
ဖုန်းဆိုင် တစ်ဆိုင်သို့လူတစ်ယောက် ဝင်လာပြီး မေးသည်” မောင်ရင် စွေစောင်း ရှိလား ”ဆိုင်ရှင်က နားမလည်စွာဖြင့်” ဘယ်က စွေစောင်းလဲ ?ကျတော်တို့ဆီမှာစွေစောင်း ဆိုတဲ့လူ တစ်ယောက်မှ မရှိဘူး ”” မဟုတ်ဘူးလေကွာ စွေစောင်း နို့ဖိုး ”
ဆိုင်ရှင်က စိတ်မရှည်စွာဖြင့်
” ဒီမှာ ဦးလေး
ဒီမှာ စွေစောင်းလည်း မရှိဘူး —နို့ ဖိုး တောင်းရအောင်လည်း ဦးလေးဆီက တစ်ခါမှ နို့ ဝယ်မသောက်ဖူးဘူး ”
” ဟာ ဒိုးခပါဘဲကွာ
မင်းက တော်တော်ပိန်းတာပဲ
ငါ ပြောတာက ဖုန်းနာမည် စွေစောင်း နို့ဖိုးကို ပြောတာ ငအရဲ့ ”
ထိုအခါမှ
ဆိုင်ရှင်က စဉ်းစားပြီး
နားလည် သွားဟန်ဖြင့်
” ဪ သိပြီ သိပြီ ဟားဟားဦးလေးကလည်း စွေစောင်းနို့ဖိုး
မဟုတ်ပါဘူးဆမ်ဆောင်း Note -4 ပါ ဟားဟား ”
” ဟုတ်လား သိဘူးလေကွာ ငါ ခေါ်တတ်သလို ခေါ်တာပဲဟာ ”
” ဟုတ်ကဲ့ ရှိပါတယ် ဦးလေး ကျတော် ပြမယ် ”
ဆိုင်ရှင်က မှန်ဘီရိုထဲမှ ဖုန်းကို ထုတ်ပြီး ဈေးနှူန်းနှင့် ဖုန်းအကြောင်းကို ရှင်းပြလေသည်လူကြီးက နားထောင်ပြီး
” အေးကွ
မင်း ပြောပုံဆို ဖုန်းကတော့ မဆိုးပါဘူး ဈေးနူန်းက များနေတယ်ကွ ”
” မများပါဘူး ဦးလေးရ
ဒါ ကုမ္ပဏီက ချတဲ့ ဈေးနူန်းအတိုင်းရောင်းတာပါ ”
လူကြီးက စိတ်တိုင်းမကျဟန်ဖြင့်
” ဟိုဟာ အပို ကော ရှိလား ?”
” အပို ကတော့ ဖုန်းကာဗာ တစ်ခု ပေးမယ်ဦးထုပ်တစ်လုံး လက်ဆောင် ပေးမယ် ပြီးတော့ ”
” ဟာ မဟုတ်ပါဘူး ငါ မေးတာက အပို ဖုန်း ”
“ဪ ဦးလေးရယ် ဖုန်းတစ်လုံး ဝယ်တာ ဖုန်းတစ်လုံး အပိုလက်ဆောင် ကတော့ ဘယ်သူက ပေးမှာလဲ ”
” ဟာကွာ မင်းကလည်း.စောက်ရူးပဲ ဖုန်းဆိုင်ဖွင့်ထားပြီး ဘာမှလည်းနားမလည်ဘူး
ငါ ပြောတာ အပိုဖုန်း
ဖုန်းနာမည်က အပို သိပြီလား ငတုံးရဲ့ ”
ဆိုင်ရှင်လည်း ငတုံး ဟု အပြောခံရသဖြင့်အောင့်သက်သက်ဖြင့် ခံလိုက်ရပြီး သူပြောတဲ့ ဖုန်းအမည်ကို ပြန်စဉ်းစားကြည့်ပြီး
” ဪ သိပြီ သိပြီး Oppo ဖုန်းကို ပြောတာ မလား ”
” အေးလကွာ အိုပို လား အပိုလားတော့ မသိဘူး အဲ့ဖုန်း အဲ့ဖုန်း ဘာတဲ့ “မတန်မရာဖုန်း ဆိတ်ချီး ဘုရင်” ဆိုလားပဲ ”
