ရှုတ်လွန်းတဲ့သမီးငယ်လေးကို တိပ်နဲ့ကြမ်းပြင်မှာကပ်ထားပြီး အလုပ်အေးဆေးလုပ်နေခဲ့တဲ့ ဖခင်

အချို့သောနိုင်ငံတွေမှာ အသွားအလာ ကန့်သတ်မှုတွေပြုလုပ်ထားဆဲဖြစ်လို့ အလုပ်သမားများဟာလည်း လုပ်ငန်းခွင်သို့မသွားတော့ဘဲ နေအိမ်တွင်သာ ပုံမှန်အတိုင်းအလုပ်လုပ်နေကြရတာပါ ။ အချို့သောသူတွေကတော့ မိသားစုဝင်တွေနဲ့ရှိနေလို့ အလုပ်လုပ်ရတာကိုကြိုက်နှစ်သက်ကြပေမဲ့ အချို့သောသူတွေကတော့ ကလေးငယ်တွေကရှုတ်လွန်းပြီးအနှောင့်အယှက်ပေးလွန်းလို့ အလုပ်ကောင်းကောင်းမလုပ်ရတဲ့သူတွေလည်းရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက ကလေးအဖေတစ်ယောက်ဟာ အလုပ်လုပ်နေတုန်း သူ၏သမီးငယ်လေးက အတော်လေးကိုအနှောင့်အယှက်ပေးလို့ဆိုပြီး သမီးငယ်လေးမလှုပ်ရှားနိုင်အောင် ကြမ်းပြင်ပေါ်မှာကလေးငယ်ကိုတိပ်နှင့်ကပ်ထားခဲ့ပါတော့တယ် ။

အပြစ်ကင်းစင်လွန်းတဲ့သမီးငယ်လေးရဲ့အဖြစ်ကို မိခင်ဖြစ်သူက ဓာတ်ပုံအများအပြားရိုက်ကူးထားခဲ့ပြီး social media ပေါ်မှာဝေမျှခဲ့ပါတယ် ။ သမီးငယ်လေးဟာ အသက် 3နှစ်အရွယ်ဝန်းကျင်ခန့်ရှိပြီး ၊ ကြမ်းပြင်ပေါ်မှာ ခေါင်းအုံးလေးနှင့်အတူ အိပ်ခိုင်းထားပြီး တိပ်နဲ့ကပ်ထားခံခဲ့ရတာပါ ။ တစ်ဖက်မှာတော့ ဖခင်ဖြစ်သူက Laptop တစ်ခုဖြင့် အလုပ်လုပ်နေလျက်ရှိပါတယ် ။

အဆိုပါအဖြစ်အပျက်လေးကို မိခင်ဖြစ်သူက ” အမေကဟင်းချက်တယ် ၊ အဖေက အလုပ်လုပ်နေတယ် ၊ သမီးငယ်လေးကတော့ ကြမ်းပြင်ပေါ်မှာလှဲအိပ်နေတယ် ” ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံကိုဝေမျှခဲ့တာပါ ။ ထို့အပြင်” သမီးလေးကဆိုးလွန်းလို့ သူ့အဖေကိုသွားမရှုတ်အောင် သူ့အဖေကတိပ်နဲ့ကြမ်းပြင်ပေါ်မှာကပ်ထားခဲ့တာပါ “ဆိုပြီးတော့လည်း ကလေးငယ်ရဲ့မိခင်က ပြောပြခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*