
သူငယ်ချင်းတစ်ယောက် ရှိတယ်။
မိုးမင်းတဲ့….လူက ဘိုရူးဆိုတော့ သူ့ကိုယ်သူ မိုက်ကယ်မိုး တဲ့
သူ့ဟာသူ မိုက်ကယ်မိုးဖြစ်ဖြစ် မိုက်ကယ်ကောင်းကင်ဖြစ်ဖြစ်
သူငယ်ချင်းတွေ ခေါ်ကြတာက… …
“တြတ္ပီ”… ပဲ
ခေါ်မှာပေါ့…
လူကြည့်တော့ အရပ်နှစ်တောင်လောက်နဲ့ ဗိုက်ပူနံပိန်လေးဟာကို
ထားပါ…..ပြောချင်တာက သူက ဘီယာကြိုက်တယ် …KTV ကြိုက်တယ်
ဒါပေမယ့်…ခုတော့ ဘီယာပဲ သောက်တော့တယ်
KTV က ပြတ်သွားပြီ…ဝါသနာကို စွန့်လိုက်ပြီလေ
အကြောင်းရှိတယ်….အကြောင်းကဒီလို….
သူကေတီဗွီကြိုက်ပေမယ့်…
ဒါကို သူ့မိန်းမက မကြိုက်ဘူး
မကြိုက်လို့တားတယ်
ဘယ္လိုတားတား မရဘူး
မူးလာရင်ဖြစ်ဖြစ် အဖော်ကောင်းရင် ဖြစ်ဖြစ် KTV ကို ဒိုးတော့တာ
မိန်းမ မကြိုက်မှန်းသိတော့ ပေါ်တင်တော့ မသွားဘူးပေါ့
ယောက်ျားတို့ တတ်အပ်တဲ့ အဌာရသ ၁၈ ရပ်ထဲက ရှောင်လင်အတတ်နဲ့ မိန်းမအလစ်ကို သွားရတာ
ဒါကို မသင်္ကါတော့…..
သူ့မိန်းမက ချောင်းဖမ်းတယ်
တစ်ရက်… ညနေစောင်း…
မန်းလေး ၆၂ လမ်း အရှေ့ဘက်ကဆိုင်မှာ ကတွတ်ပီတို့ ဘီယာဂွပ်တယ်
အရှိန်လေး ရလာတော့…
မျက်နှာချင်းဆိုင်က KTV ကို လမ်းကူးပြီး သွားတယ်
သူလည်း KTV ခန်းထဲရောက်လို့ ထိုင်ကာရှိသေး …
နောက်က ချောင်းလိုက်လာတဲ့ မိန်းမက ဗြုန်းဆို အခန်းထဲ ဝင်လာပါလေရော…
မိန်းမမြင်တော့ လန့်သွားတာပေါ့…
“ဟာ… မိန်းမ… မင်း…မင်း.. ဟာ ဘာလို့ လိုက် လာ လာ”
“ကျမလည်း သီချင်း ဆိုမလို့”
“အင်… အဲ… ဟိုလေ ဟိုဟာ…”
“ဘာလဲ မဆိုရဘူးလား”
“ဆို…ဆို ရ ရပါတယ်ဟ ဟီး ဟီး”
“အာ့ဆို ပီးရော… ဟေ့ စာပွဲထိုးမောင်လေး ခဏလာအုံး”
“ဟုတ် အစ်မ ဘာမှာ မလဲ ခမျ”
“ခါတိုင်း ဒီလူကြီးလာရင် မှာနေကျ အစားအသောက်ရယ် ထိုင်နေကျ ကောင်မလေးရယ် စီစဉ်ပေး”
“ဟုတ်ကဲ့ အစ်မ၊ သူက စားတာတော့ မစားဘူး၊ ဘီယာသောက်တယ်၊ စန္ဒီနဲ့ ထိုင်တယ်”
“အေး…အဲ့တာ လုပ်ပေးလိုက်”
“ဟာ… ဟ… မိန်းမ ငါ သီချင်းပဲ ဆို ဆို…”
“နေပါ ရှင်… အေးဆေးပေါ့..ခါတိုင်းလိုပေါ့၊ လုပ်ပါ ပျော်ပျော်ပါးပါး၊
ကျမရှိလို့ စိတ်မကျဉ်းကြပ်ပါနဲ့၊ ကျမလည်း ရှင်နဲ့အတူတူ ပျော်မှာ၊ လုပ် လုပ် စိတ်မဆိုးဘူး တကယ်”
“ဟူး… အေးဘာကြာ”
ခဏနေတော့…ဘီယာနဲ့ စန္ဒီ ရောက်လာတယ်
ကောင်မလေးကို တွတ်ပီဘေးမှာ ထိုင်ခိုင်းလိုက်ပြီး… …
“ရော့… ညီမလေး… မုန့်ဖိုးအရင်ယူထား အစ်မက ချစ်လို့ ပေးတာ”… ဆိုပြီး ကလေးမကို တစ်သောင်းတန် လေးငါးရွက် ပေးလိုက်တယ်
