ပင်လယ်ထဲကနေ ငါးမန်းကိုရအောင်ဖမ်းပြီး ကမ်းခြေတစ်လျှောက်ပျံဝဲနေခဲ့တဲ့ ငှက်ကြီး (ရုပ်သံ)

Video ထဲမှာတော့ ငှက်ကြီးတစ်ကောင်ဟာ ကြီးမားလွန်းတဲ့ ငါးတစ်ကောင်ကို လက်သည်းဖြင့်ကုတ်ချီးပြီး ကမ်းခြေတစ်လျှောက်ပျံဝဲနေခဲ့တာကို ကမ်းခြေတစ်လျှောက်လာရောက်အပန်းဖြေခဲ့ကြသူတို့က တွေ့မြင်ခဲ့ကြတာပါ ။

အဆိုပါအဖြစ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Myrtle ကမ်းခြေမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ အဆိုပါ video ဟာ online ပေါ်မှာတော့ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ Social media အသုံးပြုသူများကတော့ အဆိုပါငါးဟာ ငါးမန်းငယ်အမျိုးအစားဖြစ်နိုင်ကြောင်း ၊ တူနာငါးဖြစ်နိုင်ကြောင်း နှင့် ငါးရဲ့အမြီးမှာတော့ မက်ကရယ်ငါးဖြစ်နိုင်ကြောင်း မျိုးစုံထင်မြင်ချက်ပေးပြီး အငြင်းပွားနေလျက်ရှိပါတယ် ။

ထို့အပြင် ငှက်ကြီးမှာတော့ ငါးများကိုစားလေ့ရှိကြတဲ့ ဝန်လက်ငှက်ဖြစ်နိုင်ကြောင်း နှင့် အချို့ကတော့ လင်းတငှက်အကြီးစား ဒါမှမဟုတ် လင်းယုန်ငှက်ဖြစ်နိုင်ကြောင်း မျိုးစုံထင်မြင်ချက်ပေးခဲ့ကြပါတယ် ။ အဆိုပါ video ကိုတော့ ပြီးခဲ့တဲ့ June 22 ရက်နေ့က ကမ်းခြေကိုလာရောက်အပန်ဖြေခဲ့တဲ့ Ashley White အမည်ရှိတဲ့အမျိုးသားက 17 လွှာမှာရှိတဲ့ တိုက်ခန်းကနေ ရိုက်ယူခဲ့တာဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*