” OPPO ကင်မရာဖုန်း selfie ဘုရင်ပါ ဦးလေးရဲ့ ဦးလေးနဲ့တော့ ဒိုးခပါဘဲဗျာ ”
” အေးအေး အဲ့ဒါ ပြပါအုံးကွ ”
ဆိုင်ရှင်က မှန်ဘီရိုထဲမှ ဖုန်းကိုယူပြီး ရှင်းပြပြန်သည်ထိုစဉ်
“¸အနန္တငါးပါးကို ရှိခိုးပါ၏ဘုရား အနန္တငါးပါးကို ရှိ ရှိခိုးခိုး ¸¸
” ဟယ်လို အေး ခွေးမလား -အေး ပြော အခုလား ဝယ်နေတယ်
ဖုန်းဆိုင် ရောက်နေတယ် ဘာ အပြားကြီးကြီး အေးပါ သိပါတယ် ငါအတွက်ကော နင့်အတွက်ကော
နှစ်လုံး ဝယ်မယ်လေ ငါလည်း ဒီခလုတ်ဖုန်းကြီး မကိုင်ချင်တော့ဘူးဟ ဟားဟား အေးပါ အေးပါ ဖေ့အဖုတ်လား ဖွင့်ခိုင်းလိုက်မယ်လေ ဘာလဲ ဘာ –နို့သီးယား နို့သီးယား တာတော့ငါပြန်လာမှ ကြည့်လုပ်ပေးမယ်လေ ”
” ခွီး ”
ဆိုင်ရှင်က နားထောင်ပြီး ရယ်သံထွက်သွားသဖြင့် လူကြီးက မျက်စောင်းထိုးကြည့်ပြီး ဖုန်းကို ဆက်ပြောသည်
” အေးပါဟယ်
ချီးမည်းနဲ့ ပက်ခွက်ကိုလည်း သေချာ မှတ်ခဲ့ပါ့မယ် အေးအေး ဒါပဲနော် ”
လူကြီးက ဖုန်းပြောပြီးသူ့ခလုတ်ဖုန်းလေးကိုလွယ်အိတ်ထဲ ပြန်ထည့်လိုက်သည်
” အေး မောင်ရင် နှစ်လုံး ယူမယ်ကွာ အပြားကြီးကြီးနဲ့ ဖေ့အဖုတ်တို့ ဖိုက်ဘာ တို့သုံးလို့ရအောင်သာ လုပ်ပေး ”
” ဟုတ်ကဲ့ စိတ်ချပါဦးလေး ကျတော် သေချာ လုပ်ပေး လိုက်ပါ့မယ် ”
ဆိုင်ရှင်က ပြောပြီး ခုနက လူကြီးဖုန်းပြောတုန်းက သူမရှင်းသည့်စကားလေးကို သိချင်၍ မေးကြည့်လေသည်
” ဒါနဲ့လေ ဦးလေး ခုနက ဦးလေး ဖုန်းပြောတုန်းက နို့သီးယား တာကို ပြန်လာမှလုပ်ပေးမယ် ဆိုတာ အာ့ ဘာ ပြောတာလဲ ”ထိုအခါလူကြီးက
” အဲ့ဒါ ဦးလေးမိန်းမ ကိုင်နေတဲ့ဖုန်းလေ နာမည်က နို့သီးယားတဲ့ခလုတ်ဖုန်းလေးပါ အဲ့ဒါ အသံမလာ လို့တဲ့လေ အာ့ကြောင့် ဦးလေး ပြန်လာမှ လုပ်ပေးမယ်လို့ ပြောတာ ဘာဖြစ်လို့လဲ ”
ထိုအခါဆိုင်ရှင်က အားပါတရ ရယ်မောလိုက်ပြီးဤသို့ ပြောလိုက်ပါတော့သည်
” ဟားဟား
ဦးလေးနဲ့တွေ့မှ “Nokia” လည်း နို့သီးယား ဖြစ်သွားတော့တယ် ဟားဟား ”
” သိဘူးလေကွာ အဟားဟား”
Leave a Reply