မီးမီးခဲ ကွယ်လွန်ခြင်း (၇) ရက်မြောက်နေ့မှာပဲ ကျရောက်လာတဲ့ သမီးကြီး ဖြူဖြူစင်စင်လင်းရဲ့ (၁၁) နှစ်ပြည့်မွေးနေ့

အဆိုတော် မီးမီးခဲကတော့ သူမချစ်တဲ့ မိသားစုတွေကိုရော ပရိသတ်တွေကိုပါ အပြီးအပိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲအတွက် ကျန်ရစ်သူ မိသားစုတွေက စိတ်မကောင်းဖြစ်ကြသလို ပရိသတ်တွေကလည်း အနုပညာရှင်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရလို့ စိတ်မကောင်း ဝမ်းနည်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ မီးမီးခဲကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆) ရက်နေ့က ကွယ်လွန်သွားခဲ့တာကြောင့် ဒီကနေ့နဲ့ဆိုရင် (၁) ပတ်တိတိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလို အယူအဆနဲ့ဆိုရင်တော့ ဒီကနေ့က မီးမီးခဲရဲ့ နာရေး ရက်လည်နေ့ပဲ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဒီကနေ့ အောက်တိုဘာလ (၂၂) ရက်နေ့ကတော့ မီးမီးခဲရဲ့ သမီးအကြီးဆုံး ဖြူဖြူစင်စင်လင်း @ ဘားဘီလေးရဲ့ (၁၁) နှစ် ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖြူဖြူစင်စင်လင်းကတော့ သူမရဲ့ မိဘနှစ်ပါး တရားဝင်ကွာရှင်းပြီးကတည်းက ဖခင်ဖြစ်သူ ထူးအယ်လင်းနဲ့ နေထိုင်ခဲ့ပြီး မီးမီးခဲ မြန်မာပြည် ပြန်လာတဲ့ အချိန်တွေမှသာ အတူတူ နေထိုင်ရတာပဲ ဖြစ်ပါတယ်။

ဖြူဖြူစင်စင်လင်းကတော့ မီးမီးခဲရဲ့ အချစ်ဆုံးတွေထဲက သမီးတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ (၁) လပိုင်းကလည်း မိခင်နဲ့အတူတူ စင်ပေါ်မှာ သီချင်းဆိုဖျော်ဖြေခဲ့သေးတာ ဖြစ်ပါတယ်။ ဖြူဖြူစင်စင်လင်းလေးအတွက် မီးမီးခဲကလည်း ကောင်းရာအရပ်ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးနေမှာ သေချာပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*