သင်္ဃန်းကျွန်း Music Zone KTV က တစ်ရက်ထဲနဲ့ ပိုးတွေ့လူနာ ၇၃ ယောက်ရှိနေ

သင်္ဃန်းကျွန်း Music Zone KTV က တစ်ရက်ထဲနဲ့ ပိုးတွေ့လူနာ ၇၃ ယောက်ရှိနေ

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ မှာ သင်္ဃန်းကျွန်းက ပိုးတွေ့ လူနာသစ် ၇၃ ယောက်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲ့ဒီ ပိုးတွေ့လူနာ ၇၃ ယောက်စလုံးဟာ သင်္ဃန်းကျွန်းမြို.နယ် သုမင်္ဂလာလမ်းပေါ်က Music Zone KTV က ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

“အကုန်လုံးMusic Zone ကပါ။ဆက်စပ်ပြီးကူးခံရတာပါ။”ဟု သင်္ဃန်းကျွန်းမြို.နယ် ကျန်းမာရေးမှူး ဒေါက်တာစောအောင်ရွှေဖြူက ဆိုကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Music Zone ဟာ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာဖွင့်လှစ်ထားပြီး၊စားသောက်ဆိုင်၊စင်တင်တေးဂီတနဲ့ KTV ပါတွဲပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။

လူနေထူထပ်တဲ့ ရန်ကုန်မှာတော့ ပိုးတွေ့လူနာအရေအတွက်ဟာ စက်တင်ဘာလ၉ရက် မနက်ပိုင်းအထိ စုစုပေါင်းအတည်ပြုလူနာအရေအတွက်ဟာ ၉၇၁ယောက်အထိရှိသွားပါပြီ။

 

ZawGyi






Be the first to comment

Leave a Reply

Your email address will not be published.


*