
အသံအေးအေးနဲ့ သီချင်းအမိုက်စားတွေကို သီဆိုသူကတော့ အဆိုတော်ဟဲလေးပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေ များစွာရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဟဲလေးဟာ သီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသား သီဆိုသူတစ်ဦးလည်း ဖြစ်ပါတယ်။
သူဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဟဲလေးဟာ ဇနီးဖြစ်သူကိုလည်း တန်ဖိုးထားချစ်ခင်သူဖြစ်တာကြောင့် ပရိသတ်တွေအားလုံးကလည်း
ကြည်နူးအားကျနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ဟဲလေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဇနီးဖြစ်သူအတွက် ဝမ်းသာစရာအကြောင်းလေးတစ်ခု ရေးသားထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ချစ်ဇနီးအတွက် မထက်ကြော်ငြာတဲ့ပစ္စည်းတွေထဲက တန်ဖိုးအရှိဆုံးအရာတစ်ခုကိုအော်ဒါမှာပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဟဲလေးကလည်း ” မထက်ကြော်ငြာတဲ့စိန်တွေရွှေတွေ..ကားတွေတော့.
.ကိုဗစ်ပြီးရင်မိန်းမကိုဝယ်ပေးမယ်လို့ အခုတော့..သူအဓိဌာန်ဝင်နေတဲ့ကာလဆိုတော့..ဘုရားပူဇော်ဖို့အတွက်…မထက်ကြော်ငြာတဲ့အောင်သိဒ္ဓိအမွှေးတိုင်အထုပ်၁၅၀၀အော်ဒါမှာပေးထားတယ်
ကံပွင့်..စန်းပွင့်…လာဘ်ရွှင်..ဆော်ကြည်..ထီပေါက်” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက်ရပါတယ်နော်။
Leave a Reply