ပီးတာနဲ့…..စာပွဲထိုးကောင်လေးကိုလည်း တစ်သောင်းတန် နှစ်ရွက်ပေးပြီး ပြောတယ်… …
“အစ်မနဲ့ သီချင်းတွဲဆိုဖို့ ကောင်လေးတစ်ယောက်လောက် စီစဉ်ပေး မောင်လေး”
“ဟမ်… အစ်မ အဲ့လိုတော့ မရှိဘူးလေ၊ ဒီမှာက မိန်းကလေးပဲ ရှိတာ”
“ရအောင် စီစဉ်စမ်းပါ… မုန့်ဖိုးများများ ပေးမှာပါ”
ကောင်လေးလည်း ခေါင်းကုပ်ပြီး ထွက်သွားတယ်
ခဏနေတော့… တခြားကောင်လေးတစ်ယောက်နဲ့ ရောက်လာတယ်
“အစ်မရေ… သူက ဒီက စက်ဆရာပဲ၊ သီချင်းလည်း အဆိုကောင်းတယ် အစ်မ၊ သူ ကူဆိုပေးမယ်တဲ့”
“အေး… အေး… လာ မောင်လေး”… ဆိုပီး သူ့ဘေးထိုင်းခိုင်းတယ်
အခြေအနေတွေ အားလုံးအိုခေသွားတော့…
သူ့မိန်းမရဲ့ တိုက်စစ်က စလာပြီ… …
“ဟေ့… ညီမလေး အဲ့ဦးလေးကို ဘီယာငှဲ့ပေးလေ၊ ခါတိုင်းလို အမြည်းလေးဘာလေးမှာပြီး ခွံကျွေးလေ ညီမလေးကလည်း”
“ဟုတ်… ဟုတ်… အစ္မ”
ကလေးမကလည်း ဘာမှန်းညာမှန်း မသိဘူး၊ မုန့်ဖိုးရထားတဲ့ အရှိန်နဲ့ ခိုင်းသမျှ လုပ်ပေးနေချည်ရော…
တွတ်ပီမှာတော့ အီလယ်လယ်ကြီးနဲ့ သူ့မိန်းမကို ကွက်ကြည့်ကွက်ကြည့်… …
“ခါတိုင်း ဘာစုံတွဲ သီချင်းဆိုကြလဲ ညီမလေး”
“ငယ်ကျွမ်းဆွေ ဆိုပါတယ် အစ်မ”
“အေး… အဲတာထည့်အေ… ဆိုအေ… ရှင်ကလည်း သူ့ ပုခုန်းဖက်လေ… ကထဲတော်… လုပ်ပါ… ဆိုပါ…”
တွတ်ပီခမျာ ကြီးကြည့်ကြောင်ကြည့်နဲ့ သီချင်းက အင်ထရိုလာနေပြီ…
ဆိုဖို့ အသင့်ပြင်နေပြီ…သူ့မိန်းမကို လှမ်းကြည့်တော့…
“မောင်လေး… မမကို ဘီယာ ငှဲ့ပေးလေ”
“ခမျာ… ဟုတ် ဟုတ် ကဲ့”
“မမကို ဖက္ထားပါအုံး”
“ခညာ ညာ…”
ဟာ… ကုန်တော့မယ် ဒီမိန်းမကတော့ လုပ်ပြီ…
ပညာကုန်သုံးပြီးတိုက်နေတာ….
“ရှင် ဘာလာကြည့်နေတာလဲ ဟိုမှာ ဆိုရမယ့်နေရာ ရောက်နေပြီလေ… ဆို… ခု ဆို…”
အေ့.. အေး ဘာ.ကွာ… ဘာတဲ့… ငယ်ဟယ်ဟယ် သဂျယ်ဂင်း ရေ ဂုတော့ ငယ်ဆွမ်းဂျွေ…
ရှေ့မှာ ကြည့်ရ နောက်က သူ့ပစ္စည်းစိတ်မချလို့ လှည့်ကြည့်ရနဲ့ စာသားတွေလည်း ကမောက်ကမကို ဖြစ်လို့။
“ကဲ… ရှင်တို့ ပီးရင် ကျမတို့ စုံတွဲ အလှည့်”
ဟင့်…..ကျမတို့ စုံတွဲဆိုပါ့လား…
မသာမ….”မောင်လေး … နှစ်ကိုယ်တူချစ်သမျှ ဆိုလိုက်ရအောင်”
အဲလိုနဲ့…ကောင်မလေးကို တွတ်ပီအတွက် ဘီယာငှဲ့ခိုင်းပြီးရင်…
ကောင်လေးကို သူ့အတွက် ဘီယာငှဲ့ခိုင်းလိုက်တယ်…
ကောင်မလေးကို အမြည်းခွံ့ကျွေး ခိုင်းပြီးရင်…
ကောင်လေးကိုလည်း အမြည်းခွံ့ခိုင်းတယ်….
