
Bodyguard တွေဆိုတာ သာမန်လူတွေအတွက် မလိုအပ်ပေမယ့် KPop Idol တွေအတွက်အလွန်ကိုလိုအပ်တဲ့သူတွေဖြစ်ပြီး သူတို့ဟာ Idol တွေကို ၂၄ နာရီပတ်လုံးလိုက်လံစောင့်ရှောက်ပေးနေရတဲ့သူတွေ ဖြစ်ပါတယ်။ Idol တွေအတွက်ကတော့ Bodyguard တွေဆိုတာ သူတို့ရဲ့လုံခြုံရေးတွေအနေနှင့်သာမကပဲ သူတို့အတွက်အဖော်မွန်ကောင်းတွေ၊ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေ ပုံစံမျိုးလည်းဖြစ်နေတတ်ပါတယ်။ နာမည်ကြီးတဲ့ Idol တွေနဲ့ခိုင်မာတဲ့ရင်းနှီးမှုတွေရှိကြတဲ့ Bodyguard တွေထဲက တချို့ကို ကြည့်လိုက်ပါဦး ။
(1) Mr Park (IU’s Bodyguard)
Mr Park ဟာ ဒီစာရင်းထဲမှာ နာမည်ကြီးပြီး ဆုံးကနေ နေရာယူထားမှာဖြစ်ပါတယ်။ Mr Park ဟာ IU နဲ့အတူရှိနေတာ (၆) နှစ်ကျော်ရှိခဲ့ပြီဖြစ်ပြီး သူတို့ရဲ့ ရင်းနှီးမှုကတော့ သိပ်အထူးအထွေပြောစရာမလိုအောင်ကိုပဲ အားလုံးပဲသိနေကြလောက်မှာပါ။
IU ရဲ့လုံခြုံရေးအတွက်သာမကပဲ IU တစ်ယောက်စင်ပေါ်ကဆင်းချင်တဲ့အခါ ချီပြီးအောက်ကိုချပေးတာမျိုးတွေ၊ နေပူနေတဲ့အခါမျိုးတွေမှာ သူ့ကိုယ်လုံးနဲ့ IU ကိုကာကွယ်ပေးထားတာမျိုးတွေ၊ IU ရဲ့အဝတ်အစားတိုနေတဲ့အခါမျိုးတွေမှာ သူ့အင်္ကျီနဲ့လိုက်လံဖုံးပေးတာမျိုးတွေ အစရှိတဲ့ အဆင်မပြေတဲ့အခြေအနေမျိုးတွေမှာလည်း လိုက်လံကူညီပေးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
IU အတွက်တော့ Mr Park ဟာ Bodyguard တစ်ယောက်ဆိုတာထက် အုပ်ထိန်းသူတစ်ယောက်ဆက်ဆံရေးပုံစံရှိတယ်လို့တောင် ဆိုကြပါတယ်။
(2) BTS အဖွဲ့ဝင် V ရဲ့ Bodyguard and Manager
BTS အဖွဲ့ဝင်တွေအကုန်လုံးကတော့ သူတို့ရဲ့ဝန်ထမ်းတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြသူတွေဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ V ဟာ သူ့ရဲ့ Manager, Bodyguard တွေနှင့်အတော်ကို ရင်းရင်းနှီးနှီးရှိတဲ့သူတစ်ယောက်ဖြစ်ကြောင်း မြင်တွေ့ရနိုင်ပါတယ်။
လေဆိပ်တွေနှင့် အရမ်းလူကြပ်နေတဲ့ နေရာတွေမှာဆိုရင် Bodyguarတွေရဲ့လက်ကိုကိုင်ထားတတ်တာ၊ သူ့ရဲ့ Manager ဟာလည်း V ရဲ့အနားမှာ Bodyguard တစ်ယောက်လိုပဲအမြဲရှိနေတတ်တာ နှင့် သူတို့တွေဟာ V နှင့်အတူ ရယ်ရယ်မောမောရှိနေတတ်တာတွေက သူတို့ဟာ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေဆိုတာ သက်သေခံနေပါတယ်။
(3) Kim Tae Soo (Minzy’s Bodyguard)
2NE1 အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Minzy ရဲ့ Bodyguard ကတော့ သူနဲ့ Minzy ဟာ အတော်ရင်းနှီးတဲ့သူတွေဖြစ်တာကို Social Media ပေါ်မှာတွေ့ရတတ်တဲ့ နှစ်ယောက်သားရဲ့ ဓါတ်ပုံလေးတွေကိုကြည့်ရင် သိနိုင်ပါတယ်။
သူတို့နှစ်ယောက်ဟာ မကြာခဏဆိုသလို အပျော်တမ်းဓါတ်ပုံလေးတွေရိုက်ပြီး Social Media ပေါ်တင်ပေးတတ်ကြတဲ့ ချစ်စရာရင်းနှီးမှုလေးတွေရှိကြသူတွေဖြစ်ပါတယ်။
(4) Jeon Somi ရဲ့ Bodyguards
Somi ရဲ့ Bodygurard တွေဟာ Somi တစ်ယောက် I.O.I မှာရှိနေစဉ်ကတည်းက စောင့်ရှောက်ပေးနေခဲ့တာဖြစ်ပြီး သူတို့တွေကြားမှာ ခိုင်မာတဲ့ရင်းနှီးမှုတွေရှိနေကြသူတွေဖြစ်ပါတယ်။
သူ့ရဲ့ Bodyguard တစ်ယောက်ဖြစ်တဲ့ ‘ahjussi bodyguard’ လို့လူသိများတဲ့တစ်ယောက်ဆိုလျှင် Publi Event တွေမှာ Somi ရဲ့လုံခြုံရေးအတွက်သာမကပဲ မိုးရွာတဲ့အချိန်ထီးမိုးပေးတတ်တာတွေ၊ Somi တစ်ယောက်အတိုလေးတွေဝတ်လာတဲ့အခါမျိုးမှာ Camera တွေကနေ ပညာသားပါပါကာကွယ်ပေးတာတွေအထိပါလိုက်လံကူညီပေးခဲ့သူဖြစ်ပါတယ်။
Source: koreaboo
Leave a Reply