ကျားကိုးစီး စားမကုန်တဲ့ ခန္တာကိုယ်နဲ့ နာမည်ကျော်အလေးမ မော်ဒယ်လည်း ကိုဗစ်ကြောင့် သေတယ်နော်

Follower ၁ သန်းရှိတဲ့ယူကရိန်းနိုင်ငံသား ကာယကြံ့ခိုင်ရေးမော်ဒယ် ဒီမီထရီ စတပ်ဟုဇ် တယောက် ကိုဗစ်၁၉ဆိုတာမရှိပါဘုးလို့ယုံကြည်ထင်မှတ်ထားခဲ့ရာကတူရကီနိုင်ငံကိုသွားရောက်လည်ပါတ်ရာမှာရောဂါပိုးကူးစက်ခံရပြီးသေဆုံးခဲ့ပါတယ်။

အင်စတာဂရမ် လူမှုကွန်ယက်မှာ နောက်လိုက် ၁ သန်းရှိတဲ့ နာမည်ကျော် ကြံ့ခိုင်ရေးကစားသမားဟာ အသက် ၃၃ နှစ်အရွယ်မှာပဲ သူမရှိဘူး(သူ့ကိုတော့ဖြင့်ဘယ်တော့မှဒုက္ခပေးနိုင်မှာမဟုတ်ဘူး)လို့ထင်ခဲ့တဲ့ရောဂါပိုးကူးစက်ခံရပြီးသေဆုံးသွားခဲ့တာပါ။အင်မတန်ကျန်းမာသန်စွမ်းတဲ့သူ့ရဲ့ကိုယ်ကာယကိုကြည့်ပြီးဘယ်သူကမှအခုလိုဖြစ်လိမ့်မယ်ထင်ကြမှာမဟုတ်ပါဘူး။ဆေးရုံပေါ်ရောက်ပြီးအောက်စီဂျင်ရှူနေရတော့မှသူက ဒီရောဂါကိုသတိထားဖို့အထူးအလေးအနက်သတိပေးခဲ့ပါတယ်။


လူနာတွေပြည့်ကျပ်နေတဲ့ ယူကရိန်းနိုင်ငံကိယက်ဗ်မြို့ကဆေးရုံမှာ ၈ ရက်ကြာပြီးနောက်သူ့ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပြီးနာရီပိုင်းအတွင်းမှာပဲသူ့အခြေအနေဆိုးဝါးလာလို့ဆေးရုံပြန်သွားခဲ့ပေမယ့်သူ့အသက်ကိုမကယ်လိုက်ခဲ့နိုင်တော့ပါဘူး။ါကြောင့်အထူးသတိထားပါ၊ကျန်တာကတော့ကိုယ့်ရဲ့ကံပါပဲ။ရောဂါကူးချင်ကူးမယ်၊မကူးချင်မကူးဘူး။ကူးရင်လဲသေချင်မှသေမယ်၊မသေချင်မသေပါဘူး။တတ်နိုင်သလောက်တော့မကူးအောင်နေပါ။

ဆေးရုံမှ

Be the first to comment

Leave a Reply

Your email address will not be published.


*