ကောင်မလေးကို တွတ်ပီပုခုန်းဖက်ခိုင်းပြီး ….
ကောင်လေးကိုလည်း သူ့ကို ဖက်ခိုင်းတယ်….
စုံတွဲသီချင်းတွေလည်း ကုန်သလောက်ရှိ ဘီယာလည်း …
ဆယ့်လေးငါးပုလင်းကုန်တော့ သူ့မိန်းမ အတော်မူးနေပြီ…
မူးနေတော့…ဇာတ်လမ်းက စရော… …
“ကတွတ်ပီ…. ခါတိုင်း ကလေးမကို ပေါက်စီကိုင်တယ်မလား၊ ခုကိုင်လေ…”
“ဟာ… ငါ မကိုင် မကိုင်ပါဘူး”
“ရှင်မညာနဲ့ ခုန ညီမရေးကို မေးကြည့်ပီးဘီ ရှင်ကိုင်ဒယ်တဲ့၊ ဝုတ်လား ညီမရေး”
“ဟုတ် ဟုတ် ကဲ့ အစ်မ”
“ကဲ… ကိုင်လေး… ကိုင်၊ ညီမရေး ပေးကိုင်လိုက်”
“ဟာ… မသီ မင်းမူးနေပြီ ပြန်ရအောင်”
“မပြန်ဘူး သချင်း ရှိူအုံးမှာ ရှင်ပြန်ချင်ပြန်”
“ငါ မင်းမပါဘဲ ပြန်လို့ ရမလားဟ၊ မင်းနေရင် ငါလည်းနေရမှာပေါ့”
“အာ့ဆိုလည်း ကလေးမ ပေါက်စီကို ရှင်ကိုင်တော့၊ ကဲ မောင်လေး… မမတို့လည်း… ”
“ဟာ…အစ်မကျနော် မကိုင်ရဲဘူး မကိုင်မရစေနဲ့”
“ကိုင်ပါဟဲ့…ဘာကြောက်စရာ ချိရဲ ကိုင်ဘာ လာဘာ… မုန့်ဖိုးပေးပါမယ် လာ လာ ကိုင်”
“ဟာ… မသီ… အီး ဟီး ဟီး… ငါ မှားပါပြီကွာ… ငါ နောက်ကို KTV ဘယ်တော့မှ မလာတော့ပါဘူး…
အီး ဟီး ခု ပြန်ကြရအောင်ပါ ကြာရင် ငါ့ အရင်းထဲ ပါတော့မှာ ကွ…
အီး… ဟင့်… ဟိုကောင် မသာ… မင်း ငါ့မိန်းမ ပေါက်စီ ကိုင်ရဲကိုင်ကြည့် အသေဘဲ…
အီး ဟင့် ဟင့်… မသီ ပြန်ရအောင်နော်… ငါ ငါ လိမ်မာပါတော့မယ်…
ကတိပေးဘာတယ်ကွာ….ဒီ ငရိုးမ ကေတီဗွီကို ရီးမှ မလာတော့ဘူး… ”
အဲ…..အဲဒီကတည်းက တွတ်ပီတို့ KTV ရှေ့ကကို ဖြတ်မလျှောက်တော့တာ။
Lesson ( သင်ခန်းစာ )….
ယောက်ျားဆိုသည်မှာ သူများခွက်သာ နှိုက်ချင်တာ။
ကိုယ့်ခွက်တော့ နည်းနည်းမှ အထိမခံနိုင်ကြပေ။
ဤအားနည်းချက်ကို အသုံးချ၍ မိန်းမသားထုကြီး အနေဖြင့် ‘မသီက တွတ်ပီကို အောင်မြင်တော်မူသကဲ့သို့…
‘ အောင်မြင်နိုင်ကြစေရန် ‘ယောက်ျားတို့၏ လျှို့ဝှက်ချက်’ကို ဖော်ထုတ် သစ္စာဖောက်လိုက်ပါကြောင်း။
Leave a Reply