
သရုပ်ဆောင် သံစဉ်မောင်နဲ့ နေဒွေးတို့ကတော့ ချစ်သူတွေအဖြစ်ကနေ ပြတ်ဆဲခဲ့ပြီးတဲ့နောက်မှာ တရားရင်ဆိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ သံစဉ်မောင်နဲ့ နေဒွေးကတော့ သူတို့ရဲ့ ဆရာ ဂျွန်လွင် ကြားဝင်ညှိနှိုင်းပေးမှုနဲ့ တရားဆွဲဆိုမှုကို ကြေအေးခဲ့ကြပြီး ကိုယ်ပိုင်ဘဝတွေအနေနဲ့ သီးသီးသန့်သန့်နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ နေဒွေးဘက်ကလည်း သရုပ်ဆောင် သံစဉ်မောင်က အမှုကြေအေးပေးပြီး ပြန်လည်ဆက်သွယ်လာပြီး ညှိုနှိုင်းထားတဲ့ ကတိတွေကို ဖောက်ဖျက်ခဲ့တယ်လို့ ဆိုလာပါတယ်။
အဆိုပါ အကြောင်းနဲ့ ပက်သတ်ပြီး သရုပ်ဆောင် သံစဉ်မောင်ရဲ့ အစ်မဖြစ်သူ ဘေဘီမောင်ကလည်း တုံ့ပြန်ပြောဆိုခဲ့ပြီး ညီမဖြစ်သူဘက်ကနေ ရပ်တည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၂၁) ရက်နေ့ နေ့လည်ပိုင်းမှာတော့ ဘေဘီမောင်က ညီမလေး သံစဉ်မောင်နဲ့ နေဒွေးတို့ရဲ့ ဖြစ်ကြောင်းကုန်စင်ကိုပြောလာပြီး ညီမလေး သံစဉ်မောင်ကိုသာမကပဲ မိသားစုတစ်စုလုံးကို စော်ကားပြောဆိုမှုတွေ ရပ်တံ့ဖို့ Live လွှင့်ပြီးပြောလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
ဘေဘီမောင်ကတော့ အစ်မကြီး အမိရာပီပီ ညီမလေးဘက်ကနေ အမှန်တရားတစ်ခုကို ထုတ်ဖော်ပြောကာ ဒေါသမျက်ရည်တွေ ကျဆင်းခဲ့တဲ့အထိ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Posted by Baby Maung on Wednesday, October 21, 2020
Leave a Reply