ရည်းစားရှာပေးတဲ့သူကို ဒေါ်လာ တစ်သောင်းပေးမယ်ဆိုတဲ့ အမျိုးသား

Alabama ပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူ့အတွက် ရည်းစားရှာပေးပြီး အနည်းဆုံး ၆လတိတိ တွဲနိုင်အောင် လုပ်ပေးသူ မည်သူကိုမဆို အမေရိကန်ဒေါ်လာ တစ်သောင်း ပေးမယ်လို့ ဆိုပါတယ်။

အသက် ၂၉နှစ်ရှိပြီး Birmingham မြို့ မှာ နေထိုင်သူ Ren Lu You ဟာ လွန်ခဲ့တဲ့ ၁၀လအတွင်း ချိန်းတွေ့မှုပေါင်း ၃၀ကျော်ပြုလုပ်ခဲ့သော်လည်း ပျော်စရာကောင်းတဲ့ ဆက်ဆံရေးမရရှိခဲ့တဲ့အတွက် DateRen.com ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

Harvard တက္ကသိုလ်ကျောင်းဆင်း ကိုယ်ပိုင်အစုရှယ်ယာလုပ်ငန်းရှင်You ရဲ့ ရည်းစားဖြစ်ချင်ပြီး ဒေါ်လာ တစ်သောင်း လိုချင်သူတွေအနေနဲ့ ဝက်ဘ်ဆိုဒ်မှာ ပါဝင်ခွင့်ဖောင်ကို ဖြည့်ရမှာဖြစ်ပြီး နာမည်၊ ကိုယ်ရေးအကျဉ်း နဲ့ ဓါတ်ပုံကိုပါတစ်ခါတည်း ထည်ပေးရမှာဖြစ်ပါတယ်။
သူ့ကို မိန်းကလေးတစ်ယောက်နဲ့ အနည်းဆုံး ၆လ တွဲနိုင်အောင် လုပ်ပေးနိုင်က ဒီဆုကို ရရှိမယ်လို့ဆိုပါတယ်။

“ဒါက ရိုးရိုးလေးပါ၊ စိတ်ကူးယဉ်ဆန်တဲ့အရာတွေ၊ စိတ်ပျက်စရာကောင်းတဲ့ ချိန်းတွေ့မှုတွေအတွက် အချိန်ကိုချွေတာလိုက်တာပါ။ သူငယ်ချင်းတစ်ယောက်အတွက် တစ်ခုခုလုပ်ပေးရုံနဲ့ ခင်ဗျားတို့ ပိုက်ဆံတွေရှာနိုင်တာပေါ့..ဒါပျော်စရာကောင်းပါတယ်” လို့ဆိုပါတယ်။ You က သူ့ရဲ့အစီအစဉ်က နည်းနည်းတော့ ထူးဆန်းနေပါတယ်လို့ ဝန်ခံထားပါသေးတယ်။

“ဒါပေမယ့် တစ်ရက်ကို ၁၂နာရီအလုပ်လုပ်တဲ့ ခင်ဗျားက ကျန်တဲ့အချိန်နည်းနည်းလေးကို ဘယ်လိုကုန်ဆုံးမလဲ? ခင်ဗျား ဘားမှာ တစ်ယောက်တည်း ရပ်နေမှာတော့ မဟုတ်လောက်ဘူး.. ဒီတော့ ကျွန်တော်စီစဉ်ထားတဲ့ နည်းလမ်းက ပိုပျော်ဖို့ကောင်းပါတယ်” လို့ သူက ရေးထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*