ဖောင်ကြီး ကိုဗစ်ဆေးရုံကြီးမှာ နွေးထွေးမှုတွေ အပြည့်နဲ့ ပီတိဖြစ်ခဲ့ရတဲ့ နေ့စွဲများ

ဖောင်ကြီး ကိုဗစ်ဆေးရုံကြီးမှာ နွေးထွေးမှုတွေ အပြည့်နဲ့ ပီတိဖြစ်ခဲ့ရတဲ့ နေ့စွဲများ…

ဖောင်ကြီးဆေးရုံ မိသားစုက ကျနော်တို့ကို နွေးထွေးစွာကြိုဆိုခဲ့ လို့ အများကြီး အဆင်ပြေခဲ့ပါတယ် (ကိုယ်တေရဲ့ စိတ်ထားပြည့်၀တဲ့ AP ကြီးမျက်နှာကြောင့် ဆိုတာတော့ ပြောဖို့မလိုဘူး ထင်ပါတယ်) ဖောင်ကြီးဆေးရုံမှာတာ၀န်ထမ်းနေကြတဲ့ လူတိုင်း level တိုင်းက လေးစားစရာ ကောင်းလွန်းကြတယ် HCP တေရော non HCP တေရောပေါ့ HCP တေရဲ့ အချင်းချင်းလေးစားမှု အလုပ်ကြိုးစားကြမှု blaming ကင်းကြပုံတေတော့ နောက်မှဘဲ စာဖွဲ့တော့မယ် (ဆက်ရန် ရှိသည်)

Non HCP အနေနဲ့ အလွန်အရေးပါတဲ့ အခန်းဂဏ္ဍ ကနေအလုပ်လုပ်နေကြတဲ့ Volunteer လူတန်းစားတရပ်အကြောင်း ပြောပြချင်တာ Covid pandemic ဟာ လူတိုင်းနဲ့ဆိုင်ချင်လည်းရသလို မဆိုင်ချင်တဲ့ လူတေအတွက် ကျန်းမာရေးနဲ့ဘဲ ဆိုင်ပါတယ်ကွာ ဆိုပီး မျက်နှာလွှဲလို့ရတဲ့ ကိစ္စ တခုပါ

Volunteer လုပ်နေတဲ့ ကလေးတေကတော့ ၀င်ပါလို့ရတဲ့ အခန်း ဂဏ္ဍကနေ တာ၀န်အကြီးကြီးယူထားတဲ့သူတေ သူတို့ရဲ့ တနေ့တာ လုပ်ဆောင်ချက်တေကို သိပီးတဲ့နောက် ကိုယ်တေ တကယ် အောချမိတယ် မနက် ၆ နာရီ ၀န်းကျင်ဆို မနက်စာ ထမင်းဘူးတေ ဝေပေးဖို့ သူတို့ လူနာဆောင်ထဲ စ၀င်ဘီ ill ဖြစ်နေတဲ့ လူနာတေတွက် ထမင်းဘူး/ ဆန်ပြုတ် ကို လူနာအရှေ့ထိ ချပေးတယ် သိမ်းစရာရှိတဲ့ အမှိုက် သရိုက်တေ သိမ်းပေးတယ် Care giver လိုတဲ့ လူနာတေကို ဆရာမလေးတေနဲ့အတူ ကူလုပ်ပေးတယ် အတွင်းအပြင် သန့်ရှင်းရေးကို စေတနာပါပါနဲ့လုပ်ပေးတယ် Covid positive လူနာဆောင် သန့်ရှင်းရေးလုပ်ကြတဲ့ သူတေက လှချင် ပချင်တဲ့ အရွယ် လူလတ်ပိုင်း လူငယ်လေးတေနော် (အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတေ ဘာသာတေလည်းစုံ လူမျိုးတေလဲစုံလို့ အများစုက MCC က ခရစ်ယာန် ဘာသာ ၀င် ကလေးတေ)

မနက်တပိုင်းပီးတော့ လူနာ အသစ်၀င်သမျှ နေရာချထားရေးကို အလှည့်ကျ လုပ်ကြတယ် လူနာတေက တနေကုန်၀င်တာနော် တခါတလေ ညလဲ ၀င်တာဘဲ လူနာတင်လာတဲ့ ambulance သမားက zero mile ရောက်ပါဘီဆို သူတို့တေ PPE စ၀တ်ပီ လာပို့တဲ့ ကားသမားတေ မစောင့်ရအောင် သူတို့က ကြိုပြင်ပေးတယ် အခန်းသန့်ရှင်းရေး ကြိုလုပ်ပေးထားတယ် (ဘယ်လောက်တောင် ချစ်စရာ ကောင်းလဲဆိုတာ) ကားသမား ကြိုမဆက်ရင်တော့ ၀င်လက်စ လူမရှိရင်စောင့်ပေါ့ (စောင့်ရလို့ပွမ်တဲ့ ကားသမားတေရယ် လူနာတေရယ် ရှိတယ်ဆိုတာတော့ ချန်ထားလိုက်ပါ့မယ်) နေ့လည်စာချိန် ရောက်ရင် နေ့လည်စာပို့ပေးတဲ့ သူကပို့ပေါ့ နေရာချတဲ့ သူက ဆက်ချပေါ့

