နိုင်ငံခြားသားများ အံ့ဩခဲ့ရတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)ဒူဘိုင်းမြို့ jumeirah Creekside Hotel မှာကျင်းပတဲ့ 2020 ကြိုတင်မဲပေးပွဲ

UAE နိုင်ငံမှာ မြန်မာသံရုံးမရှိပါ။ မဲပေးဖို့အတွက် ဆော်ဒီအာရေးဗီးယားမှာရှိတဲ့ မြန်မာသံရုံးကဝန်ထမ်းတွေကို ဒူဘိုင်းကိုမဲလာယူဖို့အတွက်ဖိတ်ရပါတယ်။


ဖိတ်တဲ့အတွက် ဟော်တယ်နေရေးထိုင်ရေး မဲပေးဖို့ နေရာ ကျင်းပတဲ့ကုန်ကြစရိတ်တွေ မဲလာပေးမဲ့လူဦးရေ ၅၀၀ကျော်လောက်အတွက် ကော်ဖီ မုန့် လဘက်ရည် ရေသန့် စုရပ်တွေအတွက် ကြိုပို့လုပ်ပေးရမဲ့ကားတွေ ဒီကုန်ကြစရိတ်တွေ အတွက် ယူအေးအီးရောက် မြန်မာမိသားစု မောင်နှမတွေ စုပေါင်းငွေနဲ့ လုပ်ရပါတယ်။ ကိုဗစ်ကာလာဖြစ်တဲ့ အတွက်အရမ်းခက်ခဲကြပါတယ်။
နိုင်ငံခြားသားတွေက မေးကြတယ် မင်းတို့အကြိုမဲပေးပွဲက မင်းတို့နိုင်ငံကအစိုးရက အကုန်အကျခံတာလားတဲ့။ မဟုတ်ပါဘူး ငါတို့ငွေနဲ့ အကုန်အကျခံလုပ်တာပါလို့ ပြောတော့ ဒါကအစိုးရကလုပ်ရမှာ မင်းတို့က အရူးတွေပဲတဲ့ ဘာလို့အကုန်ခံတာလဲတဲ့ နဲတဲ့ငွေမှမဟုတ်တာတဲ့။


ဒါနဲ့ကျနော်ပြောလိုက်ပါတယ်။ ငါတို့ လိုချင်တဲ့ အစိုးရကိုရဖို့ ငါတို့မှာတာဝန်ရှိတယ်လို့ အစိုးရကို ဝိုင်းဝန်းကူညီဖို့‌အရေးကြီးတယ်။ နေရာတကာတိုင်း အစိုးရဘာလုပ်ပေးမလဲ ထိုင်‌စောင့်နေဖို့မလိုဘူး။ ငါတို့ဘက်ကလဲ အစိုးရကို ဘယ်လို ပြန်ကူညီပေးနိုင်မလဲဆိုတာလဲ အရေးကြီးတယ်လို့ ပြောလိုက်တော့ သူတို့က အံ့ဩတဲ့အကြည့်နဲ့ ကြည့်နေကြတယ်။ငါတို့နိုင်ငံတိုးတက်ဖို့ ဒီမိုကရေစီအစိုးရ ပြည်သူ့အစိုးရ ငါတို့နိုင်ငံမှာ ရပ်တည်နိုင်ဖို့ ရှင်သန်နိုင်ဖို့ အရေးကြီးတယ်။


ဒါကြောင့် ငါ့တို့မှာတာဝန်အများကြီးရှိတယ်လို့ပြောတော့။လေးစားပါတယ်တဲ့ မင်းတို့ရဲ့ နိင်ငံရေးခံယူချက်နဲ့ စိတ်ဓါတ်ကို ဂုဏ်ယူပါတယ်တဲ့ဗျာ။တကယ်တော့ ကျနော်တို့ ပြည်ပရောက်မြန်မာတွေဟာ မြန်မာနိင်ငံကို တိုးတက်စေချင်တဲ့ စိတ်က ပြည်တွင်းကလူတွေထက်ပြင်းထန်ကြပါတယ်။

စင်္ကာပူကမြန်မာတွေဆိုရင် လေယာဉ်စင်းလုံးငှားပြီးတော့တောင် မြန်မာနိုင်ငံကို မဲပြန်ပေးတာ။ ဒါဟာပေါ်ပြူလာဖြစ်ချင်လို့မဟုတ်ဘူး။ တိုင်းပြည်ချစ်တဲ့စိတ် တိုးတက်စေချင်တဲ့စိတ်ကြောင့် ဒီလိုတွေလုပ်ကြရတာ ငါတို့ရဲ့မဲတပြားက ငါတို့အစိုးရကို ထောက်ပံ့နိုင်‌တယ်ဆ်ိုတာရယ် ငါတို့လိုချင်တဲ့ တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ NLD အစိုးရသာလျှင် တိုင်းပြည်ကို ခေါင်းဆောင်နိုင်မယ်ဆိုတာသိတဲ့ အတွက်ကြောင့် သူတို့ မဲပေးခဲ့ကြတာ။ပြည်ပမှာတိုးတက်နေတာတွေ နေ့တိုင်း ကြည့်ပြီးမြင်ပြီး ငါတို့နိုင်ငံက ငါတို့လူမျိူးတွေလဲ ဒီလိုဘဝတွေကို ရစေချင်တယ်ဆိုတဲ့ မျိူးချစ်စိတ်တခုတည်းနဲ့ အခက်အခဲတွေကို ကျော်လွှားပြီးမဲပေးကြရတာပါ။


ကျနော်က ဗုဒ္ဓဘာသာပဲ ဒါပေမယ့် အမျိူးဘာသာအော် ပြီး တိုင်းပြည်ရှိတာရောင်းစား မိသားစုလိုက် ချမ်းသာနေကြတဲ့ သူခိုးတွေ ပြန်မလာဖို့ကိုတော့ NLD ကိုမဲပေးရမှာပဲ။စိတ်မကောင်းစွာနဲ့ ပဲပြောရပါမယ်။ မြန်မာနိုင်ငံမှာ အမျိူးဘာသာအော်ပြီး NLD အစိုးရဖြစ်ရင် ဗုဒ္ဓဘာသာ ပျောက်တော့မှာ ဘာညာပြောနေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအသိ အနည်းငယ်တောင်မရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို ပြောချင်ပါတယ်၊ ဘယ်နိုင်ငံမှာမဆို ဘာသာရေးမှိုင်းရှိပါတယ်။ ဘာသာရေးမှိုင်းက အသိပညာမဲ့တဲ့ လူတန်းစားထဲမှာပဲ ရှင်သန်ပါတယ်။
ကမ္ဘာပေါ်မှာ ဘာသာရေးပဋိပက္ခ ရှိတဲ့ နိုင်ငံတိုင်း မတိုးတက်ပါဘူး။ ပြဿနာပေါင်းများစွာနဲ့ လူမှုရေး ကျန်းမာရေး စီးပွားရေး အစစအရာရာချိူ့တဲ့နိမ့်ကျပြီး လူမွဲတိုင်းပြည်ဖြစ်ကြရတာ ထုံးစံပါပဲ။

ဒါတွေကို သတိတရားနဲ့ဆင်ခြင်နိင်ကြရင် မြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးပြီးတိုးတက်တဲ့နိုင်ငံဖြစ်လာမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*