အေး နင်တို့က အခုမှ မထက် မထက် ဖြစ်နေတာ… ငါတို့က

အေး နင်တို့က အခုမှ မထက် မထက် ဖြစ်နေတာ။ငါတို့ဆို ကျောင်းသုံးဗလာစာအုပ်ကအစ မထက် ကြေငြာတဲ့ လက်ရေးလည်းလှတယ်၊
အသားချောတယ်ဆိုတဲ့ အီးယား အီးယား အို Arrowတို့ TTTဗလာစာအုပ်တို့နဲ့ရေးမှစာမေးပွဲအောင်မယ်ထင်တဲ့ကောင်။ရေးတဲ့ ဘော့ပင်က Boss တို့ Superရိန်းနိုးတို့။

ကျောင်းမုန့်စားဆင်းရင် Veveမကျီးအရသာ ချဉ်ချိုချိုလေးသောက်ရင်းGood Morning ပေါင်မုန့်လေး စားလိုက်ရမှ။လက်သုတ်တဲ့တစ်ရှုးကOrchid Tissue ပေါ့လေ။ အတန်းထဲမုန့်ခိုးစားဖို့ အုန်းသီးပေါင်မုန့် ပဲပေါင်မုန့် ဝယ်လာတာမပါသေးဘူး။အတန်းပိုင်ဆရာမကိုကန်တော့တာတောင် Super Coffee mixတို့ mikko ကွေကာတို့ Energy ကွေကာတို့ရွှေပုစွန် ကိတ်တို့ Butter Cakeတို့ နဲ့ကန်တော့မှ စိတ်ချမ်းသာတာနော်။ဒါတောင် ဘော်ဒါတွေနက်အအေးဆိုင်ထိုင်ရင် Max တို့ Fantastic အချိုရည်တို့ အားပေးတာမပါသေးဘူး။

ဆောင်းတွင်းအသားပက်မှာဆိုးမီလပ်စ်သံပုရာခြမ်းစနိုးလိမ်းရတာအမော။အရင်ခေတ်က Skin Care ပေါ့။ဆောင်တော်ကူးသနပ်ခါးတို့၊ ရွှေပြည်နန်းသနပ်ခါးတို့ကမှာမွှေးတာဆိုလား။ မိုးတွင်းရောက်လို့ အအေးမိပြီးဖျားပြီဆို မောရိယမန်းဆေးသောက်ရင် နောက်နေ့ကျောင်းပြန်တက်လို့ရပြီပဲ။ကျောင်းအကျီ ၤ အဖြူတွေဖားဥစွဲသလား ပြသနာမရှိ Rose ဆပ်ပြာမှုန့် နဲ့ဆိုပြောင်တယ်။ အဲ့တာ Rose ရဲ့အစွမ်းပေါ့ နဲနဲလေးမှ ပူနက်ပူနက် ဆိုတာမျိုး 😁 ခေါင်းလျှော်ရည်များ Ginvera တို့ Beauty ခေါင်းလျှော်ရည်တို့ ရွှေတရော်တို့ Follow me တို့
ဗီဒီယိုရုံတွေထဲလိုက်ဝေဖူးလို့ရပေမယ့်

ဪ မထက်ကြေငြာတာပါလားဆိုပြီး အခုထိ သုံးဆဲ။ ရေချိုးခေါင်းလျှော်ပြီးရင်တော့ ထောလပတ်ရွက်တွေနဲ့ပြုလုပ်ထားတဲ့ မြရတနာခေါင်းလိမ်းဆီလေးလိမ်းပေါ့။Doru cream မိတ်ကပ်ကတော့ မထက်လိုပိုလှလာမလားဆိုပြီး ကိုယ်ကြိုက်တဲ့ကောင်မလေး ကိုပေးမိပါတယ်။မသာမကလှမလာပဲ ပြာနှမ်းနေတာ (ဘယ်လောက်တောင်လိမ်းလိုက်လဲမသိ)။ထက်ထက်အသဲစွဲအမြဲပဲသုံးတာ ဘိုချီ ပါဆိုတာကိုနားမလည်တာ။

မြို့မဆင်ဖြူတော် ငရုတ်သီးမှုန့်တို့ ဘုတ်ဆုံမငရုတ်သီးမှုန့်တို့ချစ်ချစ်ယိုစုံတို့၊မီးလေးယိုစုံတို့၊တြိရတန ဆေးသနပ်ခါးတို့၊ကံပွင့်တို့၊လိုတရအမွှေးတိုင်တို့နဲ့ဘုရားမှာဆုတောင်းလိုက်ရတာအမော။ပြောရရင်တော့ အပရိုဒိုက် နုတ်ခမ်းနီတို့ Coffee & me တို့ မြင့်မြင့်ခင်တို့ တင်တင်အေးတို့မြသီတာလက်ဖက်နဲ့အကြော်စုံတို့ သန့်စင်ဆပ်ပြာမှုန့်တို့ E Lanဆပ်ပြာမှုန့် OSOဆပ်ပြာမှုန့်တို့ OMO ဆပ်ပြာမှုန့်တို့ကုန်ဖွယ်မထင်ပါဘူး။

ရွှေဆိုင်စိန်ဆိုင်တွေတော့ သက်သက်ချန်ထားခဲ့တယ် သက်လား။(မဝယ်နိုင်လို့ 😁)

တစ်ခုတော့ရှိတာပေါ့နွေနှင့်မိုးဆောင်းဘယ်လိုပြောင်းလဲ ရှောင်လွှဲမရ ထာဝရမို့ ပြစ်မျိုးလွတ်ရာ ရာသီတိုင်းမှာ အန်းလီ ပါဆိုတာတော့ ငါမသုံးဖူးခဲ့တဲ့အပြင် နားမလည်ခဲ့တာတော့အမှန် 😁 နောက်ပိုင်းတော့ ဘေဘီဗိုက်တာကလေးများအားတိုးဆေးတို့ အိုဗီမင်ဘာတို့ တော့ ဝယ်သုံးရအုံးမယ်ထင်ဘာဒယ် 😁 နန်းတွင်းသမားတော်ဦးလှကျော်ဆေးတို့၊ အေးငြိမ်းသီတာတို့၊ရုပ်ပျိုတိုင်းရင်ဆေးတို့၊ဖြူစင်မေတ္တာတို့တော့ဆောင်ထားရဒယ်။ဒါမှမယုံသေးရင်လည်း ဗိုလ်ချုပ်ဈေးသစ်က ဝယ်လာတဲ့ မထက်ပိုစတာပေါ် ငါ့ပုံသေးသေးလေး ကပ်ထားတဲ့ ငါ့အိမ်နံရံသာလာကြည့်လှည့်။

အေးအဲ့ခေတ်က facebook မရှိလို့နော် ရှိရင်ငါတို့က Top Fan၊Hardcore Fan ပဲ။အခုမှ စိန်လေး တစ်ပွင့်နှစ်ပွင့် ကားလေးတစ်စီးနှစ်စီးဝယ်နိုင်တာနက် မထက်ကိုချစ်လိုက်တာလုပ်မနေနက် ဟမ့် 😏 ငါတို့ကမှ တစ်ဘဝလုံးအားပေးလာတဲ့ Top Fan 😎😁😂

#ထက်နိုင်စိုး😎

Be the first to comment

Leave a Reply

Your email address will not be published.


*