အသီးအပုတ်တွေကို စားဖို့လိုက်ကောက်နေတဲ့ အသက် ၇၀ အဖွားကိုသနားကာ ကူညီလှူဒါန်းမှုတွေပေးခဲ့တဲ့ ဒိန်းဒေါင်

အသီးအပုတ်တွေကို စားဖို့လိုက်ကောက်နေတဲ့ အသက် ၇၀ အဖွားကိုသနားကာ ကူညီလှူဒါန်းမှုတွေပေးခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ အနုပညာလောကမှာ ရယ်စရာဟာသ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ဒိန်းဒေါင်လည်း အပါအဝင်ပါပဲနော် ။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ ဟာသအနုပညာရှင်တစ်ဦးဖြစ်ပြီး ယနေ့ထိတိုင် ပရိသတ်တွေရဲ့ အချစ်ကိုရရှိထားသူပါ ။

အလှူအတန်းလည်းအရမ်း ရက်ရောသူဖြစ်ပြီး ပရဟိတစိတ်ရှိတဲ့ ဒိန်းဒေါင်ကတော့ သူရဲ့အနုပညာကြေးလေးတွေနဲ့လည်း မကြာခဏ အလှူအတန်းပြုလုပ်ကာကုသိုလ်ယူ တတ်သူတစ်ယောက်ဖြစ်ပါတယ် ။ အဲ့လိုစိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အတုယူစရာကောင်းရလောက်အောင် အရမ်းကောင်းတဲ့ ဒိန်းဒေါင်ဟာ သဘင်ပညာမှာလည်းထူးချွန်သူတစ်ယောက်ပါပဲနော် ။

အခုရက်ပိုင်းတွေမှာလည်း တတ်နိုင်သလောက် နေရာစုံမှာ အလှူအတန်းတွေ မျိုးစုံလိုက်လုပ်ပေးနေတာလည်း တွေမြင်ရပါတယ်။ လတ်တလောမှာလည်း မကောင်းတဲ့အသီးအပုတ်တွေကို လိုက်ကောက်နေတဲ့ ၇၇ နှစ်အရွယ်အဖွားကိုတွေ့ပြီး သနားကာ အိမ်ထိလိုက်ပို့ပေးရင် အလှူငွေနဲ့ အစားအသောက်များပါ လှူဒါန်းခဲ့တဲ့ ဗီဒီယိုလေးကို ဖော်ပြထားရာ ပရိသတ်ကြီးလည်း ဒိန်းဒေါင်ရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန်မျှဝေပေးလိုက်ပါရစေ ။Dain Daung

Be the first to comment

Leave a Reply

Your email address will not be published.


*