သူငယ်ချင်းလင်မယား ရန်သတ်နေတယ် ကျုပ်လည်းမသိဘူး အိမ်လည်ဝင်မိတယ်လေ

သူငယ်ချင်းလင်မယား ရန်သတ်နေတယ် ကျုပ်လည်းမသိဘူး အိမ်လည်ဝင်မိတယ်လေ

မိန်းမလုပ်သူက…

“ေဩာ….ရှင်က ရှင့်ပထွေးခေါ်ထားတာကိုး” “ဟဲ့ကောင်မ… ငါမခေါ်ဘူး နင့်အကောင်ကို” Cင်…ကျုပ်ကိုပြောရက်ကြတာ စိတ်တိုတာနဲ့ လှည့်ပြန်မယ်အလုပ်
“ရှင့်လူက ခုတော့ရှောင်ပြီလေ မြင်လား ပြန်တော့မယ်” ခြေထောက်က အိမ်အပြင်ဆက်မထွက်ရဲတော့ဘူး “မင်းဘာစကားပြောတာလဲဒီကောင်က ဘာအားကိုးရလို့လဲ”

“မသိဘူးလေ…ရှင့်လူ မေးကြည့်ပေါ့” “မေးစရာမလိုဘူးကွ…အဲကောင်က စောက်ပေါ” “သိ ပြီးတာပဲရှင်” အားမနာလျှာမကျိုး ကျုပ်ကိုရှေ့ထား ပြောနေတာလေ
“စောက်စကားမများနဲ့ကွာ…မနေချင်ဆင်းသွား” “သြော်…ရှင်က ယောက်ဖအားကိုးနဲ့ ပြောပြီပေါ့” ရှိတဲ့အစ်မလည်း နှိုက်မြည်းခံရဘီ “နင်သာ လင်ငယ်လာတော့ အာခံနေတာ” Cင့်…ဖြစ်ရပြန်ပြီ လင်ငယ် တဲ့ ပြန်လို့လည်းမရ “ဟဲ့ အဲကောင်တော့ယူမနေဘူး ခွေးအမြီးဖြတ်ယူမယ် သိလား” “အေး…ယူ အဲကောင်လည်း အမြီးမပါဘူး” “ရှင် မမိုက်ရိုင်းနဲ့နော် မဟုတ်ကဟုတ်ကတွေနဲ့ပေါင်းပြီး မဟုတ်တယုတ်တွေပြောနေတယ်” ကြာတော့ ကျုပ်ကိုကျုပ် ဘာကောင်မှန်းတောင် မသိတော့ပါဘူးဗျာ

ပြေးမလို့ရှိသေး
“ဟေ့ကောင်…..မင်းမပြန်နဲ့အုန်း” “ဟင်…ငါ ငါ အရေးကြီးလို့ ပြန်ပါရစေကွာ” ဒါကို မိန်းမလုပ်သူက… “ဟဲ့ နင့်ဖအေမို့ ဇွတ်တားနေတာလား ဟမ်” “မင့်အမေ့လင်က လျှောက်ပြော ဘယ်လိုလုပ်မလဲ” “ပြောကြည့် ပါးချည်း သက်စေ့ရိုက်ပစ်မယ်” “အေး…ဟုတ်တယ်ကွာ ခေါင်းရိုက်ခွဲပစ်မယ်” ကြာတော့ မျက်ရည်မခိုင်ချင်တော့ဘူး “ငါလျှောက်လည်းမပြောပါဘူး ကတိပေးပါတယ်…နော်…နော်” “ယောင်္ကျား…သေချာစောင့်ကြည့်နော်” “အေးပါ…မိန်းမရာ ယောင်္ကျားသိပါတယ်”

“အာ့မို့ ယောင်္ကျားကို ချစ်တာ” (မွမွ) “တကယ်…” “တကယ်ပေါ့ မောင်ရာ” “မောင်လည်း အတူတူပဲနော် နေအုန်း…ဟိုကောင် ပြန်လေကွ” “အေး အေး ကျေးဇူးပဲ နော်” “ကြွ….ကြွပါရှင် ဒီမှာ ပြန်ချစ်နေတာကို အလိုက်ကန်းဆိုးကိုမသိဘူး” ခြေလျင်လျှောက်မနေတော့ဘူး
ဖိနပ်ခါးထိုး ပြေးပလိုက်တယ်

အဲ့ လင်မယားအိမ်လည်း တစ်သက်လုံးမသွားတော့ဘူး

#Crd
(ကိုဗစ်ကြီးပြီးလို့ အိမ်လည်သွားကြရင် အိမ်ထဲမဝင်ခင် အထဲကအသံလေး အရင်နားစွင့်ကြည့်ကြအုန်းနော… 😀)
AungZay

Be the first to comment

Leave a Reply

Your email address will not be published.


*