိတ်မျိုးဘယ်ရှိမလဲ ထားလိုက်ပါ စေတနာရှိရင် ဘဝအဆက်ဆက် ဒီလိုမိန်းမမျိုးနဲ့ မပက်သက်ရဖို့ ပဲ ကျေးဇူးပြုပြီးဆုတောင်းပေးပါ ဆိုပြီးလဲပြောခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*