အသက် ၃၀ဖြစ်ပေမဲ့ ထူးဆန်းရှားပါးတဲ့ရောဂါအခြေအနေကြောင့် ၂နှစ်သားအရွယ်သာရှိနေတဲ့ တရုတ်နိုင်ငံကအမျိုးသား

တရုတ်နိုင်ငံ၊Anhui ပြည်နယ်က Wangfan ဆိုတဲ့ရွာလေးမှာနေထိုင်တဲ့အသက် ၃၀အရွယ်အမျိုးသားတစ်ယောက်ဟာ အသက်ကြီးနေပေမဲ့ အရပ်အမြင့်က ၂ပေ၇လက်မသာရှိတယ်လို့သိရပါတယ်။သူ့ရဲ့နာမည်က Wang Tianfang ဖြစ်ပြီး သူက စကားလည်းမပြောနိုင်ပါဘူး။အနားကနေလည်း အမြဲတမ်းစောင့်ရှောက်ပေးနေရတဲ့ ကလေးလေးတစ်ယောက်လိုဖြစ်နေတယ်လို့သိရပါတယ်။

သူ့ရဲ့အမေဖြစ်သူ အသက် ၅၂နှစ်အရွယ် Chu Xiaoping က သူမရဲ့သားက အသက် ၂နှစ်အရွယ်မှာတည်းက ရှေ့ဆက်ပြီးအရွယ်မကြီးထွားတော့တာပါ။ဉာဏ်ရည်ကလည်း မဖွံ့ဖြိုးပဲစကားလည်းမပြောနိုင်လို့ အနားမှာအချိန်ပြည့်စောင့်ရှောက်ပေးနေရပါတယ်။သူမရဲ့အကြီးမားဆုံးဆန္ဒကသူမရဲ့သားဆီကအမေလို့ခေါ်တဲ့အသံပါ။ ဒါပေမဲ့ ဖြစ်နိုင်တော့မယ်မထင်ပါဘူးလို့ဝမ်းနည်းစွာပြောပြခဲ့ပါတယ်။

ကလေး ၃နှစ်အရွယ်တုန်းက တခြားလူတွေက ကလေးကိုစွန့်ပစ်ဖို့၊တခြားကလေးတစ်ယောက်ကို ထပ်ပြီးမွေးဖို့ပြောခဲ့ကြပေမဲ့သူမက ငြင်းဆန်ခဲ့ပါတယ်။Tianfang ကိုပဲ သူမက စောင့်ရှောက်မယ်လို့ပြန်ပြီးပြောခဲ့တယ်လို့သိရပါတယ်။ဆရာဝန်နဲ့စစ်ဆေးပြသခဲ့ပေမဲ့ဆရာဝန်တွေကလည်းကုသမပေးနိုင်ပဲ ဒီလောက်ထိအသက်ရှင်သန်နေတာအံ့သြစရာပါပဲ လို့ ပြောခဲ့ကြပါတယ်။

အခုဆိုရင် အိမ်နီးချင်းတွေကလည်း သူမအလုပ်သွားနေတဲ့အချိန်ကလေးငယ်လေးလိုဖြစ်နေတဲ့ Tianfang ကို ဂရုစိုက်ပေးထားကြတယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*