သင် အိပ်တဲ့ ပုံစံက ပြောတဲ့ သင့်အကြောင်း

ကိုယ့်ရဲ့ အိပ်နေပုံလေးကို ကြည့်လိုက်မယ်ဆိုရင် အဖြေတခုကတော့ ထွက်လာမယ်လို့ထင်ပါတယ်။

အိပ်နေချိန်မှာ ဘယ်လိုပုံနဲ့ အိပ်နေတယ်ဆိုတာကို တစ်ယောက်ယောက်ကို ကြည့်ခိုင်းမှ ရမယ်ထင်တယ်နော်။

၀၁. ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လိမ့်မယ်။ပုံပါအတိုင်း အိပ်တတ်သောသူကတော့ သူ့ကိုကြည့်ရတာ အိပ်နေတာ အဆင်မပြေဘူးလို့ထင်ရပင်မဲ့ သူလိုလူမျိုးက အရမ်းကို စည်းကမ်းကြီးသူဖြစ်ပါလိမ့်မယ်။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အဆင်ပြေအောင်နေတတ်သူပါ။ သူများကိုလည်း ယုံကြည်သလို၊ သူကိုလည်း ယုံကြည်သူ ပေါများပါလိမ့်မယ်။

၀၂. လိုချင်၊ ပိုင်ဆိုင်ချင်စိတ်များသူ။

ပုံပါအတိုင်း အိပ်တတ်သူကတော့ လိုချင်စိတ်၊ တက်မက်တောင့်တစိတ်များသူဖြစ်ပါလိမ့်မယ်။ အပြင်ပိုင်းကြည့်ရင်တော့ လွတ်လွတ်လပ်လပ်နေထိုင်တတ်သူဖြစ်တာကြောင့် လူချစ်လူခင်များမှာပါ။ တဖက်မှာလည်း လူတွေကို တော်တော်နဲ့ မယုံကြည်သူဖြစ်ပါလိမ့်မယ်။ တခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် တော်ရုံနဲ့ မဆုံးဖြတ်နိုင်သူပါ။ ဆုံးဖြတ်ပြီးသွားရင်တော့ လုပ်စရာရှိတာကို တည့်တည့်မတ်မတ်သာ လုပ်သွားနိုင်သူပါ။

၀၃. စည်းကမ်းအတိုင်း နေထိုင်သူ။

ပုံပါအတိုင်း အိပ်တတ်သူကတော့ သာမန်အိပ်ပုံဖြစ်တာကြောင့် စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာကျင့်သုံးရတာကို သဘောကျသူဖြစ်ပါလိမ့်မယ်။ စိတ်ဓာတ်ခိုင်မာပြီး အပျော်အရွှင် ကိစ္စတွေကို မကြိုက်သူဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့အနာဂတ်အတွက် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေသူဖြစ်ပါတယ်။

၀၄. ပွဲလမ်းသဘင် ကြိုက်သောသူ။

ပုံပါအတိုင်း အိပ်တတ်သူကတော့ ပတ်ဝန်းကျင်နဲ့ အလိုက်သင့်ပေါင်းသင်းတတ်ပြီး ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူပါ။ ပြီးတော့ အပျော်အပါး ကြိုက်နှစ်သက်သူပါ။ ဒါပင်မဲ့ သူ့မှာ အခြားသူတွေကို မပြောနိုင်တဲ့ လှိူ့ဝှက်ချက်တွေနဲ့ ပြည့်နှစ်နေတတ်ပါတယ်။ သူတပါးစကားကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။

၀၅. အပေါင်းအသင်းချစ်သူ။

ပုံပါအတိုင်း အိပ်တတ်သူကတော့ သိပ်မရှိပါ။ သူငယ်ချင်းကို အလွန်ခုံမင်တတ်သူပါ။ မိသားစုအရေးထက် သူငယ်ချင်းများအတွက် အချိန်ပေးတတ်သူပါ။

၀၆. စိတ်ပူတတ်သောသူ။

ပုံပါအတိုင်း အိပ်တတ်သူကတော့ အများစုဖြစ်ပါတယ်။ အရမ်းကို ရှက်တတ်သူဖြစ်ပြီး ပြသာနာတခုခုတတ်ပြီဆိုရင် တစိမ့်စိမ့်နဲ့ စဉ်းစားနေသူပါ။ စဉ်းစားလွန်တတ်သူဖြစ်တဲ့အတွက် စိတ်ပင်ပန်းပြီး လုပ်သင့်တဲ့ အလုပ်ကို မလုပ်နိုင်ဖြစ်သွားနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*