အတင်းတုပ်ခြင်းဖြင့်ရလာမယ့် အကျိုးကျေးဇူးများ

မိန်းကလေးတော်တော်များများဟာ မွေးရာပါ အတင်းပြောရတာကို နှစ်သက်သူတွေဖြစ်ကြပါတယ်။ သူများမကောင်းကြောင်းကို တမင်လုပ်ကြံဖန်တီးပြီး ကောလာဟလပြောဆိုတာမျိုးမဟုတ်ဘဲ စိတ်သန့်သန့်နဲ့ အတင်းတုပ်ခြင်းဟာ အကျိုးကျေးဇူးအများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

(၁) စိတ်ပေါ့ပါးသွားခြင်း
စိတ်ထဲမှာရှိတဲ့အရာတွေကို မြိုသိပ်ထားရတာ အရမ်းပင်ပန်းပါတယ်။ ဒါကြောင့်မို့လို့ စိတ်ထဲမှာ မြိုသိပ်မထားဘဲ ဖွင့်ချလိုက်တာ ကောင်းပါတယ်။ သူများအကြောင်းတွေရော၊ ကိုယ့်အကြောင်းတွေရော၊ မကောင်းတာတွေရော အားလုံးကို ဖွင့်ချလိုက်ရင် အရမ်းကိုစိတ်ပေါ့ပါးသွားမှာပါ။ သုတေသနတစ်ခုမှာ ဖော်ပြထားတာကတော့ အတင်းအမြဲပြောတဲ့ မိန်းကလေးတွေဆီမှာ စိတ်ကျရောဂါဖြစ်ပွားမှုနှုန်း ပိုနည်းတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

(၂) Update ဖြစ်ခြင်း
အတင်းအမြဲတုပ်တဲ့မိန်းကလေးတွေဟာ သူများတွေထက် အများကြီး ပိုပြီး Update ဖြစ်တာကို တွေ့ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အသစ်သစ်သော အကြောင်းအရာတွေကို သူမာျးတွေထက်ပိုသိသလို ပိုပြီးလည်း နှံ့စပ်တာကို တွေ့ရပါတယ်။ သူတို့မသိတဲ့အကြောင်းအရာ မရှိသလောက်ကို နည်းပါးပါတယ်။ အကြောင်းကတော့ သူငယ်ချင်းတွေနဲ့ အမြဲတမ်း သတင်းတွေဖလှယ်နေကြလို့ဖြစ်ပါတယ်။

(၃) ဆင်ခြင်နိုင်စွမ်းရှိလာတယ်
အတင်းတုပ်တဲ့ မိန်းကလေးတွေဟာ ဘယ်သူက ဘာလုပ်တယ်၊ ဘယ်သူကခြေလှမ်းတွေ မှားနေတယ်၊ ဘယ်သူက လူပြောစရာဖြစ်ပြီး ဘယ်သူက လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတယ်ဆိုတာတွေကို သိနေကြပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ဘယ်လိုနေရင်လူပြောခံရမယ်၊ ဘယ်လိုနေရင် လူတွေချီးကျူးခံရမယ်ဆိုတာ ကောင်းကောင်း သိနေတတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ အနေအထိုင်၊ အပြောအဆိုလွတ်အောင် နေတတ်ကြပါတယ်။

(၄) ပိုစည်းလုံးကြတယ်
အတင်းတူတူတုပ်ဖော်တုပ်ဖက်သူငယ်ချင်းတွေဟာ သူများတွေထက် ပိုပြီးစည်းလုံးကြတာကို တွေ့ရပါတယ်။ အကြောင်းကတော့ အကြောင်းအရာတစ်ခုခုအပေါ်မြင်တဲ့ အမြင်တွေကို ဖလှယ်ပြီး တက်ညီလက်ညီဆွေးနွေးတိုင်ပင် နေကြလို့ပါပဲ။ ဒီလိုအတင်းတုပ်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် စကားပြောချိန်ပိုရပြီး၊ စိတ်ထဲရှိတဲ့အရာကို ရင်ဖွင့်တိုင်ပင်ချိန်ပိုရတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးစည်းလုံးလာကြပါတယ်။

(၅) လူတွေအကြောင်းပိုသိတယ်
အတင်းတုပ်တဲ့ကောင်မလေးတွေဟာ လူတွေအကြောင်းပိုပြီး သိကြပါတယ်။ ဘယ်သူက လူကောင်းဟန်ဆောင်နေတာ၊ ဘယ်သူကတော့ တကယ်ကောင်းတာ၊ ဘယ်သူကတော့ ဘယ်လိုအကျင့်ရှိတယ်ဆိုတာတွေ အားလုံးကို အတင်းတုပ်ရာကတစ်ဆင့် သိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်သူတွေကို သတိထားရမယ်၊ ဘယ်သူတွေကို စိတ်ရင်းနဲ့ပေါင်းရမယ်ဆိုတာ ကောင်းကောင်းသိပြီးသား ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ သူတို့တွေဟာ လူကဲခတ်အတော်ဆုံးတွေဆိုလည်း မမှားပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*