ကိုဗစ် P လူနာတွေအတွက် အားရပါးရကပြရင်း နာမည်ကြီးသွားခဲ့တဲ့ ဆရာဝန် (ရုပ်သံ)

ကိုဗစ်လူနာများအတွက် ကခုန်ဖျော်ဖြေပေးခဲ့တဲ့ အိန္ဒိယဆရာဝန်တစ်ဦးရဲ့ ဗွီဒီယိုဖိုင်ဟာ တွတ်တာမှာပျံ့နှံ့သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရှိ Silchar Medical College မှ မျက်လုံး၊ နှာခေါင်းနှင့်လည်ချောင်း (ENT) ခွဲစိတ်ဆရာဝန်ဒေါက်တာ Arup Senapati ဟာ ပုဂ္ဂိုလ်ရေး

အကာအကွယ် ပစ္စည်းကိရိယာများ (PPE) ကိုဝတ်ဆင်ပြီး ကကွက်များကို အခက်အခဲမရှိဘဲ ကပြခဲ့ပါတယ်။ Arup ရဲ့ဗွီဒီယိုကို မျှဝေခဲ့တဲ့ ဒေါက်တာ Syed Faizan Ahmad ဟာ “Arupဟာ COVID-19 လူနာများရှေ့မှာ ကခုန်ဖျော်ဖြေပေးခြင်းအားဖြင့် သူတို့အား

ပျော်ရွှင်မှုကို ခံစားစေတယ်” ဟု ပြောကြားခဲ့ပါတယ်။ ဗွီဒီယိုမှာတော့ Arup ဟာ ၂၀၁၉ ခုနှစ်၊ ဘောလီးဝုဒ်မှာ hit ဖြစ်ခဲ့တဲ့ ”War” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ဝင်တေး သီချင်းတစ်ပုဒ်ဖြစ်တဲ့ ”Ghungroo” သီချင်းကို ဟန်ချက်ညီစွာ ကခုန်နေတာကို တွေ့ရမှာပါ။

အဆိုပါဗွီဒီယိုဟာ မျှဝေပြီး တစ်ပတ်အကြာမှာတော့ ကြည့်ရှူသူပေါင်း ၅.၃ သန်း ရရှိထားပြီးဖြစ်ပါတယ်။ များစွာတဲ့လူတွေဟာ Arup ရဲ့ အကစွမ်းရည်ကို ချီးကျူးခဲ့ကြပါတယ်။ အရေးကြီးဆုံးက အခုလို ခက်ခဲတဲ့အချိန်တွေမှာ သူ့ရဲတာဝန်ကို ချစ်မြတ်နိုးခြင်းကြောင့်လည်း

ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုသူတွေက ”သူဟာ အရမ်းကောင်းတယ်။ ဒီစမ်းသပ်မှုကာလမှာ သူနှင့် ရှေ့တန်းစစ်သည်များ အားလုံးကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အားလုံး ကျေးဇူးတင်ပါတယ်။” ”ဒီလူကို လေးစားတယ်၊ လေးလံတဲ့ အဝတ်အစားကိုဝတ်ပြီး

အက,ကပြခဲ့တယ်၊ အေးချမ်းနေတဲ့ ရာသီဥတုနဲ့ ဆေးရုံမှာလုပ်နေရတယ်၊ အရမ်းလေးစားတယ်။” စတဲ့ ဂုဏ်ပြုစကားများစွာကို ရေးသားပေးခဲ့ကြပါတယ်။ အခုလိုရောဂါကာလမှာ ရှေ့တန်းကနေ ကာကွယ်ပေးနေကြတဲ့ ရှေ့တန်းစစ်သည်တွေလည်း ဒေါက်တာ Arup လို

စိတ်လွတ်ကိုယ်လွတ် ကခုန်ရင်း စိတ်၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုတွေ နည်းနည်းလေးဘဲဖြစ်ဖြစ် ပြေပျောက်သွားနိုင်မယ်လို့လည်း မျှော်လင့်မိသလို ရောဂါဝေသနာခံစားနေကြရတဲ့ လူနာတွေလည်း စိတ်ဓါတ်ကြံခိုင်စွာ အားတင်းထားနိုင်ပါစေလို့လည်း ဆုတောင်းနေမိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*