ညနေ ရောက်တော့ ညနေစာထမင်းပို့ရင်း လူနာမိသားစုတေက ပို့တဲ့ parcel တေကို လူနာတေ လက်ထဲရောက်အောင်တာ၀န်ယူပို့ပေးကြတယ်။ သူတို့ အတွက် တနေ့တာက ဘယ်လိုကုန်သွားတောင် မသိရတဲ့ ဖောင်ကြီးလုပ်ငန်းခွင်ပါ အဲ့လိုနဲ့ ညနေ ၆ နာရီလောက်ဆို သူတို့အချိန်ရောက်ပီ သရဖီ ktv ခတ္တာ ktv ခွာညို ktv စသည်ဖြင့် စသည်ဖြင့် အပြိုင် နော် ဟဲကြတာ (လာကြည့်စေချင်တယ် ပျော်စရာကြီး) သူတို့လည်း ပင်ပန်းမှာပေါ့ ဒါပေမယ့် နေတတ်တယ် စားတတ်တယ် (ဖြစ်သလို) စေတနာထားတတ်တယ် ပျော်တတ်တယ် ( အားကျစရာ စိတ်ထားလေးတေ) တရက်ပီးတရက် အဲ့လို နည်းနဲ့ ကျော် ဖြတ်ကြရင်း ဖောင် ကြီး ယန္တရားကြီး အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ အဓိက ကျတဲ့ နေရာက ပါ၀င်နေကြတာ။

နောက်ထပ် Volunteer တအုပ်စု ရှိသေးတယ် သူတို့ကိုယ်တိုင်က လူနာတေနော် Asymptomatic or mild symptoms သမားတေပေါ့ လူနာဖြစ်နေတဲ့ HCP ပါသလို non HCPတေလည်းပါတယ် ရေ ဆရာမတို့ကို O2 လေးတိုင်းပေးပါဦး O2 ပေးထားတာလေးအတိုးအလျော့လုပ်ပေးပါဦး Care giverလိုတဲ့ လူနာတေကို ဂရုစိုက်ပေးပါဦး

ကိုယ် အထဲမှာ မရှိတဲ့ အချိန် အကူညီတောင်းတိုင်း တက်ကြွစွာ ပျော်ရွှင်စွာလုပ်ပေးကြတဲ့ ကိုယ့်ရဲ့ ချစ်စရာ လူ တစုအကြောင်းလဲ ကြွားချင်သေးတာ ကိုယ်တေ အထဲ၀င်ရင် စကားတေကို ရေပက်မ၀င်အောင် ပြော လုပ်စရာရှိရင် ကူလုပ်ပေးကြတဲ့ တက်ကြွစိန်လေးတေ (ကိုယ်တေက PPE နဲ့ဆိုတော့ တော်တော်မွန်းနေဘီ သူတို့က လူမြင်တိုင်း ပြောချင်ကြတာ) ကိုယ်တေကို ပေးကူလို့ ကျေးဇူးတင်တာတဲ့ သူတို့က တချို့ဆို ဆေးရုံဆင်းချိန်ရောက်တာတောင် ဆက်နေပီး ကူပေးတဲ့ လူတေ ရှိတယ်ဆိုတာ လက်တွေ့ မြင်မှ ယုံနိုင်တာ

လူနာတေရှိသေးတယ် မိသားစု၀င်‌ေတကတော့ မျက်ကွယ်မှာ ထားခဲ့ရတာ ဖြစ်တဲ့တွက် ကောင်းသွားလို့ ကျေးဇူးတင်ကြသလို မကောင်းလို့ အပြစ်မြင်တာတေလဲ ဒုနဲ့ဒေးပေါ့ I’ll case ဆောင်ဆိုတော့ လူကြီးတေ များတဲ့ နေရာပေါ့ ကိုယ်က အား‌ပေးစကားပြောရင် ကိုယ့်ကို ပြန်အားပေးကြတဲ့ အဖိုးအရွယ် အဖွားအရွယ် အဖေမေ အရွယ်တေလည်း အများသား စားပြောရင်း ချောင်းတချက်ဆိုလိုက်မိရင် ဂရုစိုက်ပါ ဆရာမလို့ အကြိမ်ကြိမ် အပြောခံရတိုင်း ကြည်နူးမိတယ် စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာရော ချွတ်ခြုံ ကျနေတဲ့ လူနာက ဆရာ၀န်ကို ပြန်ဂရုစိုက်တဲ့ ဆက်ဆံရေးမျိုး (ပီတိ)

Volunteer လေးတေ အန္တရာယ် ကင်းပါစေ လူနာလေးတေ အမြန်ကျန်းမာပါစေ ဖောင်ကြီးဆေးရုံကြီး covid pandemic တလျောက်လုံး အခုလို အဆင်ပြေပြေ လည်ပတ်နိုင်ပါစေ (Khine Win)

Be the first to comment

Leave a Reply

Your email address will not be published.


*